ဂျပန်နိုင်ငံတွင် ကျည်ဆန်ရထားပေါ်၌ ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွား လူတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဂျပန်နိုင်ငံတွင် ကျည် ဆန်ရထားပေါ်၌ ဖြစ်ပွားသည့် ဓားဖြင့်တိုက်ခိုက်မှုအတွင်း ခရီးသည်တစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိပြီးနောက် သံသယရှိ အမျိုးသားတစ်ဦးကို ဖမ်းဆီးထား ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

စနေနေ့ ဒေသစံတော်ချိန် ည ၁၀ နာရီက တိုကျိုမှ အိုဆာ ကာသို့သွားသော ရှင်ကာဆန် ရထားတစ်စီးပေါ်တွင် ယင်းတိုက် ခိုက်မှုဖြစ်ပွားခဲ့သည်။


တိုက်ခိုက်မှုဖြစ်ပွားပြီး အိုဒါ ဝါရာဘူတာရုံတွင် ရထားရပ်ချိန် ရဲတပ်ဖွဲ့က ရထားတွဲကို ဝင် ရောက်ရှင်းလင်းပြီးနောက် သံသ ယရှိသူကို ဖမ်းဆီးခဲ့သည်။

တိုက်ခိုက်မှုဖြစ်ချိန်က ယင်း ရထားပေါ်တွင် ခရီးသည် ၈၀၀ ကျော် လိုက်ပါလာသည်။

အမျိုးသားခရီးသည်တစ်ဦး ကို လည်ပင်း၌ ဓားဒဏ်ရာများ ဖြင့် ဆေးရုံသို့ တင်ပို့ခဲ့သော် လည်း သေဆုံးခဲ့သည်ဟု အရာရှိ များက ပြောသည်။

 အခြား ဒဏ်ရာရသူနှစ်ဦး သည် အမျိုးသမီးများဖြစ်ကြောင်း ပြည်တွင်းသတင်းများက ဖော်ပြ သည်။

 အီချီရိုကိုဂျီမာဟုခေါ်သော အသက် (၂၂)နှစ်အရွယ် သံသယ ရှိသူကို လူသတ်ရန် ကြိုးပမ်းမှု သံသယဖြင့် ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီ သတင်းဌာနအား ပြောသည်။

ယင်းကဲ့သို့ ဖြစ်ရပ်မျိုးသည်ဖွံ့ဖြိုးပြီးနိုင်ငံများအနက် အကြမ်း ဖက်ရာဇဝတ်မှုနှုန်း အနည်းဆုံး တစ်နိုင်ငံဖြစ်သော ဂျပန်တွင် ကြုံ ခဲသော ဖြစ်ရပ်ဖြစ်သည်။

၂၀၁၅ က အမျိုးသားတစ် ဦးသည် ကျည်ဆန်ရထားပေါ်တွင် ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ ခဲ့သည်။

ယင်းဖြစ်ရပ်အတွင်း ရထား တွဲ၌ မီးလောင်ပြီး မီးခိုးများ ကြောင့် အမျိုးသမီးခရီးသည်တစ် ဦး သေဆုံးကာ လူ ၂၀ ကျော် ထိ ခိုက်ဒဏ်ရာရခဲ့သည်။

Ref: BBC

Top News