ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အမျိုးသားငါးဦး သေနတ်ဖြင့်ပစ်သတ်ခံရ

(AFP)

 အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ထိုင်းနိုင်ငံ တောင်ပိုင်းတွင် မွတ်စလင် ဥပုသ်လ ကုန်ဆုံးခါနီး ပဋိပက္ခ များ မြင့်တက်လာစဉ် ဇွန်လ ၁၁ ရက် နံနက်အစောက အမျိုးသား ငါးဦး သေနတ်ဖြင့် ပစ်သတ်ခံရ သည်။

ယာလာပြည်နယ် ဘန်နန် ဆာတာခရိုင်ရှိ အိမ်တစ်လုံးပြင်ပ တွင် ဦးခေါင်း၌ ကျည်ဆန်ဒဏ်ရာ ဖြင့် သေဆုံးနေသော အလောင်း များ တွေ့ရှိခဲ့သည်။


‘‘မှောင်ခိုစီးပွားရေးနဲ့ ပတ် သက်ပြီး အငြင်းပွားမှုတစ်ခု ကြောင့် ဒီလိုပစ်ခတ်သတ်ဖြတ် တယ်လို့ ကျွန်တော်တို့ ယူဆပါ တယ်’’ဟု ဗိုလ်မှူးကြီး အာကီ ပေါင်ဝါဒန်က ပြောသည်။

သေဆုံးသူငါးဦးအနက် နှစ် ဦးသည် ထိုအိမ်ပိုင်ရှင်များဖြစ်ပြီး ကျန်သုံးဦးသည် အိမ်နီးချင်းများ ဖြစ်ကြောင်း အာကီပေါင်က ပြော သည်။

 စစ်သွေးကြွများက ဘန် ကောက်အစိုးရထံမှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရန် ကြိုးပမ်းသော ၂၀၁၄ ကတည်းက ပဋိပက္ခများ ဖြစ်ပွားရာ ထိုင်းနိုင်ငံတောင်ပိုင်း ပြည်နယ်များတွင် လူ ၇,၀၀၀ ခန့် သေဆုံးခဲ့သည်။    

—Ref: AFP

Top News