သတင်းထောက်တစ်ဦးကို မော်လမြိုင်ဆေးရုံအတွင်း သော့ခတ်တားမြစ်မှု ကန့်ကွက်ရှုတ်ချကြောင်း ဂျာနယ်လစ်ကွန်ရက်ထုတ်ပြန်

 မွန်ပြည်နယ်အခြေ စိုက် ဧရာဝတီသတင်းဌာန၏ သတင်းထောက်ကို မော်လမြိုင် ဆေးရုံအတွင်း သော့ခတ်တားမြစ် မှုအတွက် ကန့်ကွက်ရှုတ်ချ ကြောင်း မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်က ဇွန်လ ၁၂ ရက်တွင် သတင်းထုတ်ပြန် သည်။

မော်လမြိုင် စက်မှုဇုန်ရှိ ခနောက်စိမ်း သတ္တုသန့်စင်စက် ရုံမှ ဝန်ထမ်းတစ်ဦး နာမကျန်းဖြစ် ၍ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး ၌ တက်ရောက်ကုသနေမှုကို ဇွန်လ ၁၀ ရက်တွင် ဧရာဝတီ သတင်းထောက် ကိုဉာဏ်စိုးဝင်း က သတင်းရယူရာတွင် သတင်း မေးမြန်းမှုများ၊ အချက်အလက် များကို ဆေးရုံအုပ်ကြီး၏ ခွင့်ပြု ချက်မရှိဆိုကာ တာဝန်ကျ ဆရာဝန်များက အတင်းအကျပ်ဖိအား ပေးဖျက်ခိုင်းခဲ့ကြောင်း သိရသည် ဟု ထုတ်ပြန်ချက်က ဆိုသည်။


သို့သော် သတင်းထောက်က ဖျက်ပေးခြင်းမရှိဆိုကာ ဆေးရုံ စောင့်က ဆေးရုံဆောင်အတွင်း သတင်းထောက်ကို သော့ခတ် တားမြစ်ခဲ့ကြောင်း ဖော်ပြထား သည်။

 သတင်းမီဒီယာသမားများ သည် ဆေးရုံ၌ သတင်းယူရာတွင် လူနာဘဝရပ်တည်ရန် ခက်ခဲ သည့် ဓာတ်ပုံမှတ်တမ်းများနှင့် အရှက်ရစေမည့် အကြောင်းအရာ များ ရိုက်ကူးဖော်ပြခွင့်မရှိ ကြောင်း လက်ခံထားပြီး သတင်း မီဒီယာကျင့်ဝတ်တွင်လည်း ထိုသို့ ဖော်ပြခွင့်မရှိကြောင်း ကန့်သတ် ထားပြီးဖြစ်ပါသည်။ ထို့ကြောင့် သတင်းရယူခွင့်ကို ဟန့်တား နှောင့်ယှက်ပြီး သတင်းမီဒီယာ သမားများကို ချုပ်နှောင်တားဆီး ခြင်းအား ကန့်ကွက်ရှုတ်ချပါ ကြောင်း ပါရှိသည်။

 သတင်းထောက်ကို အတင်း အကျပ်ဖိအားပေး၍ သတင်းများ ဖျက်ခိုင်းခြင်း၊ ဆေးရုံဆောင်အ တွင်း သော့ခတ်ခံရသဖြင့် အဆိုပါ သတင်းထောက်က ပြည်နယ် လွှတ်တော်ရုံး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ ၎င်း၏ သတင်းဌာနထံ ဇွန်လ ၁၁ ရက်တွင် အသိပေးစာပေးပို့ခဲ့ကြောင်း ကာယကံရှင် သတင်းထောက် ကိုဉာဏ်စိုး ဝင်းက ဆိုသည်။

‘‘ဌာနဆိုင်ရာ တချို့နေရာ တွေမှာ ကန့်သတ်တာက ဥပဒေ နဲ့ မညီဘူး။ သတင်းအချက်အ လက်ကို ဖျက်ပေးဖို့ မီဒီယာဥပဒေ မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက် တွေနဲ့ မညီဘူး။ ဆေးရုံဆိုတာ လူအများကို ဝန်ဆောင်မှုပေးတဲ့ နေရာမှာ လူတစ်ယောက်ကို သွား လာဖို့မရအောင် သော့ခတ်ထား တာ ရာဇသတ်ကြီးဥပဒေနဲ့လည်း မညီဘူး။ အောက်ခြေမှာဖြစ်တဲ့ ကိစ္စကို သိစေချင်လို့ လွှတ်တော် ကို အသိပေးစာပေးပို့ထားတယ်။ ဆေးရုံက ဆရာဝန်တွေကိုတော့ တရားပြန်စွဲဖို့ မရှိဘူး’’ဟု မော်လ မြိုင်မြို့မှ ဧရာဝတီသတင်း ထောက် ကိုဉာဏ်စိုးဝင်းက ပြော ကြားသည်။

အထက်ပါကိစ္စရပ်နှင့်ပတ် သက်၍ သက်ဆိုင်ရာ ဆေးရုံသို့ သွားရောက်ကာ တာဝန်ကျဆရာ ဝန်များကို မေးမြန်းသော်လည်း ဆေးရုံအုပ်မရှိကြောင်း တာဝန်ရှိ သူများက ဇွန်လ ၁၂ ရက်တွင် ဖြေကြားသည်။

မည်သူမဆို တစ်ဦးတစ် ယောက်သောသူကို မသွားမလာ၊ တားဆီးရန် မတရားတားဆီးချုပ် နှောင်ထားမှုသည် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၄၀ ဖြင့် ငြိစွန်းသော ကြောင့် တရားစွဲဆိုနိုင်သော် လည်း အဆိုပါ သတင်းကို အစိုးရ ဘက်က အတိအကျမသိသေး သဖြင့် အပြည့်အစုံမဖြေကြားလို ကြောင်း အစိုးရအဖွဲ့ဝင်ဝန်ကြီး တစ်ဦးက မှတ်ချက်ပြုသည်။

 ‘‘ဒီသတင်းနဲ့ပတ်သက်ပြီး ကာယကံရှင်ဖြစ်တဲ့အတွက် မရေးဘူး။ အစ်ကို့ဌာနကိုလည်း အဲဒီသတင်းမပို့သလို ဘယ် သတင်းဌာနကိုမှ မပို့ဘူး။ ဧရာ ဝတီသတင်းဌာနကိုတော့ ပြောပြ ထားတယ်။ အရေးမယူဖို့လည်း ပြောထားတယ်’’ဟု ကိုဉာဏ်စိုး ဝင်းက ပြောသည်။

Top News