နည်းပြ ကွန်တီ၏ အနာဂတ်နှင့် ပတ်သက်၍ ဟာဇက်က ရှင်းရှင်းလင်းသိလို

ကိုယ်ပိုင်ရေရှည်အနာ ဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ် ချက် မချမီ ချယ်လ်ဆီးအဓိကကွင်း လယ်ကစားသမား အီဒင်ဟာဇက် သည် နည်းပြအန်တိုနီယို ကွန်တီ ၏ အနာဂတ်နှင့်ပတ်သက်၍ ရှင်း ရှင်းလင်းလင်း ဖြစ်စေလိုပြီး ဘောလုံးရာသီ ရပ်နားထား ချိန်၌ မည်သည့် ကစားသမားများကို ခေါ်ယူစာချုပ်ရန် စီစဉ်ထား ကြောင်း သိလိုနေသည်။


၎င်း၏အနာဂတ်သည် လာ မည့်နှစ်ချယ်လ်ဆီးကို မည်သူ ကိုင်တွယ်မည်လဲဆိုသည့် အပေါ် မူတည် ခြင်း ရှိ၊ မရှိ မေးမြန်းခံရစဉ် ဟာဇက် (၂၇) နှစ်က ‘‘ဟုတ် တယ်၊ ကျွန်တော်သိချင်ပါတယ်။ ဒါပေမဲ့ လောလောဆယ် ကမ္ဘာ့ ဖလားပြိုင်ပွဲကို အာရုံစိုက်ထား တယ်လို့ ပြောချင်ပါတယ်’’ ဟု ဖြေကြားသည်။

‘‘တကယ်လို့ ကျွန်တော်တို့ မှာ နည်းပြ၊ ဒါမှမဟုတ် ကစား သမားတွေပဲဖြစ်ဖြစ် တစ်စုံတစ်ခု အသစ်ရှိရင် ဒါကိုသိရတာ အမြဲ တမ်းကောင်းမွန်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ လာမယ့်ရာသီ မှာ ချယ်လ်ဆီးအတွက် အောင် မြင်မှုတွေ ပြန်လည်ဆောင်ကြဉ်း ရာမှာ အကူအညီပေးနိုင်တဲ့ကစား သမားတွေကို ကျွန်တော်အလိုရှိ လို့ပါ’’ ဟု ဟာဇက်က ထပ် လောင်း ပြောကြားသည်။

ဟာဇက်သည် ကမ္ဘာ့ဖလား အုပ်စု (G) ၌ အင်္ဂလန်၊ ပနားမား၊ တူနီးရှားတို့နှင့်အတူ ကျရောက် နေသည့် ဘယ်လ်ဂျီယံလက်ရွေး စင် အသင်းတွင် အဓိက ကစား သမားဖြစ်သည်။

—Ref:Reuters

Top News