ကျိုက်ထိုမြို့နယ်အတွင်း မိုးသက်လေပြင်းကျ၍ နေအိမ်အချို့ပျက်စီး

ကျိုက်ထိုမြို့နယ်တွင် ဇွန် လ ၁၀ ရက်နေ့လယ်နှင့်ညနေက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် တစ်လုံးပြိုကျကာ ရှစ်လုံး ခေါင်မိုး လန်ပျက်စီးခဲ့ကြောင်း မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖက္ကလိပ်ကျေးရွာတွင် အိမ် တစ်လုံးပြိုကျကာ အိမ်နှစ်လုံးနှင့် သိမ်ဇရပ်ကျေးရွာမှ အိမ်ခြောက် လုံးခေါင်မိုးလန်ပျက်စီး၍ ဆုံးရှုံးမှုတန်ဖိုးကျပ် ၂၅ သိန်းခန့်ရှိကြောင်း ၎င်းက ပြောသည်။

‘‘လေပြင်းကြောင့် ပြိုကျ ပျက်စီးခဲ့သော လူနေအိမ်တွေအ တွက် ကယ်ဆယ်ရေးပစ္စည်းတွေ၊ ဆန်ရိက္ခာနဲ့ ပျက်စီးမှုအလိုက် ပြု ပြင်စရိတ်တွေကို အချိန်မီသွား ရောက်ကူညီထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်’’ဟု သထုံခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန ဦးစီးမှူး ဦးစည်သူစိုးက ပြောကြားသည်။

ပြိုကျသည့် အိမ်တစ်လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း ၁၅ မျိုး၊ ကဲလ်မြန်မာအဖွဲ့က လှူဒါန်းသည့် ကျား၊ မ အသုံးအ ဆောင် ပစ္စည်းတစ်ထုပ်၊ ရေပုံးနှစ် ပုံးနှင့် အိမ်ဆောက်ပစ္စည်းဖိုး ကျပ် နှစ်သိန်းထောက်ပံ့ခဲ့သည်။

ထို့ပြင် ခေါင်မိုးလန်ပျက်စီးခဲ့ သည့်အိမ်ရှစ်လုံးအတွက် တစ် အိမ်လျှင် ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ကျပ်ကိုးသောင်းနှင့် အဆိုပါ လူနေအိမ်ကိုးလုံးရှိ အိမ်ထောင်စုဝင် ၄၉ ဦးအတွက် ခုနစ်ရက်စာ ဆန်ဖိုးကျပ်တစ်သိန်းခန့် အပါအဝင် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကျော်ကို ဇွန်လ ၁၁ ရက် နေ့လယ်တွင် သွားရောက် ကူညီထောက်ပံ့ခဲ့ ကြောင်း ဦးစည်သူစိုးက ပြော သည်။

 မွန်ပြည်နယ် သထုံမြို့ နယ် ရန်ကုန်-မော်လမြိုင်အဝေး ပြေးလမ်းပေါ်တွင်လည်း ဇွန် ၁၀ ရက် ည ၁၁ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များ ပြိုလဲပျက်စီးခဲ့ကြောင်း သထုံမြို့မ ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၇ တွင် မွန်ပြည်နယ်၌ မီးဘေး၊ ရေဘေး စသည့် သဘာဝဘေးအန္တရာယ် ၄၄ ကြိမ် ကျရောက်ပြီး နေအိမ် ၁၇၈ လုံး ပျက်စီးကာ လူငါးဦးသေဆုံး၍ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ပျက်စီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းငါးရာကျော်ရှိကြောင်း ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှတ်တမ်းများတွင် ဖော်ပြထား သည်။

More in News Section

Top News