ကျောက်မဲတွင် ကျွဲ၊ နွားတင်ယာဉ် ပစ်ခတ်ခံရပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဒဏ်ရာရ

ရှမ်းပြည်နယ် ကျောက် မဲမြို့နယ်တွင် ကျွဲ၊ နွားများ တင် ဆောင်လာသည့် ၁၂ ဘီးကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ က သေနတ်ဖြင့် ပစ်ခတ်ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဒဏ်ရာရခဲ့သည်။


မန္တလေး-မူဆယ် ပြည် ထောင်စုလမ်းမကြီးလမ်းပိုင်းတွင် ပါဝင်သော ကျောက်မဲမြို့နယ် မန် တန်းရွာအနီးတွင် ဇွန်လ ၁၁ ရက် နံနက် ၂ နာရီခန့်က ပစ်ခတ်ခံရကြောင်း ကျောက်မဲမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြော သည်။

‘‘နွားတွေ၊ ကျွဲတွေကို တရား ၀င်တင်ဆောင်လာတဲ့ ကားငါးစီး လာတာကို ရှေ့ဆုံးက ကားအပစ် ခံရတာ။ ဘယ်သူတွေ၊ ဘယ်အ ဖွဲ့က ပစ်တယ်ဆိုတာ စုံစမ်းနေ တုန်းပါ’’ဟု ၎င်းကပြောသည်။

ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်သည် ခြေထောက် တွင် သေနတ်ကျည်ထိမှန် ဒဏ် ရာရခဲ့ပြီး ကျောက်မဲမြို့နယ် ဆေး ရုံတွင် တက်ရောက်ကုသနေရပြီး အသက်အန္တရာယ်စိုးရိမ်စရာ မရှိ ဟု ဒေသတွင်း အရပ်ဘက်အဖွဲ့ များက ပြောသည်။

မန္တလေး-မူဆယ် ပြည် ထောင်စုလမ်းမကြီး သီပေါနှင့် ကျောက်မဲလမ်းပိုင်းတွင် ကျွဲ၊ နွား သယ်ဆောင်သော ယာဉ်များပစ် ခတ်ခံရမှု မကြာခဏဖြစ်ပွားနေ သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရ သော ယာဉ်များသည် ပြည်ပတင်ပို့ မည့် နွားများကို အစိုးရခွင့်ပြုချက် ဖြင့် တရားဝင်သယ်ဆောင်ခြင်း ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များက ဆက်ကြေးမရရှိ၍ ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့နှင့်ဒေသ ခံများက ပြောသည်။ အဆိုပါ ပစ်ခတ်မှုများနှင့်ပတ်သက်၍မည် သည့်လက်နက်ကိုင် အဖွဲ့အစည်း ကမျှ တာဝန်ယူဝန်ခံခြင်း မရှိပေ။

Top News