MLM ကုမ္ပဏီများ ဖြည့်စွက်စာရောင်းရာတွင် ကင်ဆာနှင့် အခြားရောဂါများ ပျောက်သည်ဟု ပြောဆိုရောင်းချပါက FDA ထောက်ခံချက်ပြန်သိမ်းမည်

ဆင့်ပွားစီးပွားရေးလုပ် ငန်းစနစ် (MLM)ကုမ္ပဏီများအနေဖြင့် ဓာတ်စာ (ဖြည့်စွက်စာ)များကို ကင်ဆာနှင့် အခြားရောဂါ များ ပျောက်ကင်းကြောင်း ပြောဆို ရောင်းချပါက FDA ထောက်ခံ ချက် ပြန်လည်ရုပ်သိမ်းမည်ဟု မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါက်တာမင်းဝန်က ပြောသည်။


‘‘ဒီပစ္စည်းတွေကို ပေးသွင်း ခွင့်ပြုလိုက်ကတည်းက သူ့ကို ပေးသွင်းခွင့်ပြုတဲ့ ထောက်ခံချက် စာ ရွက်မှာ ပါပြီးသားပေါ့နော်။ ဒီဟာတွေကို ကျန်းမာရေးအတွက် ရောဂါပျောက်တယ်တို့၊ ဘာတို့ ပြောပြီး မရောင်းချရဘူးဆိုတာကို တစ်ခါတည်း စည်းကမ်းချက်က ပါပြီးသားပေါ့။ ဒါကိုဖောက်ဖျက် နေတယ်ဆိုရင် ကျွန်တော်တို့ပေး ထားတဲ့ ထောက်ခံချက်ကို ပြန် သိမ်းလို့ရတယ်’’ဟု ဒေါက်တာ မင်းဝန်က ပြောသည်။

 ပြည်တွင်း၌ အစားအ သောက်နှင့် လူသုံးကုန်များ ရောင်းချနေသည့် MLM ကုမ္ပဏီများကို FDA က ၂၀၁၆-၁၇ တွင် စစ်ဆေးခဲ့ပြီး FDA ၌ တရားဝင် မှတ်ပုံတင်ခြင်းမရှိဘဲ အစားအသောက် နှင့် ကုန်ပစ္စည်းများ တင်သွင်း ရောင်းချသည့် ကုမ္ပဏီလေးခုကို အမျိုးသားအစားအသောက် ဥပ ဒေပုဒ်မဖြင့် တရားစွဲဆိုထား သည်။

လက်ရှိ၌ ဈေးကွက်အတွင်း ရောင်းချနေသည့် ဓာတ်စာ (ဖြည့်စွက်စာ)များကို FDA က လိုက် လံစစ်ဆေးနေပြီး တရားမဝင်တင်သွင်းထားသည့် ပစ္စည်းများဖြစ်ပါ က စုံစမ်းအရေးယူရန် သက်ဆိုင်

ရာ ကုန်သွယ်ဌာနကို အကြောင်း ကြားမည်ဟု ၎င်းက ပြောသည်။

MLM ကုမ္ပဏီအချို့သည် ၎င်းတို့၏ ကုန်ပစ္စည်းနှင့် ဓာတ်စာ များကို ရောင်းချရာ၌ ကင်ဆာနှင့် အခြားရောဂါများ ပျောက်ကင်း စေသည့် ဆေးအဖြစ် ပြောဆို ရောင်းချမှုရှိကြောင်း ဆင့်ပွား စီးပွားရေးစနစ် ဆန့်ကျင်ရေး (Anti MLM) အသိပညာပေးရေး သားသူ ဦးရဲမျိုးသန့်က ပြော သည်။

နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ဓာတ်စာ (ဖြည့်စွက်စာ)အဖြစ် တင်သွင်းရာ၌ နို့မှုန့်ကဲ့သို့ ကုန် ပစ္စည်းများတွင် သောက်သုံးရ မည့်အခြေအနေနှင့် အသက်အ ရွယ်ကို မြန်မာဘာသာဖြင့် ဖော်ပြ ရကြောင်း၊ MLM ကုမ္ပဏီအချို့မှ ဓာတ်စာများတွင် မြန်မာဘာသာဖြင့် မဖော်ပြဘဲ ထိုင်းဘာသာဖြင့် ရေးထားသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

More in News Section

Top News