ပြည်မြို့တွင် ပထမအကြိမ် သရေခေတ္တရာ ကျောင်းသားပြပွဲ ပြုလုပ်မည်

ပဲခူးတိုင်းဒေသကြီး ပြည် မြို့ရှိ သရေခေတ္တရာ မြို့တော်ခန်း မတွင် ပထမအကြိမ် သရေခေတ္တ ရာ ကျောင်းသားပြပွဲကို ဇွန်လ ၂၂ မှ ၂၄ ရက်အထိ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှ ပြည်နည်းပညာ တက္ကသိုလ် ကျောင်းသားမောင် မင်းဝေယံဝင်းကိုက ပြောကြားသည်။

       ကျောင်းသားပြပွဲတွင်ကျောင်းသား၊ ကျောင်းသူများ တီထွင်ဖန်တီးထားသည့် စီမံကိန်းများ၊ စိတ်ကူးအတွေးအခေါ် အကြံအစည်များ ခင်းကျင်းပြသမည်ဖြစ်သည်။

ပြပွဲရက်များတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ပြသမည်ဖြစ်ပြီး ပြည်တက္ကသိုလ်၊ ပြည်နည်းပညာ တက္ကသိုလ်နှင့် ပြည်ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ကိုးထောင်ကျော်အား ရည်ရွယ်သည့် ပညာရေးလှုပ်ရှားမှုဖြစ်သည်။

ထို့ကြောင့် နယ်ပယ်စုံ၊ အလွှာစုံမှ တက်ရောက်လေ့လာနိုင်ပြီး ပြည်သူလူထုကို ချပြသည့်ပွဲဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘တက္ကသိုလ်ကျောင်းသား တွေ ဖန်တီးထားတဲ့ ပရောဂျက် တွေ၊ အိုင်ဒီယာတွေကို ပြည်သူ ကို ချပြတယ်။ ပြည်မြို့နဲ့ ပတ် သက်တဲ့ ကိစ္စရပ်တွေ ပိုမိုပါဝင် တယ်။ မြို့တွင်းရေစီး၊ ရေလာ ကောင်းဖို့ စီမံကိန်းတွေ၊ အမှိုက် သိမ်းစနစ်တွေ စတဲ့ ကဏ္ဍပေါင်း စုံပြသမယ်၊ ဒီလိုလုပ်ခြင်းဖြင့် ကျွန်တော်တို့ တက္ကသိုလ်ကျောင်း သားတွေဟာ ဒီလိုမျိုး တတ် မြောက်တယ်၊ ဒါတွေသင်ရတယ် စတာတွေကို ပြည်သူတွေ၊ စီးပွား ရေးလုပ်ငန်းရှင်တွေ သိရှိပြီး ဝေ ဖန်အကြံပြုနိုင်သလို ကူညီပံ့ပိုးမှု တွေ ရှိလာစေဖို့ ပြည်သူနဲ့ ချိတ် ဆက်တဲ့ပွဲလို့ ပြောလို့ရပါတယ်’’ ဟု မောင်မင်းဝေယံဝင်းကို က ပြောသည်။

 အဆိုပါ ပွဲတွင် ၀ိဇ္ဇာနှင့် သိပ္ပံပညာရပ်ဆိုင်ရာများ၊ အင် ဂျင်နီယာပညာရပ်ဆိုင်ရာများ၊ ကွန်ပျူတာ ပညာရပ်ဆိုင်ရာများ ပါဝင်သည့် စီမံကိန်းများ၊ စိတ်ကူးအတွေးအခေါ်များ ပါဝင်သည့်ပညာရပ်ဆိုင်ရာ ပြခန်း ၄၀ ပါဝင် မည် ဖြစ်သည်။

ပညာရပ်ဆိုင်ရာ  ဟောပြောပွဲ၊ ဆွေးနွေးပွဲ စကားဝိုင်းများနှင့် ဖျော်ဖြေရေး အစီအစဉ်၊ ဂိမ်းကစားပြိုင်ပွဲ၊ ဆုချီးမြှင့်ခြင်းများ ပါဝင်သည်။

သရေခေတ္တရာကျောင်းသား ပြပွဲသည် နိုင်ငံတော်အစိုးရ၊ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်သည့် ပထမအကြိမ် ပြပွဲဖြစ်ပြီး နောင်တွင် ၂နှစ်လျှင် တစ်ကြိမ် ဆက်လက်ပြု လုပ်မည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီက ဆိုသည်။

Top News