ရုပ်ရှင်အကြိုခံစားခြင်း

စိန်ယောက်မ

-ဒီကနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍ မှာတော့ မောင်ကိုအရမ်းချစ်တဲ့ အစ်မတွေနဲ့ ယောက်မတွေကြားမှာဖြစ်တတ်တဲ့ အကြောင်းအရာလေးတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားအကြောင်း ကို ညွှန်းလိုက်ပါတယ်။

ဘုန်းတန်ခိုးမှာ ဇီဇာကြောင်တဲ့ အစ်မအပျိုကြီးနှစ်ယောက်ရှိပါ  တယ်။ သူ့အစ်မနှစ်ယောက်က ဘုန်းတန်ခိုးကို အရမ်းချစ်သလို သူတို့အိမ်ထောင်မပြုသလိုပဲ သူတို့ မောင်ကိုလည်း အိမ်ထောင်ပြုဖို့  အတွက် ခွင့်မပြုချင်ကြပါဘူး။ အဲဒါကြောင့် အိမ်ထောင်ပြုသင့် တဲ့အရွယ်ရောက်ပေမယ့် ဘုန်းတန်ခိုးက ဂေါ်မစွံ ဖြစ်နေခဲ့ပါ တယ်။

အဲဒီလိုနဲ့ ဘုန်းတန်ခိုး ချစ်သူတစ်ယောက် ရလာခဲ့ပါတယ်။ ကောင်မလေးနာမည်က ခိုင်ပါ။ခိုင်နဲ့ ချစ်သူတွေဖြစ်နေတယ်ဆို တာကို ဘုန်းတန်ခိုးရဲ့ အစ်မတွေ ဖြစ်တဲ့ ထိပ်တင်မိုးနဲ့ ထိပ်တင်စိုး တို့ သိတဲ့အချိန်မှာတော့ အပြင်း  အထန်ကန့်ကွက်ကြပါတယ်။

အဲဒါကြောင့် မောင်နှမသုံးယောက်ကြားမှာ အချေအတင် ဖြစ်ခဲ့ကြပါတယ်။ အစ်မ နှစ် ယောက်ဘက်ကလည်း လုံးဝမလျှော့သလို ဘုန်းတန်ခိုးဘက်ကလည်း လုံးဝကိုအလျှော့မပေးပါ ဘူး။ အဲဒီအချိန်မှာတော့ သူတို့နဲ့ အတူတူနေတဲ့အဒေါ်က ဒီကိစ္စကို အကြမ်းနည်းနဲ့ ကိုင်တွယ်လို့ မရဘဲ အနုနည်းနဲ့သာကိုင်တွယ်ရ  မယ်လို့ သူ့တူမတွေကို ပြောခဲ့ပါ တယ်။

အဲဒါကြောင့် ထိပ်တင်မိုးနဲ့ထိပ်တင်စိုးတို့က ခိုင်နဲ့တွေ့ဖို့အ တွက် စီစဉ်ခဲ့ကြပါတယ်။ သူတို့ရဲ့ စိတ်ကိုလျှော့လိုက်ပြီး ခိုင်နဲ့ သဘောတူလို့ တွေ့ခဲ့တာတော့ မဟုတ်ပါဘူး။ ခိုင့်ကိုခေါ်ပြီး ပညာပေးဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ခိုင်ကသူတို့ရဲ့ ပညာပေးမှုတွေကိုခံရပေ မယ့် ဘုန်းတန်ခိုးကိုပဲ လက်ထပ် မယ်လို့ဆိုတာကြောင့် ညီအစ်မ နှစ်ယောက် စိတ်ညစ်သွားခဲ့ရပါ တယ်။

အဲဒီလိုနဲ့ ထိပ်တင်မိုးနဲ့ ထိပ်တင်စိုးတို့က ခိုင့်ရဲ့အကြောင်းကို သိအောင်ဆိုပြီး စုံစမ်းခဲ့ကြပါ တယ်။ အဲဒီအချိန်မှာ သိလိုက်ရတာက ခိုင့်မှာအစ်ကိုတစ်ယောက် ရှိပြီး လူသတ်မှုနဲ့ထောင်ကျနေ တယ်ဆိုတာ သိခဲ့ရပါတယ်။ အဲဒီအကြောင်းတွေက ဘုန်းတန်ခိုးကို ခိုင်နဲ့ သဘောမတူဖို့အတွက် အ ကြောင်းပြချက်ကောင်းတွေဖြစ် ခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဘုန်းတန်ခိုးက သူ့အစ်မတွေကို ပြန်မပြောတော့ဘဲ လုပ်ချင်သလို သာ လုပ်ဖို့ပြောခဲ့ပါတယ်။

 အဲဒီအချိန်ကစပြီး ဘုန်း တန်ခိုးက ကလပ်တွေကိုသွား မူးပြီး ညဥ့်နက်မှပြန်လာပါတယ်။ တစ်ရက်မှာတော့ ဘုန်းတန်ခိုးဆီ ကို သူ့သူငယ်ချင်းတစ်ယောက် လိုက်လာခဲ့ပါတယ်။ အဲဒီအချိန် မှာ သိလိုက်ရတာက ဘုန်းတန်ခိုးနဲ့ အဲဒီသူငယ်ချင်းက ယောက်ျား ချင်းကြိုက်နေတယ်ဆိုတာကိုပါ။ ထိပ်တင်မိုးနဲ့ ထိပ်တင်စိုးတို့ သူ တို့မောင်အကြောင်းကို နောက် ယောင်ခံလိုက်စုံစမ်းတဲ့အချိန်မှာလည်း သူတို့မောင်က မိန်းမလျာ ပုံစံဖြစ်နေတယ်ဆိုတာကို သိခဲ့ရ ပါတယ်။

ဘုန်းတန်ခိုးက တကယ်ပဲ မိန်းမစိတ်ပေါက်သွားတာလား၊ ဘာကြောင့် အဲဒီလိုဖြစ်နေရတာ လဲ၊ ခိုင်နဲ့ကော သူ့အစ်မတွေက ဘယ်တော့ သဘောတူမှာလဲ၊ ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ် ဦးမှာလဲဆိုတာကိုတော့ ဇွန်လ ၁၅ရက်ကစတင်ပြီး ရန်ကုန်၊ မန္တလေး အပါအဝင် နယ်မြို့က ရုပ်ရှင်ရုံ တွေမှာ ရုံတင်ပြသတော့မယ့် စိန် ယောက်မ ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ဘုန်းတန်ခိုး အဖြစ် ပြေတီဦး၊ ထိပ်တင်မိုးအဖြစ် မို့မို့မြင့်အောင်၊ ထိပ်တင်စိုး အဖြစ် စိုးမြတ်သူဇာ၊ ခိုင်အဖြစ် ခိုင်သင်းကြည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး နတ်ရဲ (ရူပဗေဒ)ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကိုဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူးပုံဖော်ထားပါတယ်။

Top News