ထိပ်သီးတွေ့ဆုံပွဲကျင်းပရန် စင်ကာပူအစိုးရက ကန်ဒေါ်လာ သန်း ၂၀ ခန့် သုံးစွဲ

ဒေါ်နယ်ထရန့်နှင့် ကင်ဂျုံအန် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ Orchard လမ်းမကြီးတွင် လုံခြုံရေးယူထားသော အထူးရဲတပ်ဖွဲ့ဝင်များ (Feline Lim/REUTERS)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်တို့ ယနေ့ကျင်းပမည့် သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲကျင်းပရန် ကန်ဒေါ်လာ သန်း ၂၀ ခန့် သုံးစွဲမည်ဖြစ်ပြီး ယင်းပမာဏထက်ဝက်ကျော် ကို လုံခြုံရေးအတွက် အသုံးပြု မည်ဖြစ်ကြောင်း၊ ယင်းမှာ ၎င်းတို့၏ နက်ရှိုင်းသော အကျိုးစီးပွား ဖြစ်သည့် နိုင်ငံတကာ ကြိုးပမ်း အားထုတ်မှုများကြောင့် မိမိတို့ ပံ့ပိုးကူညီမှုဖြစ်ကြောင်း စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ဇွန်လ ၁၁ ရက်တွင် ပြောသည်။

‘‘ဒါက ကျွန်တော်တို့ ပေးဖို့ စိတ်အားထက်သန်တဲ့ ကုန်ကျ စရိတ်ပါ’’ဟု လီရှန်လွန်းက ပြော သည်။


ထရန့်နှင့် ကင်ဂျုံအန်ကြား ပထမဆုံးတွေ့ဆုံမည့် ယနေ့ ဆွေးနွေးပွဲသည် လမ်းကြောင်း သစ်ပေါ်တွင် ကိုရီးယားကျွန်း ဆွယ်၌ ဖွံ့ဖြိုးတိုးတက်မှုများ ချမှတ်ရန် အလားအလာရှိကြောင်း လီကပြောသည်။

 စင်ကာပူသည် ယင်းနှစ် နိုင်ငံစလုံးနှင့် သံတမန်အဆက် အသွယ်ရှိသော နိုင်ငံအနည်းစု တွင် ပါဝင်သည်။

ဆန်တိုဆာ အပန်းဖြေကျွန်း ရှိ Capella ဟိုတယ်၌ ကျင်းပ မည့် ယခုထိပ်သီးတွေ့ဆုံပွဲသည် စင်ကာပူက နိုင်ငံတကာအခမ်း အနား လက်ခံဆောင်ရွက်ခဲ့သမျှ အထင်ရှားဆုံး လုံခြုံရေးစစ်ဆင် ရေးဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဘာလာကရစ်ရှနန်က ပြောကြားပြီး စစ်တပ်၊ရဲတပ်၊ အဖွဲ့အစည်းများနှင့် အ ရာရာကို အသင့်တပ်ဖြန့်ထား ကြောင်းဆိုသည်။

ထိပ်သီးတွေ့ဆုံပွဲ မတိုင်မီ ယမန်နေ့ မွန်းလွဲက ထရန့်သည် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်ထံ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယား သမ္မတရုံးကပြောသည်။

 ခေါင်းဆောင်နှစ်ဦးသည် မြောက်ကိုရီးယား၏ နျူလက်နက် ဖြုတ်သိမ်းရေးကိစ္စများကို ဆွေး နွေးခဲ့သည်ဟု တောင်ကိုရီးယား အခြေစိုက် ယွန်ဟပ်သတင်းအေ ဂျင်စီက ဖော်ပြသည်။

ထိုအတောအတွင်း မြောက် ကိုရီးယား၏ အတိတ်လုပ်ရပ်ကို အနာဂတ်အပြုအမူ ကြိုးစားခန့်မှန်းရာတွင် အသုံးမပြုသင့် ကြောင်း မြောက်ကိုရီးယားနှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၌ ကျင်းပ ခဲ့သော ဝိုင်းဖွဲ့ဆွေးနွေးမှုအတွင်း မွန်ဂျေအင်၏ အမျိုးသားလုံခြုံရေးအထူးအကြံပေး မွန်ချောင် အင်ကပြောသည်။

ယနေ့ တွေ့ဆုံဆွေးနွေးမှု များသည် မြောက်ကိုရီးယား နျူ လက်နက်များနှင့် ဒုံးကျည်အစီ အစဉ်များ အဆုံးသတ်ရန် ဗဟိုပြု ပြီး အပြန်အလှန်အားဖြင့် အမေ ရိကန်က မြောက်ကိုရီးယားအား သံတမန်ရေးနှင့် စီးပွားရေးမက် လုံးများပေးမည်ဟု မျှော်လင့်ထား သည်။  

—Ref: The Straits Times/cna/reuters

Top News