မြင်းခြံဆေးရုံမှ မွေးကင်းစကလေးခိုးယူထွက်ပြေးသည့် အမျိုးသမီးကို ရန်ကုန်မြို့အ၀င် အမြန်လမ်းတွင် ဖမ်းမိ

 မြင်းခြံဆေးရုံမှ မွေး ကင်းစသုံးရက်သားကလေးငယ် ခိုးယူထွက်ပြေးသည့် အသက် (၄၂)နှစ်အရွယ်အမျိုးသမီးတစ် ဦးကို ရန်ကုန်မြို့အ၀င်အမြန်လမ်း တစ်နေရာတွင် ဖမ်းဆီးရမိခဲ့ ကြောင်း မြင်းခြံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ် နိုင်ဝင်းထွန်းက ပြောသည်။


မြင်းခြံဆေးရုံတွင် မီးဖွားပြီး အသားဝါရှိ၍ ရောင်ခြည်ပြသ နေသည့် သုံးရက်သားအရွယ် ယောက်ျားလေးကို ရန်ကုန်မြို့ နေအမျိုးသမီးတစ်ဦးက ဇွန်လ ၁၀ ရက် နေ့လယ်တွင် ခိုးယူထွက် ပြေးခဲ့သည်ဟုဆိုသည်။ အဆိုပါ အမျိုးသမီးသည် ကလေးငယ်ခိုး ယူပြီး မြင်းခြံ-ရန်ကုန်ရွှေမန်းသူ ကားဖြင့် လိုက်ပါလာစဉ်ရန်ကုန် မြို့အ၀င် အမြန်လမ်းတစ်နေရာ၌ အမှတ်(၃)အမြန်လမ်းရဲတပ်ဖွဲ့ က ဖမ်းဆီးရမိကြောင်း ဒုရဲအုပ် နိုင်ဝင်းထွန်းကပြောသည်။

၎င်းသည် ရန်ကုန်မြို့ တာ မွေမြို့နယ်တွင်နေထိုင်ပြီး မြင်း ခြံမြို့မှ ကလေးခိုးယူပြီး ရန်ကုန် သို့အပြန်၌ ဖမ်းမိခဲ့သည်ဟု ဆို သည်။

၎င်းအားရဲတပ်ဖွဲ့ကစစ်ဆေး မေးမြန်းရာတွင် မွေးစားလို၍ခိုး ယူခြင်းဖြစ်ကြောင်း ထွက်ဆိုသည် ဟု ဒုရဲအုပ်နိုင်ဝင်းထွန်းက ပြော သည်။

‘‘သူပြောတာကတော့ သူ့မှာ (၁၅)နှစ်အရွယ် သမီးလေးရှိ တယ်။ အဲဒီသမီးက အဖေမပေါ် ဘဲကိုယ်ဝန်ရှိသွားတယ်။ ကလေး ကိုလည်း ဖျက်မချချင်တာနဲ့ ကလေးခိုးတဲ့အမျိုးသမီးက သမီး အရှက်မကွဲဖို့ သူကိုယ်တိုင်ကိုယ် ၀န်ရှိတယ်ဆိုပြီး ဗိုက်အတုလုပ် ဟန်ဆောင်လိုက်တယ်။ တကယ် ကျတော့ သမီးဖြစ်သူက ကလေး အဖတ်မတင်လိုက်ဘူး။ အစက တော့ ခိုးသွားတဲ့ကလေးကို တောင်းဖို့ပဲ။ နောက်ကျတော့ ခိုး သွားတယ်လို့ပြောတယ်’’ ဟု ၎င်း ကပြောသည်။

ကလေးငယ်မှာ မီးဖွားစ အသားဝါရှိ၍ ရောင်ခြည်ပြသ ထားစဉ် ခိုးယူခံရကြောင်း မြင်းခြံ မြို့အမှတ်(၂၀) ရပ်ကွက်အုပ်ချုပ် ရေးမှူးဦးကိုနီကပြောသည်။

‘‘ကလေးက အသားဝါပါ တော့ မိခင်နဲ့မထားဘူး။ ရောင် ခြည်ပြထားရတယ်။ ကလေးကို နို့တိုက်ဖို့ထုတ်မယ်ဆိုရင် ကတ်နဲ့ ထုတ်ရတယ်။ အဲဒီကလေးခိုးမယ့် အမျိုးသမီးက စနေနေ့ကတည်း က ကလေးရဲ့မိခင်နားမှာကပ်ပြီး လိုက်ကူလုပ်ပေးနေတာ။ ဆေးရုံ မှာက ကလေးနဲ့မိခင်ကပေ ၂၀၀ လောက်ပဲဝေးတယ်။ ကလေးရဲ့ အဘွားက သွားထုတ်တော့ အဲဒီ အမျိုးသမီးက သူသွားထုတ်ပေး မယ်ပြောပြီး ကလေးကို ခိုးသွား တာ’’ ဟု ၎င်းကပြောသည်။

ကလေးခိုးယူသည့် အမျိုး သမီးသည် မြင်းခြံဆေးရုံတွင် ၎င်း တို့နှင့်အတူ တစ်ရက်ကျော်နေ ထိုင်ပြီး အကူအညီပေးခဲ့သည်ဟု ကလေးငယ်၏မိခင်မ၀င်းစန္ဒာက ပြောသည်။

‘‘ကလေးခိုးခံရတဲ့နေ့က က လေးရဲ့အဖေက ကလေးတောင်း တာကိုမပေးဘဲ ဖုန်းအားသွင်း ထားတာ ဖြုတ်လိုက်ဦးမယ်လို့ ပြောပြီး လစ်ထွက်သွားတာ။ က လေးကို ချစ်လို့ပဲလို့ထင်နေတာ။ သူက ကျွန်မတို့နဲ့လာရောတယ်။ ကလေးနဲ့ပတ်သက်တာတွေ လုပ် ပေးနေတာ။ ကျွန်မတို့နားမှာကို သူက တစ်ညအိပ်သွားသေး တယ်။ အခုခိုးရတဲ့အကြောင်းက တော့ မွေးစားချင်လို့လို့ ပြော တယ်’’ဟု မ၀င်းစန္ဒာကပြော သည်။

ကလေးနို့တိုက်ရန် သွား ရောက်ခေါ်ဆောင်ရာမှ အချိန် ကြာသည်အထိ မိဘထံရောက် မလာ၍ မြင်းခြံမြို့မရဲစခန်းသို့ ကလေးခိုးယူခံရကြောင်း၊ ထို့ နောက် အမြန်လမ်းရဲတပ်ဖွဲ့သို့ ချိတ်ဆက်ဖမ်းဆီးရာမှ ဖမ်းမိ ကြောင်း ဒုရဲအုပ်နိုင်ဝင်းထွန်း က ပြောသည်။

အထက်ပါ အမျိုးသမီးကို ကလေးခိုးမှု ရာဇသတ်ကြီးပုဒ်မ ၃၆၃ ဖြင့်မြင်းခြံမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

Top News