မြန်မာနိုင်ငံတွင် ထုတ်လုပ်သော မက်သာဖက်တမင်း ဆေးများ နယူးဇီလန်၌ ဝယ်လိုအားမြင့်တက်နေ

 မြန်မာနိုင်ငံရှိ အ လှမ်းကွာဝေးသော ဥပဒေစိုးမိုးမှု မရှိသည့် တောအုပ်များတွင် သန့်စင်မှု အဆင့်မြင့်မားသော မက် သာဖက်တမင်း ဆေးခဲများကို မကြုံစဖူးသည့် ပမာဏထုတ်လုပ် နေပြီး နယူးဇီလန်နိုင်ငံရှိ မူးယစ် ဆေးဝါး ဈေးကွက်တွင်း၌ ယင်းဆေးဝါးများ တွေ့မြင်ရကြောင်း ထိပ်တန်းမူးယစ်ဆေးဝါး ကျွမ်း ကျင်သူများကပြောသည်။


မြန်မာနိုင်ငံမြောက်ပိုင်းဒေ သများတွင် လက်နက်ကိုင်အဖွဲ့ များနှင့် မူးယစ်ဆေးဝါး ဂိုဏ်းများ က နည်းပညာမြင့်မားသော ဓာတ် ခွဲခန်းများ၊ စက်ရုံများ၌ ကမ္ဘာ့အ ဆင့်မီ ဓာတုပညာရှင်များခန့်ထား ကာ မူးယစ်ဆေးဝါးထုတ်လုပ်နေ မှုသည် ဒေသဆိုင်ရာ မူးယစ်ဈေး ကွက်တန်ဖိုး ကန်ဒေါ်လာဘီလီယံ ၄၀ အထိရှိကြောင်း ကျွမ်းကျင်သူ များက ပြောသည်။

ကုလသမဂ္ဂအပါအဝင် အ ခြားအစိုးရအဖွဲ့များက မူးယစ် ဆေးဝါးရောင်းဝယ်မှု တိုက်ဖျက် ရေးကြိုးပမ်းမှုအဖြစ် များမကြာမီ  လများက သြစတြေးလျ၊ မလေး ရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ တွင် ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုး ရှိသော မူးယစ်ဆေးဝါးများ ဖမ်း ဆီးရမိခဲ့သည်။

‘‘အခုလောလောဆယ်မြန် မာ နိုင်ငံတွင်းမှာ ကျွန်တော်တို့မြင်နေရတာက တကယ့်ကို သန့်စင်မှုအဆင့်မြင့်မားတဲ့ မက်သာဖက်တမင်းဆေးခဲတွေ ထုတ်လုပ်နေတာပါ’’ ဟု ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး(UNODC)  အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ်ဂျရီမီဒေါက်ကလပ်စ်က ပြောသည်။

ပြီးခဲ့သည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းတွင် မက် သာဖက်တမင်းဆေး ထုတ်လုပ်မှု များစွာ မြင့်တက်လာကြောင်း ဘန်ကောက်မြို့အခြေစိုက် ကုလ သမဂ္ဂရုံးချုပ်မှ အရာရှိဒေါက်က လပ်စ်က ပြောသည်။

ယင်းဆေးဝါးများ ထုတ်လုပ် ရန် လိုအပ်သော ဓာတုပစ္စည်း များစွာကို တရုတ်နှင့် အိန္ဒိယအ ရှေ့မြောက်ပိုင်းမှ မြန်မာနိုင်ငံသို့ မှောင်ခိုတင်သွင်းနေကြောင်း ကျွမ်းကျင်သူများက ပြောသည်။

—Ref:Nzherald

Top News