ထိုင်းတွင် မြန်မာအပါအ၀င် တရားမ၀င်ပြည်ပ လုပ်သားများကို ဇူလိုင် ၁ ရက်တွင် စတင်ဖမ်းဆီးမည်ဟု ထိုင်းအလုပ် သမားဝန်ကြီးပြော

ထိုင်းနိုင်ငံအတွင်း တ  ရားမ၀င်အလုပ်လုပ်ကိုင်နေသော  မြန်မာလုပ်သားများအပါအ၀င် နိုင်ငံခြားသား လုပ်သားများကို လာမည့် ဇူလိုင် ၁ရက်ကစတင်၍  ရှာဖွေဖမ်းဆီးမည်ဟု ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးက ကြေညာ ခဲ့သည်။

ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီး မစ္စတာ အဒွန်းဆန်လ်ဆင်  ကယောက်သည် ဇွန်လ ၉ရက် တွင်ပြုလုပ်သည့် ရွှေ့ပြောင်းအ လုပ်သမားဆိုင်ရာ အစည်းအဝေး တွင် ယင်းသို့ကြေညာခြင်းဖြစ် သည်။
    
‘‘ဒါက အရင်ကလည်း ၀န် ကြီးကပြောတယ်လေ။ အခုဖြေ လျှော့ပေးတာနောက်ဆုံးပဲ။ နောက်ထပ် ထပ်မပေးတော့ဘူး လို့လည်း ပြောထားတယ်။ ဟို ရက်ကလည်း ဒီက (မြန်မာသံရုံး)  အလုပ်သမားသံအရာရှိကလည်း  ကြေညာတယ်လေ။ သတ်မှတ် ရက်အတွင်းလုပ်ကြပါလို့’’ ဟု ထိုင်းအလုပ်သမားဝန်ကြီး ကြေ ညာမှုနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး ဦး မျိုးမြင့်သန်းက ပြောသည်။
    
ထိုင်းနိုင်ငံတွင်ရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက် ပြီး ဥပဒေသစ်ပြဋ္ဌာန်းပြီးနောက် အထောက်အထားမရှိသော မြန် မာလုပ်သာများအပါအ၀င် နိုင်ငံ ခြားသားလုပ်သားများကို နိုင်ငံ သားဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) များပြုလုပ်ပေးနေ ရာ ၂၀၁၈ ဇွန်လ ၃၀ ရက် နောက် ဆုံးပြုလုပ်ရန် ထိုင်းအစိုးရက သတိပေးထားသည်။
  
 ထို့အပြင် ထိုင်းရောက်မြန် မာလုပ်သားများကို CI၊ ဗီဇာနှင့် အလုပ်ပါမစ်များ ဇွန်လ ၃၀ ရက်အပြီးဆောင်ရွက်ရန် ထိုင်း အစိုးရက နောက်ဆုံးအကြိမ်အ ဖြစ်လျှော့ပေးထားသောကြောင့် သတ်မှတ်ရက်အတွင်း အပြီး ဆောင်ရွက်ရန် ထိုင်းနိုင်ငံဆိုင် ရာမြန်မာသံရုံးက ဇွန်လ ၉ ရက် တွင် သတိပေးထုတ်ပြန်ထား သည်။
    
CI စာအုပ်များပြုလုပ်ပြီးသူ များသည် ၂နှစ်သက်တမ်းရှိ ဗီဇာ နှင့် အလုပ်ပါမစ် သက်တမ်းတိုး မှု ဆက်လက်ဆောင်ရွက်ရန် လို အပ်ပြီး ထိုဆောင်ရွက်မှုကို ဇွန်လ ၃၀ ရက်နောက်ဆုံးသတ်မှတ် ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
    
ထိုသို့ အထောက်အထား များပြုလုပ်နေစဉ် ဖမ်းဆီးခြင်းမပြု ရန်ထိုင်းအစိုးရ ဆုံးဖြတ်ခဲ့သည်။
    
‘‘အထောက်အထားမမှန်သူ တွေ၊ အထောက်အထားမပြည့် စုံသူတွေအနေနဲ့ ပြည့်စုံသူတွေ အနေနဲ့ အချိန်မီလုပ်သင့်တာ တွေလုပ်ထားကြဖို့နဲ့  အထောက် အထားလုံးဝမရှိသူအနေနဲ့ နေရပ်  ပြန်ကြဖို့ အရေးကြီးပါတယ်။ စီမံချက်နဲ့ ဖမ်းမှာဖြစ်လို့ ပြစ်ဒဏ် တွေပါ ကျခံရမယ့်အခြေအနေမျိုး ထိရှိနိုင်ပါတယ်’’ ဟု ထိုင်းရောက်  မြန်မာလုပ်သားများအရေး ကူညီ ပေးနေသူ ကိုစိုးလင်းအောင်က ပြောသည်။
    
ထို့အပြင် အကြောင်း အမျိုး မျိုးကြောင့် အထောက်အထား လက်ဝယ်မရှိသူများ၊ အထောက် အထားပြုလုပ်ထားသော်လည်း သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ Semi  Process ဖြင့်ရပ်တန့်နေရ သူများ၊  အထောက်အထားမရှိဘဲ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက် လာသူအားလုံးသည် လက်ရှိအ ခြေ အနေတွင်မိမိတို့နိုင်ငံသို့ အေးချမ်းစွာပြန်၍ နှစ်နိုင်ငံသ ဘောတူစာချုပ် (MoU) ဖြင့်သာ ပြန်လည်ဝင် ရောက်လုပ်ကိုင်ရန် မြန်မာသံရုံးက သတိပေးထား သည်။
    
ထိုင်းရောက်မြန်မာလုပ် သားများကို ၂၀၁၇ မတ်လကစ တင်၍ CI စာအုပ်များပြုလုပ်ပေး နေရာ လက်ရှိအထိ လူ၁၁ သိန်း ကို CI စာအုပ်များထုတ်ပေးထား သည်။

More in News Section

Top News