ပထမဆုံးပွဲထွက်ကစားသည့်ပွဲတွင် ဘရာဇီးတိုက်စစ်မှူး နေမာဂိုးသွင်း

ဘရာဇီး တိုက်စစ်မှူး နေမာသည် ဒဏ်ရာပြဿနာမှရုန်းထွက်ပြီးနောက် ပွဲထွက် ကစားသမားစာရင်းတွင် ပထမ ဆုံးပါဝင်ခွင့်ရခဲ့သည့် သြစတြီးယားနှင့်ပွဲ၌ တစ်ဂိုးသွင်းယူခဲ့ သည်။


ဖေဖော်ဝါရီက ပီအက်စ်ဂျီ အတွက် ကစားရင်း ခြေချောင်းရိုး အက်ကွဲဒဏ်ရာရရှိပြီးနောက် ပထမဆုံး ပါဝင်ကစားခဲ့သော ပြီးခဲ့သည့် သီတင်းပတ်ကခရို အေးရှားကို ၂-၀ ဂိုးဖြင့် အနိုင်ရ သောပွဲတွင် နေမာသည် လူစား ဝင်ကစားသမားဖြစ်အဖြစ် တစ် ဂိုးသွင်းယူခဲ့သည်။

ယင်းနောက် ပွဲထွက်ကစား သမားအဖြစ် ကစားခွင့်ရခဲ့သော ဇွန်လ ၁၀ ရက်က သြစတြီးယား ကို သုံးဂိုးပြတ်အနိုင်ရသည့် ပွဲ၌ နေမာ (၂၆) နှစ်သည် ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။

ဗွေဆော်ဦးဂိုးကို မန်စီးတီး လူငယ်တိုက်စစ်မှူး ဂျီးဆပ်နှင့် အပိတ်ဂိုးကို ဘာစီလိုနာကွင်း လယ်လူ ကော်တင်ဟိုက သွင်းယူ ခဲ့သည်။

ဇွန်လ ၁၇ ရက်တွင် ဆွစ်ဇာ လန်နှင့် အုပ်စုအဖွင့်ပွဲစဉ်ကစား မည့် ဘရာဇီးသည် ယမန်နေ့က ရုရှားနိုင်ငံသို့ ရောက်ရှိလာသည်။

အဆုံးသတ်ပိုမိုကောင်းမွန်ရ မည်ဟု ဆိုသော်လည်း ဘရာဇီး နည်းပြ တိုက်သည် ၎င်း၏အသင်း အတွက် အလွန်အမင်းဂုဏ်ယူ ကြောင်း ပြောကြားသည်။

‘‘နေမာနဲ့ နည်းနစစ်ပိုင်းနဲ့ ဖန်တီး နိုင်စွမ်းက အထင်ကြီး လောက်စရာပါ’’ ဟု တိုက်က ပြောသည်။

ဘရာဇီးသည် ကမ္ဘာ့ဖလား အုပ်စု (E) တွင် ဆွစ်ဇာလန်နှင့် ကစားပြီးလျှင် ကော်စတာရီကာ၊ ဆားဘီးယားတို့နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ထိုအတောအတွင်း စပိန်နှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ် မတိုင်မီ ငါးရက်အလိုတွင် ရော်နယ်ဒို၏ ပေါ်တူဂီအသင်းသည် မော်စကို မြို့ အရှေ့တောင်ပိုင်း ကရာတိုဗို မြို့၌ လေ့ကျင့်ရေးဆင်းခဲ့သည်။

—Ref:AFP

Top News