အရာတော်မြို့နယ်အတွင်း အမှုကြီးများဖြစ်ပွားခဲ့၍ မှုခင်းကျဆင်းရေး အသိပညာပေးဆောင်ရွက်

အရာတော်မြို့နယ်တွင် အမှုကြီးများဖြစ်ပွားခဲ့၍ မှုခင်းကျ ဆင်းရေး အသိပညာပေးဆောင် ရွက်ခဲ့ကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီးသန်းဝင်းက ပြော သည်။

ယခုနှစ် မေလနှင့်ဇွန်လဆန်း ပိုင်းတွင် အမှုကြီးသုံးမှု ဆက် တိုက်ဖြစ်ပွားသဖြင့် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးဦးဆောင်၍ မှုခင်းကျ ဆင်းရေး အသိပညာပေးဟော ပြောပွဲကို ဇွန်လ ၁၀ ရက်က အရာတော်မြို့နယ် ဇရစ်ကျေးရွာအုပ်စု ကူးတို့ကိုင်းကျေးရွာ မူလတန်း လွန်ကျောင်းတွင် ကျင်းပခဲ့သည်။

‘‘မြို့တိုင်း၊ ရွာတိုင်း ခရိုင် မှူး၊ မြို့နယ်မှူး၊ စခန်းမှူးတွေ မှု ခင်းအသိပညာပေး ဟောပြောပွဲ တွေ ကျင်းပဖို့ ညွှန်ကြားထား တယ်။ မှုခင်းအသိပညာပေးအနေ နဲ့ လုပ်နေတာကြာပြီ။ မူးယစ် ဆေးဝါး၊ သက်ငယ်မုဒိမ်းနဲ့ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိ ပညာပေးကျောင်းတွေမှာ လုပ် နေတာ။ အရာတော်မြို့နယ်အ တွင်းက အမှုကြီး ဖြစ်ပွားခဲ့တဲ့အ တွက် ကျေးရွာလူထု မှုခင်းအသိ ပညာရရှိပြီး မှုခင်းကျဆင်းစေဖို့ ဆောင်ရွက်ခဲ့တာပါ’’ဟု ဒုရဲမှူး ကြီးသန်းဝင်းက ပြောသည်။

အဆိုပါ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲသို့ ဒေသခံ ၂၀၀ ကျော် တက်ရောက် ပြီး မှုခင်းဖြစ်ပွားမှုနှင့်ပတ်သက် ၍ ဆွေးနွေးဟောပြောခဲ့ကြောင်း ၎င်းကပြောသည်။

အရာတော်မြို့နယ်တွင် မေလ ၁၉ ရက်က မိခင်ကို ပေါက်တူးဖြင့် ခုတ်သတ်သည့်အမှု တစ်မှု၊ ဇွန်လ ၂ ရက်တွင် အသက်(၅၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်လူသတ်သည့် အ မှုတစ်မှုနှင့် ဇွန်လ ၆ ရက်တွင် အရက်သောက်နေသည့် အမျိုးသားတစ်ဦး အသတ်ခံရမှု  ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အလားတူ မုံရွာမြို့နယ်အ တွင်း လူစည်ကားရာ ဈေး၊ ကျောင်းနှင့် ဘုရားစေတီများအနီး တွင် မှုခင်းအသိပညာပေး ပြခန်း ယာဉ်ဖြင့် မှုခင်းဖြစ်စဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေများ၊ သက်ငယ်မုဒိမ်းမှုများ၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစသည့် အသိပညာ ပေး လုပ်ငန်းများကို ဇွန်လဆန်း ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးကျင် စိန်က ပြောသည်။

More in News Section

Top News