တန်ဖိုးရှိသော အရင်းအမြစ်တွေ ဖြစ်လာစေဖို့

သူတို့မိသားစုကို ကျွန်တော်သတိထား မိတာ ကာလအားဖြင့် အ တော်ကလေး ကြာခဲ့ပြီ။ တိတိကျ ကျဆို ၂၀၁၆ ခုနှစ်လောက်က တည်းက ဖြစ်သည်။ မနက်မိုးလင်း၍ ကျွန်တော့်ခြံဝင်း အ၀င် ကွန်က ရစ်လမ်းကလေးကို အုန်းတံမြက် စည်းဖြင့် လှည်းကျင်းသန့်ရှင်းရေး လုပ်နေပြီဆိုလျှင် သူတို့မိသားစု ကျွန်တော့်အိမ်ရှေ့က ဖြတ်သွား ပြီ။ ဖအေလုပ်သူက ကလေးတစ် ယောက်ကိုချီ၊ မအေက ဒါ့ထက် ငယ်သော ကလေးကိုခါးထစ်ခွင်၊ ကျန်သည့်ကလေးနှစ်ယောက် လောက်က အဖေ၊ အမေနှင့်အတူ မြေပေါ်က ကုန်းကြောင်းလိုက်။ နှစ်တွေပြောင်းသွားလည်း မြင် ကွင်းက မပြောင်း။ အ၀တ်အစား တွေကလည်း သည်အတိုင်း။ အ ရွယ်အစားတွေကလည်း သည်အ တိုင်း။ အဲ ... ကုန်းကြောင်းလိုက် သည့်  ကလေးကတော့ နှစ် ယောက်ကနေ၊ သုံးယောက် ဖြစ် သွားသည်။


သူတို့ဘယ်ကို သွားနေကြ သနည်း၊ ကျွန်တော်မသိ။ သူတို့ ဘယ်မှာနေကြသနည်း၊ ကျွန် တော်မသိ။ သူတို့ဘာတွေ လုပ် ကိုင်စားသောက်နေကြသနည်း၊ ကျွန်တော်မသိ။ ကျွန်တော်သိ တာတစ်ခုတော့ ရှိသည်။ သူတို့ ၏ အ၀တ်အစားတွေက စုတ်ချာ လွန်းလှသည်။ မအေလုပ်သူ၏ အ၀တ်အစားက ဦးပုည၏ ရေ သည်ပြဇာတ်ထဲကရေသည်မ ထဘီလို ‘အစပ်ကတစ်ရာ၊ အဖာက ဗရပျစ်၊ မှောင်ကျအောင်

ညစ်ပါတဲ့ ပဆစ်အိမ်’ ဖြစ်နေ သည်။ ဖအေကကော ဘာထူး သနည်း။ ‘ဗလချာချွတ်ခြုံ၊ဖွား ဖက်တော်မှ မပေါ်ရုံ၊ လုံအောင် အနိုင်ဖုံးရတယ်’ ဆိုသလိုဖြစ် သည်။ ကလေးတွေရဲ့ ပုံပန်းသွင် ပြင်လည်း ကြည့်ပါဦး။ ဖအေ၊ မအေတွေကိုယ်အပေါ်ကကလေး နှစ်ယောက်က အပေါ်အင်္ကျီသာ ပါသည်။ အောက်က မိမွေးတိုင်း၊ ဖမွေးတိုင်း။ ကုန်းကြောင်းလိုက် နေသည့် ကလေးတွေမှာလည်း တစ်ယောက်မှ ဖိနပ်မပါ။ မိသား စုအားလုံး အသားအရေမွဲမွဲ ခြောက်ခြောက်နှင့် အာဟာရချို့ တဲ့နေတာ သိသာလှသည်။ သူတို့ ကိုကြည့်ရသည်မှာ ကန္တာရကြီးထဲ က အမောတကော ဖြတ်သန်းလာ ရသည်နှင့် တူနေသည်။ နေ့စဉ် နီးပါး သူတို့မိသားစုကို တွေ့နေ ရင်းမှ ကျွန်တော့်စိတ်ထဲမှာကျွန်  တော်တို့နိုင်ငံ  ၂၁ ရာစုထဲရောက် နေတာမှ ဟုတ်ရဲ့လားဟု တွေးမိ ၏။

