မန္တလေးတွင် ပရဆေးလုပ်ငန်းလုပ်ကိုင်သည့် နေအိမ်မှ ဆင်သားရေနှင့် တိရစ္ဆာန်ဦးချို အများအပြားဖမ်းမိ

မန္တလေးတွင် ဖမ်းဆီးရမိသည့် တိရစ္ဆာန်ဦးချိုများ (ဓာတ်ပုံ - မန္တလေးတိုင်းဒေသကြီးသစ်တောဦးစီးဌာန)

မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ်ရှိ ပရဆေးရောင်း ဝယ်ရေးလုပ်ကိုင်သည့် အိမ်တစ် အိမ်မှ ဆင်သားရေ၊ တောရိုင်းတိရစ္ဆာန်ဦးချိုနှင့် တိရစ္ဆာန်အရိုး အများအပြားဖမ်းဆီးရမိကြောင်းမန္တလေးတိုင်းဒေသကြီး သစ်တော ဦးစီးဌာန တာဝန်ရှိသူများက ပြောသည်။


ဝင်းထိုက်ချမ်းသာအမည် ဖြင့် ပရဆေးအရောင်းအဝယ်လုပ် ကိုင်သည့် နေအိမ်တွင် တောရိုင်း တိရစ္ဆာန်ထွက်ပစ္စည်းများ သို လှောင်ထားရှိကြောင်း သတင်း အရ ဇွန်လ ၉ ရက်က ပူးပေါင်း အဖွဲ့များဖြင့် ဝင်ရောက်ရှာဖွေရာ တွင် နေအိမ်မြေအောက်ခန်းအ တွင်း ဆာလာအိတ်များဖြင့် ထုပ် ပိုးသိမ်းဆည်းထားသည့် ဆင်သားရေ၊ သမင်ချို၊ ဆတ်ချို၊ ပြောင်ချို၊ တောင်ဆိတ်ချိုနှင့် မြွေရေခွံများ ဖမ်းဆီးရမိခဲ့သည်ဟု သွားရောက် စစ်ဆေးရာတွင် ပါဝင်သည့် သစ် တောဦးစီးဌာန တာဝန်ရှိသူတစ် ဦးက ပြောသည်။

သိမ်းဆည်းရမိသည့် တော ရိုင်းတိရစ္ဆာန်ပစ္စည်းများသည် အရေအတွက် ၂,၂၀၀ ကျော်၊ အ လေးချိန် ပိဿာ ၁,၁၀၀ ကျော်ရှိ ပြီး ဆင်သားရေ ခြောက်ပိဿာ၊ သမင်ချို အချောင်း ၇၀၊ ဆတ်ချို ၁,၀၉၇ ချောင်း၊ ပြောင်ချို ၈၈၉ ချောင်း၊ သမင်ချို ၈၉ စုံ၊ ဆတ်ချို ၅၈ စုံ၊ တောင်ဆိတ်ချို ၃၃ စုံ၊ ပြောင်ချို ၈၈၉ ချောင်း၊ ကြောင် သားရေလေးခု၊ ချေသားရေသုံးခု၊ မြွေရေခွံတစ်ခု၊ အမျိုးအမည်မသိ တိရစ္ဆာန်ဦးခေါင်းခွံ ၁၀ ခုဖြစ် ကြောင်း သစ်တောဦးစီးဌာန မှတ် တမ်းများတွင် ဖော်ပြထားသည်။

‘‘ကနဦး စစ်ဆေးချက်တွေ အရ ဆင်သားရေတွေလည်း ပါ တယ်။ တောရိုင်းတိရစ္ဆာန်တွေရဲ့ ဦးခေါင်းတွေ၊ ချိုတွေပါတယ်။ တချို့ကိုတော့ အမျိုးအစားခွဲခြား နိုင်ခြင်းမရှိသေးဘူး။ တောရိုင်း တိရစ္ဆာန် ကာကွယ်ရေးဥပဒေတွေ အရ အရေးယူမယ်ဆိုရင် ကာ ကွယ်တားမြစ်ထားတဲ့ တောရိုင်း တိရစ္ဆာန်အမျိုးအစားအလိုက် အ ရေးယူရတာဖြစ်တဲ့အတွက် အမျိုး အမည်ခွဲခြားဖို့ ဆောင်ရွက်နေ တယ်’’ဟု သစ်တောဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးတင့်ဆွေ က ပြောသည်။

သိမ်းဆည်းရမိသည့် အဆိုပါ ပစ္စည်းပိုင်ရှင်ကို အမှတ် (၁၁)ရဲစခန်းတွင် အမှုဖွင့်အရေးယူမည်ဟု သစ်တောဌာန တာဝန်ရှိသူ များက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ တောဆင်ရိုင်းများနှင့် တောရိုင်း တိရစ္ဆာန်အချို့ မကြာခဏသတ် ဖြတ်ခံနေရ၍ မျိုးသုဉ်းမည့်အန္တ ရာယ်ရှိနေကြောင်း မြန်မာနိုင်ငံ တွင်း တောရိုင်းတိရစ္ဆာန်ထိန်း သိမ်းကာကွယ်ရေး ဆောင်ရွက် နေသည့် သားငှက်ထိန်းသိမ်းရေး အဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှဒေါ်မြသီတာအောင်က ပြော ကြားသည်။

၎င်းတို့အနေဖြင့် သစ်တော ဌာနနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ တောရိုင်းတိရစ္ဆာန်များ တရား မဝင်ရောင်းဝယ်ဖောက်ကားခြင်း မရှိစေရန် ပညာပေးလုပ်ငန်းများ၊ တားဆီးနှိမ်နင်းရေးဆိုင်ရာ သင် တန်းများ ပို့ချပေးနေကြောင်း ၎င်း က ဆိုသည်။

‘‘အရင်ကတော့ ကားတွေ ပေါ်က မိတာပေါ့။ မြို့ပေါ် အိမ် တစ်အိမ်ကနေ ဒီလောက်အရေ အတွက် အများကြီးမိတာတော့ ဒီနှစ်ပိုင်းထဲတော့ မန္တလေးမှာ ဒါ ပထမဆုံးဖြစ်မယ်ထင်တယ်’’ဟု မန္တလေးမြို့တွင် တောရိုင်း တိရစ္ဆာန်ထွက်ပစ္စည်းအများအ ပြား ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ဒေါ်မြသီတာအောင်က မှတ်ချက် ပြုသည်။

သိမ်းဆည်းရမိသည့် တော ရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများကို အမှုပြီးစီးပါက မီးရှို့ဖျက်ဆီးရ မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၉ ရက်က ပဲခူးတိုင်း ဒေသကြီး ပြည်မြို့၌ တောရိုင်း တိရစ္ဆာန်ထွက်ပစ္စည်းများ ခွင့်ပြု ချက်မရှိဘဲ လက်ဝယ်ထားရှိသည့် နေရာနှစ်ခုကို ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ သင်းခွေချပ်၊ ဝက်ဝံလက်သည်း၊ ဝက် စွယ်၊ ဆိတ်ချို စသည့်တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းအများအ ပြား ဖမ်းဆီးရမိခဲ့သည်။

More in News Section

Top News