ရသေ့တောင်မြို့ အတွင်းရှိ ပင်လယ်ကမ်းခြေတွင် ဘင်္ဂါလီ ၁၀၄ ဦး တွေ့ရှိသဖြင့်စစ်ဆေးနေ

ရသေ့တောင်မြို့ နယ် ဆင်ပိုက်ကျေးရွာနှင့် အောင် ဗလကျေးရွာကြား ပင်လယ်ကမ်း ခြေတွင် ဘင်္ဂါလီ ၁၀၄ ဦး တွေ့ရှိဖမ်းမိခဲ့ကြောင်း အောင်ဗလကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြက ပြောသည်။

အဆိုပါ ဘင်္ဂါလီများကို ဇွန်လ ၁၁ ရက်က တွေ့ရှိပြီး အမျိုးသား ၃၅ ဦး၊ အမျိုးသမီး ၅၂ ဦးနှင့် ကလေး ၁၇ ဦးဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘သူတို့ကို ပင်လယ်ကမ်းခြေ မှာ တွေ့တာဖြစ်ပါတယ်။ စက် လှေနဲ့လာတယ်လို့ ပြောပါတယ်။ စက်လှေတော့မတွေ့ပါဘူး။ သက် ဆိုင်ရာကတော့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်’’ ဟု ဦးမောင် သန်းမြက ပြောသည်။

 ဘင်္ဂါလီများကို အုပ်ချုပ် ရေး အဖွဲ့က မေးမြန်းရာ တစ်ဦး ပြောစကားနှင့်တစ်ဦး ပြောစကားကွဲလွဲနေပြီး တချို့က ဘင်္ဂလားဒေ့ရှ်မှ ၀င်လာကြောင်း၊ တချို့က မလေးရှားသို့ ထွက်ခွာခြင်းဖြစ်ကြောင်း ပြောသည်ဟု ဦးမောင်သန်းမြက ဆက်လက်ပြောသည်။

 ဘင်္ဂါလီများကို တွေ့ရှိခဲ့ သည့် ရသေ့တောင်မြို့နယ် ဆင် ပိုက်နှင့် အောင်ဗလကျေးရွာကြား ပင်လယ်ကမ်းစပ်သည် မောင် တောမြို့နယ် တောင်ပိုင်းနှင့် ထိ စပ်နေပြီး အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် ရှိသည်။

Top News