အောင်မင်္ဂလာအဝေးပြေးတွင် ဇွန်လ ၁၇ ရက်စ၍ ၂၄ နာရီ ကျန်းမာရေး ၀န်ဆောင်မှုပေးမည်

ဆေးခန်းဖွင့်ရန် ၀န်ကြီးဌာနနှင့်ဒီချုပ် အမျိုးသမီးကော်မတီ တာဝန်ရှိသူများ ၊ကားဝင်းမှ စေတနာရှင်များ ဇွန်လဆန်းက အစည်းအဝေးပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ − NLD ဗဟိုအမျိုးသမီးကော်မတီ)

ရန်ကုန်မြို့ အောင် မင်္ဂလာအဝေးပြေးကားဝင်းတွင် ဇွန်လ ၁၇ ရက်ကစတင်၍ခရီးသွား ပြည်သူများ ၂၄ နာရီဆေးကုသမှု ခံယူနိုင်မည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုအမျိုးသမီးကော်မတီနှင့် စေတနာရှင် ယာဉ်လိုင်းပိုင်ရှင် များ ကမကထပြု ဆောင်ရွက် မှုဖြင့် အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း၌ ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်ရှိ ၂၄ နာရီအရေးပေါ် ကျန်းမာရေးဝန် ဆောင်မှုဆေးခန်းဖွင့်လှစ်မည် ဖြစ်ကြောင်း ဒီချုပ်အမျိုးသမီး ကော်မတီပြောရေးဆိုခွင့်ရှိသူများ က ပြောသည်။

‘‘ကျေးလက်ဆေးပေးခန်း အဆင့်ဖြစ်တယ်။ သူနာပြုတို့၊ သားဖွားတို့လည်း ရှိမယ်။ နေ့စဉ် နဲ့အမျှ ထိခိုက်မိတဲ့သူတွေရှိတယ်။ မီးဖွားကြတဲ့သူတွေရှိတယ်။ ရုတ် တရက်မူးဝေတာတို့၊ ချက်ချင်း ကားပေါ်ကမဆင်းနိုင်လို့ ကား ပေါ်မှာသတိလစ်နေတယ်အထင် နဲ့ သွားကြည့်တဲ့အခါမှ အသက် မပါလာနိုင်တော့တဲ့ လူနာတွေ လိုမျိုးပေါ့။ ရုတ်တရက်၊လတ်တ လောဆေးကုသမှုခံယူဖို့ လိုတဲ့ သူတွေအတွက် ရည်ရွယ်ပါ တယ်’’ ဟု ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာကပြောသည်။

ဒီချုပ်ဗဟိုအမျိုးသမီးကော် မတီနှင့်အလှူရှင်များက ကမက ထပြု၍ ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနထံ ကျေးလက် ဆေးပေးခန်းနေရာလှူဒါန်းထား ကာ ဆေးပေးခန်းဖြစ်မြောက်ပါ က ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ထမ်းများအပြင် အမျိုးသမီးကော်မတီနှင့် အလှူ ရှင်များက လိုအပ်သည့်ဆရာဝန် နှင့် ဆေးပစ္စည်းများ လှူဒါန်းမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

 အဆိုပါ ဆေးပေးခန်းဖွင့် လှစ်ပါက ယာဉ်လိုင်း ၂၈၁ လိုင်း နှင့်တစ်ရက်လျှင် ခရီးသည်လေး သောင်းကျော်အတွက် ကျန်းမာ ရေး စောင့်ရှောက်နိုင်မည် ဖြစ်သည်။

More in News Section

Top News