မွန်ပြည်နယ်ရှိ DENKO စက်သုံးဆီဆိုင် ခုနစ်ဆိုင်ကို ခွင့်ပြုချက်မရှိ ရောင်းချသဖြင့် အရေးယူထား

မွန်ပြည်နယ်အတွင်း DENKO စက်သုံးဆီဆိုင်ခုနစ်ဆိုင် ကို တရားဝင် ခွင့်ပြုချက်မရှိဘဲ စက်သုံးဆီ ရောင်းချသဖြင့် အရေး ယူထားကြောင်း ပြည်နယ်အစိုးရ အဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့် သန်းဝင်းက ပြောသည်။

ဥပဒေနှင့်အညီ အရေးယူခံ ထားရသည့် DENKO စက်သုံးဆီ ဆိုင် ခုနစ်ဆိုင် မြေနေရာသည် ယခင် ပြည်နယ်ပုဂ္ဂလိကပိုင်ပြု လုပ်ရေးကော်မရှင်မှ ရွှေသံလွင် ကုမ္ပဏီသို့ လွှဲပြောင်းရောင်းချခဲ့ သည့် မြေများဖြစ်သည်။ ယင်းမြေ ပေါ်တွင် ရွှေသံလွင်အမည်ဖြင့် မဟုတ်ဘဲ DENKO အမည်ဖြင့် စီးပွားရေးလုပ်ကိုင်သည်မှာ ဥပ ဒေနှင့်မညီသဖြင့် ဇွန်လ ပထမပတ်ကစ၍ ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ အရ သက်ဆိုင်ရာ နယ်မြေရဲစခန်း အသီးသီးတွင် အမှုဖွင့်ထား ကြောင်း ရဲမှတ်တမ်းတွင် ရေးသား ထားသည်။

‘‘ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က ရွှေသံလွင်ကုမ္ပဏီ အမည်နဲ့ ပေးထားတယ်။ ရွှေသံ လွင်က ဘာလို့ DENKO ဖြစ်လဲ ဆိုတာ ပြည်နယ်အစိုးရက စိစစ် ခိုင်းလိုက်တယ်။ စိစစ်လိုက်တော့ ပေါ်လာတယ်။ ပြည်ထောင်စုကို တင်ပြလိုက်တယ်။ တင်ပြလိုက် တဲ့အပေါ် စွမ်းအင်ဝန်ကြီးဌာနက ဆိုင်တွေကို ဥပဒေနဲ့အညီ အရေး ယူလိုက်တယ်။ DENKO ဆီဆိုင် က ရောင်းချခွင့်လိုင်စင်မရှိလို့ပါ’’ ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

တရားဝင်ခွင့်ပြုချက်မရှိဘဲ စက်သုံးဆီဆိုင် တိုးချဲ့ပြင်ဆင် တည်ဆောက်၍ စက်သုံးဆီဖြန့် ဖြူးရောင်းချသဖြင့် ဆိုင်တာဝန်ခံ ကို အရေးယူထားကြောင်း၊ DEN-KO စက်သုံးဆီဆိုင်ခုနစ်ဆိုင်သည် မော်လမြိုင်ခရိုင်အတွင်း ပြည်နယ်အစိုးရရုံးအနီးရှိ ဆီဆိုင်တစ်ဆိုင်နှင့် သထုံခရိုင်အတွင်း ဆီဆိုင် ခြောက်ဆိုင်ဖြစ်ကြောင်း ပြည်နယ်အစိုးရတာဝန်ရှိသူတစ်ဦးက ဆို သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ DENKO စက်သုံးဆီဆိုင်တာဝန်ခံ ကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ပေ။ ဇွန်လ ပထမပတ်တွင် အရေးယူထား သည့် DENKO စက်သုံးဆီဆိုင်များ ယခုအချိန်ထိ ရောင်းချနေ ကြောင်း မော်လမြိုင်မြို့နေ ဦးမောင်မြင့်က ဆိုသည်။

မွန်ပြည်နယ်အတွင်း အစိုးရ ဓာတ်ဆီဆိုင် ၁၇ ဆိုင်ရှိပြီး ၂၀၁၀ တွင် ပုဂ္ဂလိကသို့ အပြီးအပြတ် ရောင်းချခဲ့သည်။

More in News Section

Top News