ထားဝယ်ခရိုင်တွင် စက်မှုဇုန် အကောင်အထည်ဖော်နိုင်ရန် KNU နှင့် ညှိနှိုင်းမှု အဆင်မပြေသေးဟုဆို

 မင်းသမီးခီးစက်မှုဇုန် အကောင်အထည်ဖော်ရန်တရုတ် နှင့်ပြည်တွင်းကုမ္ပဏီအချို့ နား လည်မှုစာချွန်လွှာရေးထိုးပြီးဖြစ် သော်လည်း ကရင်အမျိုးသားအ စည်းအရုံး (KNU)နှင့် ညှိနှိုင်းမှုအဆင်မပြေ၍ ရင်းနှီးမြှုပ်နှံမည့်အ စီအစဉ်ပျက်ခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူးဒေါက်တာထွန်းထွန်းက ပြောသည်။

ထားဝယ်ခရိုင် မေတ္တာမြို့ နယ်ခွဲရှိ ဆင်ဖြူတိုင်ကျေးရွာနှင့် ထီးထာကျေးရွာကြားရှိ မြေ ၆,၆၇၆ ဧကပေါ်တွင် တရုတ်နိုင်ငံ မှ China Power Investment ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီအ ချို့ ပူးပေါင်း၍စက်မှုဇုန်တစ်ခု ထူ ထောင်ရန် ၂၀၁၇ နှစ်ကုန်ပိုင်းက စီစဉ်ခဲ့သည်။

‘‘ပြည်တွင်းကုမ္ပဏီနဲ့တရုတ်  ကုမ္ပဏီတို့ တိုင်းအစိုးရကိုသက် သေထားပြီး နားလည်မှုစာချွန် လွှာ (MoU)ထိုးကြတယ်။ အဲဒါ က ပျက်သွားပြီ။ အလုပ်မဖြစ် တော့ဘူး။ KNU (ကရင်အမျိုး သားအစည်းအရုံး)နဲ့ အပေးအယူ ညှိတဲ့အချိန်မှာ ထပ်အဆင်မပြေ ဘဲ အဲဒါလုပ်ခွင့်မပေးဘူးဆိုပြီး ဖြစ်သွားတယ်’’ ဟု ဒေါက်တာ ထွန်းထွန်းက ရှင်းပြသည်။

လက်ရှိတွင် အဆိုပါစက်မှု ဇုန်အတွက် မြေနေရာသတ်မှတ် ပြီးဖြစ်သော်လည်း နောက်ထပ် ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများ ပေါ် ပေါက်လာခြင်း မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ KNU တပ်မဟာ(၄) မြိတ်-ထား ၀ယ်ခရိုင်ဥက္ကဋ္ဌစောဆာပိတုက ‘‘ကျွန်တော်တို့ China Power နဲ့ စာချုပ် ဂဃနဏချုပ်ထားတာ တော့ မရှိသေးဘူး။ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင့်တော့ရှိ တယ်’’ ဟု ပြောသည်။

လက်ရှိတွင် ယင်းစက်မှုဇုန် မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တိတိကျကျဖြစ်စေရန် KNU က ဦးဆောင်ကာ ဆောင်ရွက်နေပြီး တိုင်းဒေသကြီးအစိုးရထံ လုပ်ထုံး လုပ်နည်းများနှင့်အညီ တင်ပြ ထားကြောင်း စောဆာပိတုက ဆိုသည်။

ထို့ကြောင့် တိုင်းအစိုးရက အဆိုပါစီမံကိန်းကို တိုင်းလွှတ် တော်ထံတင်ပြထားပြီး လွှတ် တော်က အဆိုပါစီမံကိန်းဆောင် ရွက်မည့်မြေနေရာသို့ ကွင်းဆင်း စစ်ဆေးနေကြောင်း ၎င်းကဆက် လက်ပြောသည်။

‘‘လွှတ်တော်က အတည်ပြု ပြီးမှ နောက်တစ်ဆင့်ထပ်တက်ရ မှာ။ ပြည်ထောင်စုအဆင့်တွေ အ များကြီးရှိပါသေးတယ်။ NRPC (အမျိုးသားပြန်လည်သင့်မြတ် ရေးဗဟိုဌာန)ကိုလည်း တက်ရ မယ်။ တစ်ဆင့်ပြီးတစ်ဆင့်ပေါ့။ စီမံကိန်းကတော့ မပျက်ပြယ်သေး ဘူး’’ ဟု စောဆာပိတုက ရှင်းပြ သည်။

မြန်မာ-ထိုင်းနယ်စပ်အနီး စက်မှုဇုန်အကောင်အထည်ဖော် မည့် ထီးထာဒေသသည် KNU တပ်မဟာ(၄)အခြေစိုက်လှုပ်ရှား ရာဒေသဖြစ်သည်။

Top News