ပြီးခဲ့သည့် မေလဆန်း လောက်က ကျွန်တော့်အိမ်ကို ရေနံချေးသုတ်ရန် တပည့်တစ် ယောက်ကို အလုပ်သမား ရှာခိုင်း လိုက်သည်။ ညနေမိုးချုပ်စတွင် တပည့်နှင့်အတူ ရေနံသုတ်မည့် အလုပ်သမားပါလာသည်။ အိမ် ထဲဝင်လာလို့ ကြည့်လိုက်တော့ နံနက်တိုင်း ကျွန်တော့်အိမ်ရှေ့က ဖြတ်သွားနေကျ မိသားစုထဲက ဖအေလုပ်သူ ဖြစ်နေသည်။ ကျွန် တော်က သုတ်ရမည့် နေရာတွေ လိုက်ပြ၊ ခန့်မှန်းခြေသုတ်ရမည့် ဧရိယာအကျယ်အ၀န်းတွက်ပြ တော့ သူက ‘‘တွက်မနေပါနဲ့၊ ဒီအိမ်လောက်ဆို တစ်ပုံး(ဆယ် ပိဿာ) ပါပဲ။ မနက်ကျ ရေနံချေး သာ ၀ယ်ထားလိုက်။ ၇ နာရီခွဲအ ရောက်လာခဲ့မယ်’’ဟု သူ့လုပ်ငန်း သူပိုင်နိုင်ကျွမ်းကျင်နေသည့် လေ သံဖြင့် ပြောသည်။ ကျွန်တော်က ‘‘သုတ်ခဘယ်လောက်လဲ’’ဟု မေး တော့ ‘‘တစ်ပုံးတစ်သောင်း’’ဟု အေးဆေးတည်ငြိမ်စွာ ပြောသည်။ကျွန်တော်က ‘‘စရန်ပေးရဦးမ လား’’ဆိုတော့ ‘‘မနက်ဖြန်အလုပ် ပြီးမှ တစ်ခါတည်းပေးလေ’’ဟု ဆိုကာ ထပြန်သွားလေသည်။

သူပြန်သွားတော့မှ ကျန်ခဲ့ သည့်တပည့်ကို သူ့အကြောင်း မေးရသည်။ သူ့အမည်က ကိုဘ အေး။ နေတာက ဘုရားကြီးအ နောက်ဘက်ကရွာရဲ့နောက်ဖေး တန်းမှာနေသည်။ မိန်းမက သူနှင့် အသက်တော်တော်ကွာသည်။ အသက်ကြီးမှ အိမ်ထောင်ကျပြီး မွေးထားသည့်ကလေးက ခြောက် ယောက်ဟုဆို၏။ အကြီးဆုံးသား မှ (၁၃)နှစ်ဆိုတော့ အငယ်က လေးငါးယောက်၏ အသက်တွေ တွက်သာကြည့်ကြပေရော့။ ၂ နှစ်တစ်ယောက်နှုန်းမွေးထားပုံရ သည်။ ဒါကြောင့် သူတို့မိသားစု ကို ကျွန်တော်တွေ့စက ကုန်း ကြောင်းလိုက်သည့်ကလေးက နှစ်ယောက်။ ယခု ၂ နှစ်ကြာတော့ သုံးယောက် ဖြစ်သွားခြင်းဖြစ် မည်။ အကြီးဆုံးသားက ဘုန်းကြီး ကျောင်းမှာ ကိုရင်ဝတ်နေသည် ဟုဆိုသည်။ ကိုဘအေးကိုယ်တိုင် လေးတန်းအထိပဲ ကျောင်းနေဖူး သလို မိန်းမကတော့ စာတောင် မတတ်ဟု တပည့်ဖြစ်သူက ပြော ပြသည်။ ကျွန်တော်က ကလေး တွေကော ကျောင်းမထားဘူးလား ဟုမေးတော့တပည့်က ‘‘ကျွန် တော်တွေ့ရသလောက်ကတော့ သူ့ယောက်ျားအလုပ်သွားတဲ့ နောက်ကလေးတွေ တစ်ပြုံတစ်မ ကြီးနဲ့ လိုက်သွားနေတာတွေ့ တာပဲ’’ ဟု ဆိုပါသည်။

