အီရတ်နယ်စပ်မှ ဖြတ်ကျော်လာသည့် စစ်သွေးကြွကိုးဦးကို အီရန်တပ်ဖွဲ့က သုတ်သင်

အီရတ်နိုင်ငံနယ်စပ် အနီး နိုင်ငံအနောက်မြောက်ပိုင်း ၌ လုံခြုံရေးစစ်ဆင်ရေးတစ်ခု ဆောင်ရွက်ရာ စစ်သွေးကြွကိုးဦး ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ဇွန်လ ၉ ရက်တွင် ပြောသည်။

IRGC ထုတ်ပြန်ချက်တစ်ခု အရ ယင်းစစ်သွေးကြွများသည် ဇွန်လ ၈ ရက်က အီရန်နိုင်ငံနယ် စပ်ထဲသို့ မဖြတ်ကျော်မီ အီရတ် နိုင်ငံမြောက်ပိုင်း၌ တိုက်ခိုက်ရန် စီစဉ်ခဲ့သည်ဟု ဆိုသည်။


‘‘အီရတ်မြောက်ပိုင်းမှာရှိတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ ခေါင်း ဆောင်ပိုင်းတွေဆီကနေ အကြမ်း ဖက်အဖွဲ့ဝင်တွေဟာ ညွှန်ကြား ချက်တွေ လက်ခံရရှိခဲ့ပါတယ်။ သူတို့က အီရန်ထဲကို ဝင်ရောက် ပြီးတဲ့နောက် အကြမ်းဖက်မှုနဲ့ လုံခြုံရေးပျက်ပြားစေမယ့် လုပ် ရပ်တွေကို ဆောင်ရွက်ဖို့ သေချာ အသေးစိတ် စီစဉ်ထားပါတယ်’’ ဟု ယင်းထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

အဆိုပါ စစ်သွေးကြွများ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိသော်လည်း ‘အကြမ်းဖက်သမားများ’ ဆိုသော စကားစုသည် IRGC အနေဖြင့် ရှီးဟိုက်အီရန်၏ အဓိကရန်သူ ဆွန်နီမွတ်စလင် စစ်သွေးကြွများ ကို ယေဘုယျဆိုလိုသည်။

နိုင်ငံအနောက်မြောက်ပိုင်း အိုရှာနဗီးရှ်မြို့၌ ပြုလုပ်သော ယင်းလုံခြုံရေး စစ်ဆင်ရေးတွင် မိမိတို့ဘက်က ထိခိုက်ဒဏ်ရာနှင့် အသေအပျောက်မရှိဟု IRGC က ပြောသည်။

အီရတ်နှင့် အီရန်နယ်စပ် သည် အတားအဆီးမရှိဘဲ လုံခြုံ ရေးလျော့ရဲပြီး နှစ်နိုင်ငံလုံခြုံရေး တပ်ဖွဲ့ဝင်များကြား ပူးပေါင်း ဆောင်ရွက်မှု အနည်းငယ်သာရှိ သည်။

၂၀၁၇ ဇွန်လက အိုင်အက်စ် စစ်သွေးကြွများသည် အီရန်မြို့ တော် တီဟီရန်ရှိ ပါလီမန်အ ဆောက်အအုံနှင့် အီရန်တော်လှန်ရေးခေါင်းဆောင် ခိုမေနီ၏ ဂူဗိမာန်ကို တစ်ပြိုင်နက်တိုက် ခိုက်ရာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့သည်။

—Ref: Reuters

Top News