■ အားကစား သတင်းတိုများ

ဂျာမနီပရိသတ်များ၏ လှောင်ပြောင်မှုများနှင့် နေထိုင်ရသည်မှာခက် ခဲသည်ဟု တူရကီနွယ်ဖွား ဂျာမနီလက်ရွေးစင် ဂန်ဒိုဂန်က ပြောသည်။ တူရကီသမ္မတ အာဒိုဂန်ကို ကျွန်တော့်သမ္မတဟု ဂန်ဒိုဂန်က ပြော ကြားပြီးနောက် ဂျာမနီပရိသတ်များက ၎င်းကို လှောင်ပြောင်ခဲ့သည်။
 

ဝေးလ်စ်လက်ရွေးစင် အသင်းနည်းပြဟောင်း ခရစ်ကိုးလ်မန်းသည် တရုတ်နိုင်ငံမှ  Hebei China Fortune အသင်းမန်နေဂျာအဖြစ် ခန့် အပ်ခံရသည်။ ဆန်းဒါးလန်းအသင်း လိဂ်ဝမ်းသို့ တန်းဆင်းခဲ့ရသော ဧပြီ ၁၂ ရက်ကစ၍ ကိုးလ်မန်း အလုပ်လုပ်မဲ့ ဖြစ်ခဲ့သည်။

အကျင့်ပျက်ခြစားမှုအတွက် ဂါဇာနိုင်ငံတွင် စုံစမ်းစစ်ဆေးနေသော ဖီဖာကောင်စီအဖွဲ့ဝင် ကွီစီယန်တက်ကီသည် ဖီဖာအဖွဲ့မှ နုတ်ထွက် သည်။

စနေ့နေ့က အမေရိကန်နှင့် တစ်ဂိုးစီသရေကျသောပွဲတွင် နဖူးကွဲ ခဲ့သော တိုက်စစ်မှူး ဂျီရော့ဒ်သည် ဇွန်လ ၁၅ ရက်၌ ကစားမည့် ပြင် သစ်နှင့် သြစတြေးလျတို့၏ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်တွင် ပါဝင်နိုင်မည် ဟု မျှော်လင့်ကြောင်း ပြင်သစ်အသင်းနည်းပြ ဒက်စ်ချမ့်ကပြောသည်။

ဗြိတိန်ပေါ့ပ်စတားရော်ဘီဝီလီယမ်သည် မော်စကိုမြို့ ကမ္ဘာ့ဖလား ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ဖျော်ဖြေမည်ဟု ဖီဖာနှင့် ပေါ့စတား၏ ကိုယ်စားလှယ်များက အတည်ပြုပြောကြားသည်။

လီဗာပူးက ရီးရဲလ်ကို ၃-၁ ဂိုးဖြင့် ရှုံးခဲ့သော ချန်ပီယံလိဂ်ဗိုလ်လု ပွဲတွင် ပခုံးဒဏ်ရာရရှိခဲ့သော အီဂျစ်တိုက်စစ်မှူး ဆာလက်သည်အ သင်းနှင့်အတူ ရုရှားနိုင်ငံ ဂရော့ဇနီမြို့သို့ ရောက်ရှိလာသော်လည်း လေ့ကျင့်ခန်း ဆင်းရာတွင် မပါဝင်ပေ။

Top News