ပြည်-ရန်ကုန် ရထားသံလမ်းရေကျော်နေ၍ ရထားနှစ်စီး စောင့်ဆိုင်းခဲ့ရ

 ပြည်-ရန်ကုန်ရထားသံ လမ်းတွင် ရေကျော်နေခြင်း ကြောင့် ပေါင်းတည်နှင့် နတ်တလင်းဘူတာတွင် ရထားနှစ်စီး ခရီးစဉ်ကို  ရပ်နားစောင့်ဆိုင်းခဲ့ရ ကြောင်း ပြည်ဘူတာ အထူးတန်းရုံပိုင်ကြီးဦးစိုးလှက ပြောသည်။

ပြည်-ရန်ကုန် ရထားလမ်း၊ ပေါင်းတည်နှင့် နတ်တလင်းဘူ တာအကြားတွင် ရထားသံလမ်း ရေကျော်နေရာ ပုဂံ-ရန်ကုန်(၆၂)အစုန်ရထားသည်  ပေါင်းတည်ဘူတာတွင်လည်းကောင်း၊ လက်ပံတန်း-ပြည်ခရီးတိုရထား သည်  နတ်တလင်းဘူတာတွင် လည်းကောင်း  ယမန်နေ့ နံနက်၆ နာရီခွဲခန့်တွင် ရပ်နားစောင့် ဆိုင်းခဲ့ရကြောင်း   ၎င်းက ဆိုသည်။

‘‘ရထားသံလမ်းရေကျော် နေတာ မနက်အစောပိုင်းကနေ စပြီး နေ့လယ်ပိုင်းအထိတော့ မထူးခြားသေးဘူးလို့  သိရပါ တယ်။ ရေကတန့်နေပြီး ကျမသွားသေးဘူးလို့ ပေါင်းတည်ဘူ တာက တာဝန်ရှိသူနဲ့ အဆက်အ သွယ်ရပါတယ်’’ဟု အထူးတန်း ရုံပိုင်ကြီးဦးစိုးလှက ဇွန်လ ၁၂ ရက်နေ့လယ်တွင် ပြောသည်။

ပေါင်းတည်ဘူတာတွင် ရပ် နားခဲ့ရသည့် ပုဂံ-ရန်ကုန်(၆၂)အ ဆုန်အမြန်ရထားခရီးစဉ်သည် ပုံ မှန်ဆိုလျှင် ပုဂံဘူတာမှ ဇွန်လ ၁၁ ရက် ညနေ ၄ နာရီက စတင် ထွက်ခွာလာပြီး ရန်ကုန်ဘူတာသို့  ၁၂ ရက် နံနက် ၁၀ နာရီခွဲတွင် ဆိုက်ရောက်ရမည်  ဖြစ်သည်။ ရထားပေါ်တွင် ခရီးသည် ၄၀ ဦး လိုက်ပါလာသည်။

လက်ပံတန်း-ပြည်ခရီးတို ရထားခရီးစဉ်သည် ပုံမှန်ဆိုလျှင် လက်ပံတန်းမှ ဇွန်လ ၁၂ ရက် နံနက် ၄ နာရီခွဲတွင် ထွက်ခွာပြီး ပြည်ဘူတာသို့ နံနက် ၁၁ နာရီ တွင် ဆိုက်ရောက်မည် ဖြစ်သည်။

‘‘ပေါင်းတည်ဘူတာကနေ ရထားက ထွက်သေးတယ်။ ရေ ကျော်နေတဲ့ နေရာအနီးကျမှ ပြန် လှည့်ရတာ။ ပေါင်းတည်ဘူတာ ရောက်တော့ ခရီးသည်တွေလည်း ကားလမ်းခရီးသင့်တဲ့ သူတွေက ဆက်သွားကြတယ်။ ရေကဘယ် တော့ ကျမှန်းမှမသိတာ’’ဟု ပုဂံ- ရန်ကုန်ရထားနှင့် လိုက်ပါလာသူ ခရီးသည်တစ်ဦးက ပြောသည်။

ဇွန်လ ၇ မှ ၁၂ ရက်အထိ ပြည်ခရိုင်အတွင်း မိုးအဆက်မ ပြတ် ရွာသွန်းမှုကြောင့်  ပြည်- ရန်ကုန် ကားလမ်းနှင့်  ပြည်- ပေါက်ခေါင်းကားလမ်းတို့တွင် ရေကျော်ပြီး  ခရီးသွားယာဉ်များ အခက်အခဲရှိခဲ့သည်ဟု  ဒေသခံများက  ပြောသည်။

‘‘ပေါင်းတည်မှာဆို ရပ် ကွက်တွေထဲမှာရော ရေတွေလျှံ၊ သက်တမ်းရင့် သစ်ပင်တွေ အမြစ်ကပါ ကွာလဲတယ်။  ပြည်-ရန်ကုန်လမ်းမကြီးဆိုရင် ပေါင်းတည်ရဲ စန်းရှေ့နေရာနဲ့ ပန်းခြံရှေ့နေရာ တွေဆို ကားကြီးတွေ သတိထား မောင်းပြီး ကားလေးတွေဖြတ်ဖို့ မလွယ်ဘူး’’ဟု ပေါင်းတည်ဒေသခံကိုချစ်ကိုက ပြောသည်။ 

More in News Section

Top News