ကျွန်တော်က ‘‘ကိုဘအေး က ရေနံပဲသုတ်တာလား။ တခြား ဘာအလုပ်ရှိသေးလဲ’’ ဟုဆိုတော့ တပည့်က ‘‘ကမ်းနားလမ်းကသစ် ဆိုင်မှာ သစ်ထမ်းတယ်ဆရာ။ ခု လိုရေနံသုတ်တဲ့အလုပ်ရှိတဲ့အခါ ကျတော့လည်း သစ်သွားမထမ်း ဘူးပေါ့ဆရာ။ သစ်ထမ်းတာက ပင်လည်းပင်ပန်းတယ်။ ရေနံ သုတ်သလောက်လည်း ပိုက်ဆံ မရဘူး။ ဒါပေမဲ့ သစ်ထမ်းတဲ့အ လုပ်က နေ့တိုင်းရှိတယ်။ အလုပ် ပါးတဲ့အခါ နှစ်ထောင်၊သုံးထောင် လောက်ပဲရတာပေါ့။ အလုပ်များ တဲ့အခါကိုးထောင်၊ တစ်သောင်း လည်းရချင်ရတာပေါ့။ ပုံမှန်တော့ မရှိဘူးပေါ့ဆရာ’’ ဟု စိတ်ရှည် လက်ရှည်ရှင်းပြသည်။ ကျွန် တော်သက်ပြင်းချမိ၏။

နောက်တစ်နေ့နံနက်မှာ ချိန်းထားသည့်အတိုင်းကိုဘအေး ရောက်လာသည်။ မိန်းမနှင့်က လေးတွေတော့မပါ။ ရေနံသုတ် မှာမို့ အ၀တ်အစားလည်းပြောင်း သွားသည်။ ခါတိုင်းတွေ့နေကျ အ၀တ်အစားထက်ပင် ပိုဟောင်း နွမ်းသွား၏။ ရေနံချေးထည့်မည့် ပုံး၊ လှေကား၊ ရေနံဆွတ်မည့်အ ၀တ်စ စသဖြင့်ကိရိယာတန်ဆာ ပလာအပြည့်အစုံပါသည်။ ကျွန် တော်က ‘‘မိန်းမတွေ၊ ကလေး တွေ မပါဘူးလား’’ ဟုမေးတော့ ‘‘အိမ်မှာထားခဲ့တယ်လေ။ သစ် ထမ်းရင်သာ သူတို့ကိုခေါ်သွား တာ။ သစ်ဆိုင်မှာ မိန်းမကထမင်း ဟင်းဝိုင်းချက်ပေး၊ ကလေးတွေ မုန့်ဖိုးတော့ ရတာပေါ့။ အိမ်မှာ ကလေးတွေချည်းထားခဲ့ရရင် စိတ်မချတော့ အကုန်လုံးပဲခေါ် သွားလိုက်တယ်’’ ဟု ဆိုသည်။ သည်တော့မှပဲ သူတို့မိသားစု ကျွန်တော့်အိမ်ရှေ့က ဖြတ်ဖြတ် သွားတာဟာ သစ်ဆိုင်ကို ကိုဘ အေးသစ်သွားထမ်းခြင်းပါလား ဟု သဘောပေါက်ရတော့၏။

