အသက်ကယ်ဆေးသုံးလုံးထိုးထားရတဲ့ သရုပ်ဆောင်ကစ်ကစ် ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာ

ဟာသ​ သရုပ်ဆောင် ကစ်ကစ်သည် ဆီးချို၊ သွေးချို နှင့် ကျောက်ကပ်ရောဂါပြင်း ထန်စွာခံစားနေရပြီး ဇွန်လ ၇ရက် ကစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေသည်။ 


‘‘ဆီးမသွားဘဲ ဆီးလမ်း ကြောင်းမှာ ပိုးဝင်ပြီး ဆီးသွားတာ နည်းလာတယ်။ ၀မ်းကလည်း ချုပ်၊ ဆီးကလည်း ချုပ်ပြီး တ ဖြည်းဖြည်းနဲ့ ပိုးဝင်ပြီးအခုလိုဖြစ် တာပေါ့။ စဖြစ်တာက သမီးသီ ချင်းဆိုတာလိုက်သွားရင်းဖြစ်တာ ပေါ့။ အဲဒီနေရာမှာ အိမ်သာမရှိ ဘူး။ အောင့်ထားရင်းကနေဖြစ် တာပေါ့။ ဆေးကုတယ်ဆိုတာက လည်း ထုံးစံအတိုင်းပိုက်ဆံရှိမှ ဖြစ်မှာလေ။ မရှိတော့ ရောဂါတွေ စုထားရင်းနဲ့ဖြစ်သွားတာပေါ့။ ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်ထိ ဖြစ်မယ်မှန်းလည်းမသိပါဘူး။ အ ရေးပေါ်ခန်းရောက်တော့ သတိ လစ်နေပြီ။ အစက အသက်ကယ် ဆေးတစ်လုံးထိုးတယ်။ မရဘူး။  မရတဲ့အခါကျတော့ ကြိုးစားပေး မယ်ဆိုပြီး နောက်ထပ်နှစ်လုံး ထပ်ထိုးတယ်။ နောက်ဆုံးတစ်လုံး ကျတော့ ရသွားတယ်’’ ဟု ကစ် ကစ်က ၎င်း၏ကျန်းမာရေးအခြေ အနေကို  ဇွန်လ ၁၁ရက်တွင်ပြော သည်။ အသက်ကယ်ဆေးထိုးပြီး နောက်ပိုင်း သွေးတိုးလာသဖြင့် သွေးကျရန်ပြုလုပ်ပြီး ၁၈၀ အထိ ကျမှ အရေးပေါ်အခန်းမှ ပြောင်း ရွှေ့ရကြောင်း၎င်းဆိုသည်။ 

‘‘ဆရာဝန်တွေကပြောပါ တယ်။ နောက်ထပ်တစ်နာရီ လောက်နောက်ကျရင် မရတော့ ဘူးတဲ့။ ဆေးရုံတက်တာငါးရက်ရှိ ပြီ။ တော်တော်လေးကောင်းသွား ပါတယ်။ အသက်ရှူမကျပ်တော့ ဘူး။ဝမ်းလည်းမှန်သွားတယ်။ဆီး လည်းသွားလိုက်တော့ လူကတ ဖြည်းဖြည်းနဲ့ပေါ့ပါးသွားတယ်။ ဒါပေမဲ့ ဖောတာရောင်တာတွေ တော့ မကျသေးဘူး။ ဗိုက်ကြီးက သံတုံးလို မာတောင်နေတာမကျ သေးဘူး။ မျက်လုံးကတော့မမြင် ရဘူး။ ၀ါးနေတယ်’’ ဟု ကစ်ကစ် က ပြောသည်။ 

ကျန်းမာရေး အခြေအနေ ကြောင့်  ဇာတ်ကားမရိုက်ဖြစ် သည်မှာတစ်နှစ်ခန့် ရှိပြီဖြစ်သည့် အပြင် သမီးဖြစ်သူလည်း ပြီးခဲ့ သည့် တက္ကသိုလ်ဝင်စာမေးပွဲကို မဖြေဆိုခဲ့ရပေ။ 

‘‘ဇာတ်ကားမရိုက်ရတာ တစ်နှစ်နီးပါးလောက်ရှိပြီ။ရှုတင် ရှိတော့ စားရတယ်။ ရှုတင်မရှိ တော့မစားရဘူး။ သမီးလေး လည်းမနှစ်က စာမေးပွဲမဖြေ လိုက်ရဘူး။  ဒီနှစ်တော့ပြန်ဖြေ ခိုင်းမယ်။ အောင်အောင်ပေါ့။ သမီးလေးက  အဆိုတော်ဝါသနာ ပါတယ်။ ဒါပေမဲ့ ဆယ်တန်းလေး ကို အရင် အောင်အောင်ဖြေခိုင်းပြီး မှပဲ သူဝါသနာပါတာကို လုပ်စေ ချင်တယ်’’ ဟု သမီးအပေါ် ၎င်း၏ စိတ်ဆန္ဒကိုပြောသည်။ 

ဆီးချို၊ သွေးချိုနှင့်  ကျောက်ကပ်ရောဂါအခံရှိသည့်အပြင် ခြေထောက်တွင် သွေးကြောများ ပိတ်နေသောကြောင့်  ထိုင်မရ၊ ထမရဖြစ်နေသည့်အပြင် အမြင့် သို့လည်းတက်၍ မရပေ။ 

ရောဂါခံစားနေရသည့် အ ပြင် ငွေကြေးအခက်အခဲများ ကြောင့် စိတ်ဓာတ်ကျသော်လည်း ကိုယ့်ကိုယ်ကိုယ် အားတင်းထား ကြောင်း ကစ်ကစ်က ပြောသည်။ 

‘‘ဆီးချိုးရောဂါပြင်းထန်တာ ကြောင့် ကျောက်ကပ်အနေအ ထားကလုံးဝပြန်မကောင်းနိုင် တော့ပါဘူး။ ခြေလက်များနဂိုအ တိုင်းဖောရောင်နေပြီး ၀မ်းဗိုက် ကလည်း ပူတင်းပြီးမာတောင့်နေ ဆဲဖြစ်နေပါတယ်။ အစာလေး  တော့အနည်းငယ်စားနိုင်နေပါ တယ်။ တာဝန်ကျဆရာဝန်များက ကြပ်မတ်ကုသပေးနေပါတယ်’’ ဟု ၎င်းကို ဆေးရုံသို့လိုက်ပါပို့ ဆောင်ပေးသူ အနုပညာသစ်ပြ တိုက်ဖောင်ဒေးရှင်းမှ တေးရေး မင်းကို ကပြောသည်။

Top News