ကံမ-သရက်ကားလမ်းပေါ်ရှိ ရေနံ့သာဘေလီတံတားပြိုကျပြီး ချောင်းရေတွင် မျောပါပျက်စီး

မိုးသည်းထန်စွာရွာသွန်းပြီး ချောင်းရေလျှံမှုကြောင့် မကွေးတိုင်းရှိ ကျေးရွာအများစု ရေဘေးသင့်ကာ အကူအညီများလိုအပ်နေ
မကွေးတိုင်းအတွင်း ရေကြီးရေလျှံနေစဉ်(ဓာတ်ပုံ − လင်းသက်နိုင်)

 မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေလျှံမှုများကြောင့်မကွေးတိုင်းဒေသကြီး ကံမမြို့နယ် သရက် - ကံမကားလမ်းပိုင်းပေါ်ရှိ ရေနံ့သာ သံဘေလီတံတား ယမန်နေ့က ပြိုကျ ချောင်းရေတွင် မျောပါပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။


ထို့အပြင် မကွေးတိုင်းဒေသ ကြီးရှိ ကျေးရွာချင်းဆက် သစ်သားတံတားသုံးစင်းခန့်လည်း ရေတွင်မျောပါပျက်စီးပြီး ကျေးရွာ ၂၀ကျော် ရေကြီးနစ်မြုပ်နေကာ ဒေသခံများ စားဝတ်နေရေးအတွက် အကူအညီများ လိုအပ်နေသည်ဟု ဒေသအာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စား လှယ်များက ပြောသည်။

သရက်မြို့မှ ကံမ၊ ရန်ကုန်၊ ပြည် စသောမြို့များသို့ အဓိက ဆက်သွယ်လာနေသည့် သရက်- ကံမ ကားလမ်းမပေါ်ရှိ ရေနံ့သာ တံတားမှာ ဇွန်လ ၁၂ ရက် နံနက် က ပြိုကျကာ ချောင်းရေအတွင်း မျောပါသွားသည်။ ယင်းတံတား မှာ အရှည်ပေ ၇၂၀ x အကျယ် ၁၂ ပေရှိသော ကွန်ကရစ်တိုင်ခံ သံဘေလီတံတား အမျိုးအစား ဖြစ်ပြီး ၂၀၀၉ စက်တင်ဘာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ တံတား စတင်အသုံးပြုပြီး ရှစ်နှစ် ကိုးလ အကြာတွင် ပြိုကျကာ ချောင်းရေ အတွင်း မျောပါပျက်စီးခဲ့သည်။

ရေနံ့သာတံတား ပျက်စီးမှု ကြောင့် သရက်မြို့မှ ကံမ၊ ပြည်၊ ရန်ကုန် မြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း များ ယာယီရပ်နားထားပြီး ဆက် သွယ်သွားလာရေး ပြတ်တောက် နေကြောင်း သရက်မြို့ ဒေသခံ တစ်ဦးက ပြောသည်။

 ထို့အပြင် ကံမမြို့နယ် အတွင်း အဓိကကျေးရွာချင်းဆက် လမ်းတစ်ခုဖြစ်သည့် ကံမ-အုတ် ဖို-ပုထိုးလမ်းပိုင်းရှိ အင်းဘဲ- ကိုင်းခုံ သစ်သားတံတားမှာလည်း ချောင်းရေအဆမတန် ကျဆင်းမှု ကြောင့် ပျက်စီးပြီး မကွေးတိုင်း ဒေသကြီး မင်းတုန်းနှင့် သရက် မြို့နယ်များရှိ ကျေးရွာချင်းဆက် လမ်းများ၊ ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားသည့် သစ် သားချောင်းကူးတံတား သုံးစင်း ပျက်စီးခဲ့ကြောင်း ဒေသအာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ဇွန်လ ၉ ရက်ကစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှု ကြောင့် ပြီးခဲ့သည့်နှစ်က တည် ဆောက်ပြီးစီးခဲ့သည့်  သရက်- မင်းလှ ကားလမ်းမကြီး နေရာ အချို့တွင် လမ်းနိမ့်ကျွံမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများ က ဆိုသည်။

ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဧရာဝတီမြစ်ရေ မြင့် တက်လာမှုနှင့် မင်းတုန်းချောင်း ရေ လျှံကျလာမှုများကြောင့် သရက်၊ ကံမနှင့် မင်းတုန်းမြို့နယ်ရှိ  ကျေးရွာ ၂၀ ကျော် ရေလွှမ်းမိုးခံနေရကြောင်း ဒေသခံများကပြောသည်။

 ‘‘ရေတွေလွှမ်းနေတော့ သွားလာရေးက အရမ်းခက်နေ တယ်။ အိမ်ကပစ္စည်းတွေ ရွှေ့ ပြောင်း ရတာ ဒုက္ခဖြစ်တယ်။ ကျွဲ၊ နွားရှိတဲ့သူဆို ပိုဆိုးနေတယ်။ နေစရာ၊ စားစရာ အခက်အခဲဖြစ် တာပေါ့။ သောက်ရေကတော့ ကျိုချက်သောက်ပေါ့။ ရေမရှား ပေမယ့် ရေကောင်းရေသန့်တော့ ခက်ခဲတာပေါ့။ နောက်ပြီး မီးမွှေး ဖို့ ထင်းကအစ အခက်အခဲဖြစ်ရ တယ်’’ဟု ကံမမြို့နယ် အင်းဘဲ ကျေးရွာ ဒေသခံတစ်ဦးကပြော ကြားသည်။

ကံမမြို့နယ်အတွင်း ကျေး ရွာ ၁၃ ရွာ ရေလွှမ်းနေပြီး စား ဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေသလို လမ်းပန်းဆက်သွယ် ရေး ပြတ်တောက်နေသည်ဟု ကံမမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောသည်။

‘‘အခုလက်ရှိ အခက်အခဲက တော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ အဓိကဖြစ်နေတယ်။ ကိုယ်တို့လည်း အဲဒီကိုသွားဖို့ကို တော်တော်လေး အခက်အခဲဖြစ် နေတယ်။ ဒေသအာဏာပိုင်တွေ နဲ့ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ ပြင်ဆင်နေပါပြီ’’ဟု ဦးဇော်ဝင်းက ပြောသည်။

 အချို့ကျေးရွာများတွင် လေးပေကျော်အထိ ရေဝင် ရောက်မှုများရှိနေပြီး သောက်သုံး ရေနှင့် ထင်းအစရှိသည့် လောင် စာလိုအပ်နေကြောင်း ကင်းကျေး ရွာဒေသခံတစ်ဦးက ပြောသည်။

အလားတူပင် မင်းတုန်းမြို့ နယ်ရှိ မင်းတုန်းချောင်းဘေး တစ်လျှောက်မှ ကျေးရွာ ရှစ်ရွာ ခန့်မှာလည်း ချောင်းရေမြင့် တက်လာမှုကြောင့် ရေလွှမ်းမိုးမှု များ ကြုံတွေ့နေရပြီး ဒေသအာ ဏာပိုင်များက ထမင်းထုပ်များ လိုက်လံဝေငှနေကြောင်း မင်း တုန်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ပြောသည်။

မကွေးတိုင်းအတွင်း ဇွန်လ ၉ ရက်ကစတင်ကာ မိုးသည်းထန် စွာရွာသွန်းနေရာ အဝေးပြေး လမ်းမကြီးများ ရေကျော်ကာ အချို့နိမ့်ကျွံမှုများ၊ တံတား ပျက်စီးမှုများ၊ ကျေးရွာများ ရေ လွှမ်းနစ်မြုပ်မှုများ ကြုံတွေ့နေရ သည်။ ဇွန်လ ၁၀ ရက်က မကွေး တိုင်း ဆောမြို့နယ်တွင် ကျောင်း သား သုံးဦးနှင့် ကျောင်းသားမိဘ တစ်ဦး တောင်ကျချောင်းရေတွင် မျောပါ သေဆုံးခဲ့ကာ မင်းဘူး မြို့နယ်တွင် အမျိုးသားတစ်ဦး တောင်ကျ ချောင်းရေဖြင့် မျောပါပျောက်ဆုံးနေသည်။

Top News