ကျွန်တော်က ‘‘ကလေးတွေ ကျောင်းမထားဘူးလား’’ ဟုမေး တော့ ‘‘အကြီးကောင်က ဘုန်း ကြီးကျောင်းမှာ သင်္ကန်းဆီးပေး ထားတယ်။ ပရိတ်ကြီးတော့ရနေ ပါပြီ။ နောက်နှစ်လောက်ဆို လူ ထွက်ခိုင်းပြီး ဆိုင်ကယ်ပြင်ဆိုင် ပို့လိုက်တော့မယ်။ သူ့အောက်က နှစ်ယောက်က မိန်းကလေးတွေ ဆိုတော့ ဒီနှစ်ကျောင်းဖွင့်ရင် ရွာကျောင်းမှာထားမယ်’’။ ကိုဘ အေးက ပါးစပ်ကလည်းပြော၊ လက်ကလည်းမြန်သည်။ ကျွန် တော်နှင့်စကားပြောရင်းပင် ဂါ လန်ပုံးထဲက ရေနံချေးတွေကိုသူ ယူလာသည့်ချိတ်စရာသံကိုင်းပါ သည့်ပုံအသေးလေးထဲ ခွဲထည့် ပြီးပြီ။ ရေနံစသုတ်မည့်ခေါင်းရင်း ပျဉ်ထရံမှာ လှေကားထောင်ပြီး သွားပြီ။  သူကရေနံချေးပုံးလေးဆွဲ ပြီး ခေါင်းရင်းထွက်သွားတော့ စကားပြောချင်သည့်ကျွန်တော် က ခေါင်းရင်းလိုက်ရ၏။

‘‘ကလေးတွေက ဘယ်အ ရွယ်ရှိပလဲ’’ ဟုမေးတော့ ‘‘ကိုရင့် အောက်က ကောင်မက (၁၀)နှစ်၊ သူ့အောက်က (၈)နှစ်၊ အကုန် ၂ နှစ်ကြီး ၂ နှစ်ငယ်ပဲ’’ ဟု ဖြေ  သည်။ ကျွန်တော်က ‘‘ဟာ အ ရွယ်တွေ တော်တော်ကြီးနေပြီ။ ကျောင်းမထားသေးဘူးလား’’ ဟု ဆိုတော့ ‘‘ဒီနှစ်ထားမယ်လေ။ မိန်းကလေးနှစ်ယောက်၊ အောက် အငယ်တွေက ယောက်ျားလေး တွေဆိုတော့အတန်းကျောင်းမပို့ တော့ပါဘူး။  ဘုန်းကြီးကျောင်းပဲ ပို့လိုက်တော့မှာ။ အတန်းကျောင်း ပို့လည်း ကိုယ်ကလေးတန်းထက် ပိုထားနိုင်မှာမှ မဟုတ်တာ။ သေ စာ၊ရှင်စာဖတ်တတ်တော်ပြီပေါ့။ မိန်းကလေးတွေတော့ ဘုန်းကြီး ကျောင်းနဲ့မသင့်တော်လို့အတန်း ကျောင်းပို့ရတာ’’ ဟုပေါ့ပေါ့ပါး ပါးပင် ပြန်ပြောပါသည်။ ကျွန် တော်က ‘‘ဒီကလေးတွေရဲ့ရှေ့ ရေးအတွက်ကော ကိုဘအေး မစဉ်းစားထားဘူးလား’’ ဟုမေး တော့ ‘‘ဘာစဉ်းစားစရာလို သလဲ။ မိန်းကလေးတွေကကြီး လာလို့ အိမ်ထောင်ကျရင် သူတို့ယောက်ျားတွေ လုပ်ကျွေး လိမ့် မယ်။ ယောက်ျားလေးတွေက တော့ ပန်းရန်လုပ်ပေါ့။ လက်သ မားလုပ်ပေါ့။ ဆိုင်ကယ်ပြင်ပေါ့။ ကယ်ရီဆွဲပေါ့။ ဒါမှမဟုတ် ကျွန် တော့်လိုပဲ ရေနံသုတ်ပေါ့။ သစ် ထမ်းပေါ့။ ထမင်းစားရဖို့ လုပ် စရာအလုပ်တွေ အများကြီးပါ ဗျာ’’ ဟုဆိုကာ အိမ်ခေါင်းရင်း ပျဉ်ထရံကို ရေနံဖတ်ဖြင့် တဗန်း ဗန်းရိုက်နေ၏။

