အတိတ်က မအောင်မြင်မှုများကို အင်္ဂလန်အသင်းဂရုမစိုက်ဟု တိုက်စစ်မှူး ဟယ်ရီကိန်းပြော

၅၂ နှစ်ကြာ ဆုဖလား များနှင့် ဝေးကွာနေခြင်း အဆုံး သတ်လိုပါက အင်္ဂလန်အသင်းအ နေဖြင့် ကမ္ဘာ့ဖလားတွင် ထူးခြား အောင် လုပ်ပြရမည်ဟု ယုံကြည် ထားကြောင်း တိုက်စစ်မှူးဟယ်ရီ ကိန်းက ပြောသည်။

အင်္ဂလန်သည် ၁၉၆၆ က ကမ္ဘာ့ဖလားရခဲ့ပြီးနောက်ပိုင်း ထိုကဲ့သို့ အောင်မြင်မှုမျိုး ထပ်မံ မဖန်တီးနိုင်ခဲ့ဘဲ အဓိကပြိုင်ပွဲများ တွင် အမြင့်ဆုံး အကြိုဗိုလ်လုပွဲ အထိသာ တက်ရောက်နိုင်ခဲ့ သည်။ သို့သော် ဂါရက်ဆောက်သ် ဂိတ်၏ လူငယ်အများအပြားပါ ဝင်သော အသင်းသည် ယခင် ကမ္ဘာ့ဖလား မှတ်တမ်းများဖြင့် အာရုံထွေပြားရမည် မဟုတ်ဟု ဟယ်ရီကိန်းက ပြောသည်။

‘‘အဓိကကတော့ ထူးခြား အောင် လုပ်နိုင်တယ်လို့ ယုံကြည် ဖို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပေါင်း ၅၀ က ခက်ခဲခဲ့ပါတယ်။ အ ကြောင်းကတော့ ကျွန်တော်တို့ ဘာဆုဖလားမှ မရခဲ့လို့ပါ’’ ဟု ကိန်းက ပြောသည်။

‘‘ကျွန်တော်တို့အတွက် အ ရေးကြီးတာက ကိုယ့်ဘာသာ အာရုံစူးစိုက်ထားဖို့ ဖြစ်ပါတယ်။ အတိတ်ကာလက အသင်းတွေ၊ ဘာတွေ ပူပန်မနေဖို့ လိုပါတယ်။ ဒါဟာ ကျွန်တော်တို့ အသင်းပါ။ ကိုယ်ပိုင်အမှတ်အသားတွေ ရှိ တယ်။ ရှေ့ကိုပဲ ရှေးရှုပြီး ပျော် မွေ့ဖို့လိုပါတယ်’’ ဟု ဟယ်ရီ ကိန်းက ဆက်လက်ပြောသည်။

ထို့အပြင် အင်္ဂလန်အသင်း သည် ပင်နယ်တီ လေ့ကျင့်နေ သည်ဟု ဟယ်ရီကိန်းကဆိုသည်။ အင်္ဂလန်သည် ကမ္ဘာ့ဖလားပင် နယ်တီကန်သွင်းရာတွင် ဆိုးရွား သော မှတ်တမ်းရှိပြီး ပင်နယ်တီ ဖြင့် သုံးကြိမ်ရှုံးနိမ့်ခဲ့သည်။

နေ့စဉ်လေ့ကျင့်ခန်း ဆင်းပြီး တိုင်း ပင်နယ်တီ မလေ့ကျင့်သော် လည်း အချို့ရက်များတွင် ထည့် သွင်းလေ့ကျင့်ကြောင်း  ဟယ်ရီ ကိန်းက ပြောသည်။

ထိုအတောအတွင်း ဂျိမ်းစ် မီနာကဲ့သို့ ဝါရင့်ကစားသမားများ က လူငယ်များ ကစားပုံတိုးတက် အောင် ကူညီနိုင်သည်ဟု လီဗာပူး နှင့် အင်္ဂလန်ညာ နောက်ခံလူအ လက်ဇန်းဒါးအာနိုးလ် (၁၉) နှစ် က ပြောသည်။ —Ref:Skysports

Top News