မင်းလှ၌ လေပြင်းကြောင့် လေအားလျှပ်စစ် တာဝါတိုင်လဲ၍ လုပ်သားတစ်ဦး သေဆုံး

လဲပြိုခဲ့သည့် လေအားလျှပ်စစ်တာဝါတိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ − ရေနံမ ရဲတပ်ဖွဲ့)

 လေပြင်းတိုက်ခတ်မှု ကြောင့် တည်ဆောက်နေဆဲ လေအားလျှပ်စစ်ထုတ် တာဝါတိုင်တစ်ခု ဆိုင်းကြိုးပြတ်ကာ လဲပြိုကျပြီး အလုပ်သမားတစ်ဦး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိမှု မင်းလှမြို့နယ်တွင် ဇွန်လ ၁၀ ရက်က ဖြစ်ပွားခဲ့သည်။

လဲပြိုခဲ့သည့် လေအားလျှပ်စစ်တာဝါတိုင်ကို တွေ့ရစဉ်
တိုင်းအစိုးရအဖွဲ့နှင့် စင်ကာပူအခြေစိုက် Infra Capital Myan-mar လေအားလျှပ်စစ်ထုတ်လုပ် ရေး ကုမ္ပဏီတို့သဘောတူညီမှုအ ရ ၂၀၁၈ နှစ်ဆန်းပိုင်းကစတင်ကာ မကွေးတိုင်း မင်းလှမြို့နယ်အ တွင်း လေအားလျှပ်စစ်တာဝါတိုင် များကို တည်ဆောက်နေသည်။

မင်းလှမြို့နယ် ရေနံမကျေး ရွာအတွင်း လေအားလျှပ်စစ် တာ ၀ါတိုင်များအနက် တည်ဆောက် နေဆဲ တာဝါဆိုင်တစ်ခု ရုတ်တ ရက်လေပြင်းများ တိုက်ခတ်မှု ကြောင့် စတီးဆိုင်းကြိုးများ ပြုတ်ကာ လဲပြိုကျခဲ့ခြင်းဖြစ်သည်။

လဲပြိုသည့် တာဝါတိုင်သည် ရန်ကုန်မြို့ အင်းစိန်မြို့နယ်နေသူ တစ်ဦးက ကန်ထရိုက်စနစ်ဖြင့် တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ် ရာ ရရှိသူများသည် ယင်းအဖွဲ့မှ လုပ်သားခေါင်းနှင့် လုပ်သားတစ် ဦးဖြစ်ကြောင်း ရေနံမနယ်မြေ ရဲ တပ်ဖွဲ့စခန်းတာဝန်ရှိသူတစ်ဦး က ပြောသည်။

ဒဏ်ရာရရှိသူ အသက်(၂၁) နှစ်အရွယ် အလုပ်သမားနှစ်ဦးကို ရေနံမတိုက်နယ်ဆေးရုံသို့ တင်ပို့ကုသထားပြီး ဧရာဝတီတိုင်းဒေသ ကြီး လပွတ္တာမြို့နယ် စကြာ ကျေးရွာနေသူ အသက် (၂၁)နှစ်အရွယ် အလုပ်သမားတစ်ဦးသည် အသက်ရှူကျပ် ဝေဒနာခံစားလာ ရသဖြင့် မကွေးဆေးရုံကြီးသို့ အရေးပေါ် တင်ပို့ကုသပေးခဲ့ရ ကြောင်း ၎င်းကပြောသည်။

ထိုသို့ လွှဲပြောင်းကုသသော်လည်း အဆိုပါ အမျိုးသားသည် သက်သာလာခြင်း မရှိဘဲ ယင်းနေ့ညနေ ၆ နာရီခန့်တွင် ကွယ်လွန်သောကြောင့်  ဖြစ်စဉ်ကို ရေနံမနယ်မြေရဲတပ် ဖွဲ့စခန်းက အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။ 

Top News