ကိုဘအေးစကားတွေကို နားထောင်ရင်း ကျွန်တော်သက် ပြင်းတွေသာ အခါခါချနေမိ သည်။ ကျွန်တော့်ဝန်းကျင်မှာ ကို ဘအေးလိုမိဘတွေအများကြီးရှိ သည်။ ထိုနည်းတူမြန်မာပြည်တစ် နံတစ်လျားမှာလည်း ကျွန်တော့် ၀န်းကျင်လိုဝန်းကျင်တွေအများ ကြီး။ ထို့ကြောင့် မြန်မာပြည်တစ် ပြည်လုံးမှာ ကိုဘအေးလိုမိဘ တွေအများကြီး။ သူတို့သည်သား သမီးတော့များများယူကြသည်။ သားသမီးများလျှင် အိုမင်းတဲ့အ ခါ အမှီအခိုရသည်ဟူသော ရှေး အယူအစွဲဖြင့် သားသမီးများများ ယူကြခြင်းဖြစ်၏။ မိသားစုတစ်စု တွင်လေးယောက်၊ ငါးယောက်၊ ခြောက်ယောက်။ အချို့ခုနစ် ယောက်ထိရှိကြသည်။ သို့သော် ထိုသားသမီးများ၏ ဘ၀ကိုယ့် ထက်မြင့်မားရအောင် ပညာသင် ပေးရမည်ဟူသည့်အသိတရားရှိ သည့်မိဘက အတော်နည်းသည်။ ရပ်ထဲရွာထဲသူများကျောင်းထား သလို လိုက်တော့ထားသည်။ သို့ သော်အလယ်တန်းပြီးအောင် မထား။ အချို့မူလတန်းပြီးသည် နှင့် ကျောင်းထုတ်ပြီးထမင်းဆိုင် တွေ၊ လက်ဖက်ရည်ဆိုင်တွေပို့ လိုက်ကြသည်။ အချို့အရွယ်ခပ် ကြီးကြီးတွေက ပန်းရန်အဖွဲ့၊ လက်သမားအဖွဲ့ထဲရောက်သွား ကြသည်။ မြစ်နားချောင်းနားနီးသူ တွေက ပိုက်ဦးစီး၊ လှေဦးစီးလိုက် ရင်း ရေထဲရောက်သွားကြ၏။

နိုင်ငံတော်အစိုးရ၏ မသင် မနေရပညာရေးသည် သူတို့နှင့် ဘာမျှမသက်ဆိုင်သလိုဖြစ်နေ သည်။ နောင်(၁၅)နှစ်၊ အနှစ်(၂၀)ရှိ သည့်အခါ ထိုကလေးများသည် တကယ့်အားကောင်းမောင်းသန် အရွယ်ကောင်းတွေဖြစ်ကြပေပြီ။ သို့သော် ထိုအရွယ်ကောင်းတွေ က ပညာပေါင်းမထားသည့်အ တွက် နိုင်ငံတော်ကအားထားရ သည့်တန်ဖိုးရှိသော အရင်းအ မြစ်တွေ ဖြစ်လာနိုင်ပါ့မလား။ ကလေးတွေ တန်ဖိုးရှိလာဖို့ မိဘတွေကို ပညာပေးဖို့လိုပြီထင်သည်။

အခုကျောင်းတွေဖွင့်နေပါ ပြီ။ ကိုဘအေးရဲ့ကလေးတွေ ကျောင်းကို ရောက်ပါရဲ့လား။ ကျွန်တော်စိုးရိမ်မိပါသည်။

(ဆောင်းပါးရှင် မင်းသန်းထိုက်(ဒေးဒရဲ)သည် ပညာရေးဆိုင်ရာဆောင်းပါးများနှင့် မျက်မှောက်ရေးရာ ဆောင်းပါးများ ရေးသားနေသူဖြစ်သည်။)

Top News