Ananda ၏ 4G အင်တာနက် အမြန်နှုန်းကျဆင်းသွားကြောင်း အသုံးပြုသူအချို့ပြော

ကွန်ရက်ကောင်းမွန်ရန်နှင့် အသုံးပြုသူများသော နေရာများတွင် ကွန်ရက်ချဲ့ထွင်ရန် ကြိုးပမ်းနေကြောင်း ကုမ္ပဏီထုတ်ပြန်

 Ananda ၏ 4G အင်တာနက်သည် ယခုနောက်ပိုင်းတွင် အမြန်နှုန်း ကျဆင်းမှုများ ဖြစ်ပေါ်နေကြောင်း အသုံးပြုသူအချို့က ပြောသည်။

Netflix  နှင့် Youtube ကို တီဗီဖြင့် တွဲဖက်ကြည့်ရှုရာတွင် ၀ယ်ယူပြီး နှစ်ရက်အတွင်း အဆင် ပြေချောမွေ့သော်လည်း နောက်ပိုင်းတွင်  ကြည့်ရှုနိုင်ခြင်း မရှိတော့ ကြောင်း မြောက်ဒဂုံမြို့နယ်နေအသုံးပြုသူ ကိုကျော်လင်းဦးက ပြောသည်။


‘‘Netflix က တစ်လ ၁၃ ဒေါ်လာနဲ့ ၀ယ်ထားတာ။ အခု Membership ကနေ ပြန်ထွက်လိုက်ရတယ်’’ဟု ၎င်းကပြောသည်။Ananda  သည် လက်ရှိတွင်ကွန်ရက်ပြန်လည် ထိန်းညှိမှုများပြုလုပ်နေသဖြင့် အချို့တည်နေရာများ၌ ကွန်ရက်ပြတ်တောက်မှုဖြစ်ပွားနိုင်ကြောင်း၊ လိုင်းကျသည့်အခါ ပါဝါစနစ်ကို အဖွင့်၊အပိတ်ပြန်လည်ပြုလုပ်ခြင်းဖြင့် ကောင်းမွန်လာမည်ဖြစ်ကြောင်း ကုမ္ပဏီပြန်ကြားရေးတာဝန်ခံက ပြောသည်။

Ananda  ၏ အင်တာနက် အမြန်နှုန်းကို ဆိုရှယ်မီဒီယာအ သုံးပြုသူ အများစုက ကောင်းမွန် ကြောင်း ထောက်ခံသော်လည်းအချို့က အမြန်နှုန်းကျဆင်းလာကြောင်း အင်တာနက်အမြန်နှုန်း တိုင်းတာသည့် ဆော့ဖ်ဝဲများ အသုံးပြုကာ သက်သေပြခဲ့သည်။

‘‘မြောက်ဥက္ကလာမှာ လိုင်းမ ကောင်းဘူး။ ဘေလီဘက်တော့ ကောင်းတယ်။ မြင်သာဈေးနား တချို့နေရာတွေ လိုင်းကျတယ်။ သံသုမာလမ်းတစ်လျှောက် ထင် သလောက်မကောင်းဘူး။ စံပြဈေး လည်း သိပ်မကောင်းဘူး။ ကျွန် တော်ရောက်ခဲ့တဲ့ အချိန်မှာပေါ့ နော်’’ဟု Ananda  အသုံးပြုသူ ကိုကောင်းကျော်ထွန်းက ပြော သည်။

ကွန်ရက်စတင်ဖွင့်သည့်နေ့ တွင် အမြန်နှုန်း 18Mbps အထိ ရရှိသော်လည်း လက်ရှိအခါ အ မြန်နှုန်း 4Mbps ၀န်းကျင်သာ ရရှိ ကြောင်း ရန်ကင်းမြို့နယ်၌ ကိုယ်တိုင်သုံးစွဲနေသူ ကိုသော်မင်းဆွေ က ပြောသည်။

‘‘အခုတိုင် Network အ ပြည့်တက်တယ်။ ဒါပေမဲ့ 2Mbps မပြည့်ဘူး’’ ဟု ၎င်းကပြောသည်။ သို့သော် Ananda  အင်တာနက် လိုင်းသည် အခြားအင်တာနက်လိုင်းများထက် အမြန်နှုန်းကောင်းမွန်ကြောင်း လှိုင်မြို့နယ်ရှိ အင်တာနက်အသုံးပြုသူတစ်ဦးက ပြောသည်။

 ဇွန်လပထမပတ်အတွင်း ရာသီဥတုကြောင့် လျှပ်စစ်မီးဆိုင် ရာ အခက်အခဲများ ပေါ်ပေါက်ခဲ့ သဖြင့် ရန်ကုန်မြို့ရှိအချို့ နေရာများတွင် ကွန်ရက်ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်သည်။

 ကွန်ရက်ကောင်းမွန်စွာ ဆက်လက်လည်ပတ်ရန် ကုမ္ပဏီ အနေဖြင့် ကြိုးစားဆောင်ရွက်နေ သည့်အပြင် အသုံးပြုသူများသည့် နေရာဒေသများကို ရွေးချယ်ကာ ကွန်ရက်တိုးချဲ့မှုကို တစ်ပြိုင် တည်းဆောင်ရွက်နေကြောင်း Ananda  ပြန်ကြားရေးတာဝန်ခံ ဒေါ်ငြိမ်းချမ်းသူက ပြောသည်။

Ananda  အင်တာနက်လိုင်း ကို မေလ ၂၅ ရက်တွင် စတင်မိတ် ဆက်ခဲ့ပြီး ရန်ကုန်ရှိ ၂၅ မြို့နယ်၌ ဧရိယာ စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်း အသုံးပြုနိုင်ကြောင်း ကုမ္ပဏီက ကြေညာသည်။

Top News