ရခိုင်ပြည်နယ်တွင် မိုးဆက်တိုက်ရွာပြီး တောင်မြေပြိုကာ ရေလျှံ

ဇွန် ၁၁ ရက်က ရန်ကုန်-စစ်တွေ ကားလမ်း၊ အမ်းလမ်းပိုင်းတွင် ရေလျှံမှုဖြစ်နေစဉ် (ဓာတ်ပုံ − ကိုမောင်)

မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ရခိုင်ပြည်နယ်တွင် ကားလမ်းများ တောင်မြေပြို ကျမှုနှင့် လမ်းပေါ်ရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ခရီးသည်ယာဉ်လိုင်းများမှ တာဝန်ရှိသူများ က ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်အ များစုတွင် မေလနောက်ဆုံးပတ် က စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေနစ်မြုပ်ကာ တောင်ကြားလမ်းများတွင် တောင်မြေပြိုပြီး လမ်းပေါ်သို့ရေလျှံမှုများ ဖြစ်ပေါ် နေသည်။

‘‘မိုးက တော်တော်ကြီးနေ တယ်။ စစ်တွေ - ရန်ကုန်ကား လမ်း အမ်းလမ်းပိုင်းမှာဆိုရင် တောင်ကျရေတွေ လမ်းပေါ်ကို လျှံနေတဲ့အတွက် ကားတွေသွား ဖို့ အခက်အခဲဖြစ်နေတယ်။ မိုးစဲ လို့ ရေခန်းသွားမှ ဖြတ်သန်းသွား လာခဲ့ရတယ်’’ ဟု ရန်ကုန်မြို့မှ စစ်တွေမြို့သို့ လာသည့်ခရီးသည် တစ်ဦးက ဇွန်လ ၁၁ ရက်တွင် ပြောသည်။ မိုးရွာသွန်းသဖြင့် တည် ဆောက်မှု မပြီးသေးသည့် တံတားလမ်းလွှဲ နေရာများတွင် ယာဉ်များသွားလာရန် ခက်ခဲနေကြောင်း ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

 ‘‘ရခိုင်မှာ မိုးတွင်းဆို ဒီလို ဒုက္ခတွေကို အမြဲကြုံနေရတာပါ ပဲ။ ပြီးခဲ့တဲ့ နှစ်ကလည်း ကြုံခဲ့ တယ်။ မိုးကတော်တော်များတာ ကိုး’’ ဟု အထက်ပါ ယာဉ်မောင်း က ဆိုသည်။

 ယင်းသို့ သွားလာရခက်ခဲသဖြင့် ယာဉ်များအချိန်နောက် ကျမှ ဆိုက်ရောက်နေကြောင်း ခရီးသည်အများစုက ပြောကြားသည်။

Top News