ကမ္ဘာ့ဖလားပြီးလျှင် နိုင်ငံ့လက်ရွေးစင်မှ မက်ဆီအနားယူဖွယ်ရှိ၊ ပေါ်တူဂီအသင်း ဖလားရလျှင်ပင် ဆက်လက်ကစားမည်ဟု ရော်နယ်ဒိုဆို

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် နိုင်ငံတကာဘောလုံးလောကမှ အနားယူဖွယ်ရှိ ကြောင်း အာဂျင်တီးနားအသင်း တိုက်စစ်မှူးမက်ဆီက အရိပ်အမြွက်ပြောကြားစဉ် ၎င်း၏ ပြိုင်ဘက် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားရလျှင် နိုင်ငံကိုယ်စားပြု၍ ဆက်လက်ကစားမည်ဟု ပြော သည်။


အာဂျင်တီးနားလက်ရွေးစင် အသင်းနှင့်အတူ မက်ဆီသည် ဗိုလ်လုပွဲသို့ လေးကြိမ်တိုင် ရောက်ခဲ့သော်လည်း ဆုဖလားမရရှိဖူးသေးပေ။ ၂၀၁၆ ကိုပါဖလား ဗိုလ်လုပွဲတွင် ချီလီကို ရှုံးနိမ့်ခဲ့ပြီးနောက် သုံးနှစ်အတွင်း ဗိုလ်လုပွဲသုံးကြိမ်ရှုံးနိမ့်၍ မက်ဆီသည် လက်ရွေးစင်အသင်းမှ အနားယူကြောင်း ရုတ်တရက်ကြေညာခဲ့ သည်။ မက်ဆီက အာဂျင်တီးနားမီဒီယာများ၏ ဝေဖန်မှုနှင့် ဗိုလ်လုပွဲသုံးကြိမ် ရှုံးနိမ့်မှုကြောင့် စိတ်ပျက်ခြင်းတို့ကို အကြောင်းပြခဲ့ သည်။ သို့သော် ခြောက်လကြာပြီးနောက် ယင်းဆုံးဖြတ်ချက်ကို ပြန်ပြင်ကာ မက်ဆီသည် အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရေး ကူညီပေးခဲ့သည်။

ကမ္ဘာ့ဖလားပြီးလျှင် အနား ယူမည်လားဟု မေးမြန်းရာတွင် မက်ဆီက ‘‘ကျွန်တော် မသိသေး ဘူး။ ဒါက ကျွန်တော်တို့ (၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ) ဘယ်လိုလုပ်နိုင်လဲ၊ ဘယ်လိုအဆုံးသတ်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်’’ဟု ဖြေကြားသည်။

 အာဂျင်တီးနားအတွက် ၁၂၄ ပွဲတွင် ၆၄ ဂိုးသွင်းယူထား သည့် ထာဝရဂိုးသွင်းရှင် မက်ဆီ သည် ကမ္ဘာ့အကောင်းဆုံးကစား သမားဆု ငါးကြိမ်ရထားသော် လည်း နိုင်ငံအသင်းအတွက် အဓိကဆုဖလားရအောင် စွမ်း ဆောင်နိုင်ခြင်း မရှိသေးပေ။

ထိုအတောအတွင်း အသက် (၃၃)နှစ်ရှိပြီဖြစ်သော ရော်နယ်ဒို က ငယ်ဘဝအိပ်မက်ဖြစ်သည့် ကမ္ဘာ့ဖလားကို ပေါ်တူဂီနှင့်အတူ ယခုနှစ်ရရှိပါက ၎င်းအနေဖြင့် နိုင်ငံတကာ ဘောလုံးအတွက် ပေးဆပ်စရာ များစွာရှိနေဆဲဖြစ် ကြောင်း ပြောသည်။

‘‘ကျွန်တော် ကမ္ဘာ့ဖလားရ ရင် အနားယူဖို့ အချိန်ကျပြီလို့ ကစားသမားတချို့က ထင် ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့  ကျွန်တော် ရည်မှန်းချက်ကြီးပါ တယ်။ ဒီအားကစားအတွက် ကျွန်တော့်မှာ ပေးဆပ်စရာတွေ အများကြီးရှိနေတုန်းပါ’’ဟု ၎င်းက ပြောသည်။

ပေါ်တူဂီသည် စပိန်၊ မော်ရိုကို၊ အီရန်တို့နှင့် တွေ့မည်ဖြစ် သည်။       

—Ref: Daily Mail

Top News