ရှမ်းတောင်၌ လိုင်စင်မဲ့ယာဉ်များကို ဇွန် ၁၅ ရက်တွင် စတင်အရေးယူမည်

ပညာ​ပေးကာလအတွင်း ဖမ်းဆီးထားသည့်​ လိုင်​စင်​မဲ့ယာဉ်​များ (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)

ရှမ်းပြည်နယ်တောင် ပိုင်း၌ လိုင်စင်မဲ့ယာဉ် အသုံးပြုနေသူများကို ဇွန်လ ၁၅ ရက်က စတင်ကာ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း အမှတ် (၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်)  တာဝန်ခံရဲမှူးမျိုးဇော်အောင်က ပြောသည်။

လိုင်စင်မဲ့ယာဉ် အသုံးပြု၍ ရာဇဝတ်မှုကျူးလွန်ခြင်း၊ တရား မဝင် သစ်မှောင်ခိုလုပ်ငန်းပြုလုပ် ခြင်း၊ မူးယစ်ဆေးဝါးနှင့်လက်နက် ခဲယမ်းသယ်ဆောင်မှု ရှိနေခြင်း ကြောင့် ၎င်းတို့ကို ဖမ်းဆီးအရေး ယူရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန် ကြီးက ညွှန်ကြားထားသည်ဟု ၎င်းကပြောသည်။

‘‘ရှမ်းပြည်နယ်တောင်ပိုင်း အတွင်းမှာ လိုင်စင်မဲ့ယာဉ်တွေ ပပျောက်ဖို့ ပြည်နယ်လူကြီးတွေ က စီမံချက်ရေးဆွဲ ဆောင်ရွက်နေ ပါတယ်’’ ဟု ရဲမှူးမျိုးဇော်အောင် က ပြောသည်။

ထိုသို့ဖမ်းဆီးရာတွင် နေရာ တစ်ခုတည်း၌ အတည်တကျ စောင့်ဖမ်းမည်မဟုတ်ဘဲ ရဲတပ် ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ကညနအစရှိ သည့် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တ ခင် စစ်ဆေးဖမ်းဆီးမည်ဖြစ် ကြောင်း ရဲမှူးမျိုးဇော်အောင်က ပြောသည်။

လတ်တလောတွင် ပညာ ပေးကာလအနေဖြင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့က သတိပေးခြင်း၊ ၂၀၁၅ မော်တော်ယာဉ်ဥပဒေဖြင့် အရေး ယူခြင်းတို့ ဆောင်ရွက်နေသည် ဟု ၎င်းကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းအ တွင်း လိုင်စင်မဲ့ယာဉ်များကို ပုံစံအမျိုးမျိုးဖြင့် အသုံးပြုနေပြီး ဌာနေပြည်သူ့စစ်အဖွဲ့သုံး ယာဉ် များ၊ ဌာနဆိုင်ရာအချို့ ဝန်ထမ်းများစီးနင်းနေသည့်ယာဉ်များ၊ နာရေးကူညီမှု အသင်းယာဉ်များနှင့် ဒေသခံပြည်သူသုံးယာဉ်များ  အစရှိသဖြင့်  အသုံးပြုနေကြောင်း တောင်ကြီး ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူအချို့က  ပြောသည်။

လိုင်စင်မဲ့ ယာဉ်များကို ဖမ်းမိပါက ဌာနဆိုင်ရာ၊ ရဲ၊ ပြည် သူ့စစ်အဖွဲ့ မည်သူမဆို တည်ဆဲ တရားဥပဒေအရ သွင်းကုန်၊ ထုတ်ကုန် ဥပဒေဖြင့် အရေးယူခံ ရမည်ဟု အမှတ် (၁၈) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) က ဇွန်လ ၁၂ ရက်တွင် သတင်းထုတ် ပြန်ထားသည်။

သွင်းကုန်၊ ထုတ်ကုန် ဥပဒေ ဖြင့် အရေးယူခံရပါက ငွေဒဏ်  ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ချ မှတ်ခံရနိုင်ပြီး အမြင့်ဆုံး ထောင် ဒဏ်သုံးနှစ်အထိ အပြစ်ပေးအ ရေးယူရနိုင်သည်ဟု ရဲမှူးမျိုးဇော် အောင်က ပြောသည်။

More in News Section

Top News