ကော်စတာရီကာကိုရှုံးရာမှ ဂိုးပြတ်နိုင်ခြင်းကြောင့် ဘယ်လ်ဂျီယံနည်းပြ ကျေနပ်နေ

Getty Images

ဘရပ်ဆဲလ်- ကမ္ဘာ့ဖလားပြိုင်ပွဲ အကြို နောက်ဆုံး နိုင်ငံတကာ ခြေစမ်းပွဲစဉ်အဖြစ် ကော်စတာ ရီကာကို နောက်မှ လိုက်ကစား ကာ ၄-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲ တွင် ဘယ်လ်ဂျီယံတိုက်စစ်မှူး များဖြစ်သည့် ဒရစ်မာတင်၊ လူ ကာကူနှင့် ဘက်ရွှာယီတို့ ဂိုးသွင်း နိုင်ခဲ့ပြီး အသင်းခေါင်းဆောင် အီဒင်ဟာဇက် အထူးခြေစွမ်းပြခဲ့ သည်။

ဧည့်သည်ကော်စတာရီကာ ဘက်သို့ ၂၄ မိနစ်တွင် မထင်မှတ် ဘဲ ဦးဆောင်ဂိုး ခွင့်ပြုရပြီးနောက် ဘယ်လ်ဂျီယံသည် အားထည့် ကစားလာကာ ၃၁ မိနစ်တွင် မာ တင်က ချေပဂိုး၊ ၄၂ မိနစ်နှင့် မိနစ် ၅၀ တွင် လူကာကူက နှစ်ဂိုး နှင့် ၆၄ မိနစ်တွင် ဘက်ရွှာယီက တစ်ဂိုး သွင်းယူခဲ့သည်။

တစ်ဂိုးရှုံးနိမ့်နေစဉ် အသင်း၏ တုံ့ပြန်နိုးထမှုအပေါ် အားတက် သရောဖြစ်မိကြောင်း ဘယ်လ်ဂျီ ယံနည်းပြ ရောဘတ်တိုမာတီ နက်ဇ်က ပြောသည်။

‘‘ဒီအသင်းက အခက်အခဲ ဒုက္ခတွေကို အတူရင်ဆိုင်လိုတယ် ဆိုတဲ့ စိတ်ခံစားမှုကို ကျွန်တော်ရ ခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ ကျွန် တော်တို့ အသင့်ဖြစ်နေပါပြီ’’ ဟု မာတီနက်ဇ်က ပြောသည်။

ယင်းပွဲစဉ်တွင် မိနစ် ၇၀ ခန့် ၌ ဟာဇက် ထော့နဲ့ထော့နဲ့ဖြင့် ကွင်းအတွင်းမှ ထွက်ခဲ့ရပြီး ဒမ်ဘီ လီနှင့် လူစားလဲခဲ့သည်။

‘‘ဒဏ်ရာက စိုးရိမ်စရာလုံးဝ မရှိပါဘူး။ ဟာဇက်ရဲ့ စွမ်းဆောင် ရည်ကို ကျွန်တော် သိပ်နှစ်သက် ပါတယ်။ သူက ပါးနပ်သန်မာပြီး ထူးကဲပါတယ်’’ဟု မာတီနက်ဇ်က ပြောသည်။

ကမ္ဘာ့အဆင့် (၃) ရှိ ဘယ်လ်ဂျီယံသည် ကမ္ဘာ့ဖလားအုပ်စု (G)တွင် အင်္ဂလန်၊ တူနီးရှား၊ ပနားမားတို့နှင့် ရင်ဆိုင်မည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ပနားမားနှင့် ဇွန်လ ၁၈ ရက်၌ ကစားမည်ဖြစ်သည်။

၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား နှင့် ၂၀၁၆ ပြင်သစ်ယူရိုဖလား တွင် ကွာတားဖိုင်နယ်အဆင့်မှ လှည့်ပြန်ခဲ့ရသဖြင့် ဟာဇက်၊ လူကာကူနှင့် ကီဗင်ဒီဘရိုင်တို့၏ ဘယ်လ်ဂျီယံအနေဖြင့် ယခုကမ္ဘာ့ ဖလား၌ ကျော်ဖြတ်ရမည်ဖြစ် သည်။ဩစတြီးယားနိုင်ငံ၌ ကစား ခဲ့သော ခြေစမ်းပွဲတွင် ဆီနီဂေါက တောင်ကိုရီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီး ယင်းပွဲစဉ်ကို ပရိသတ် ကြည့်ရှုမှုမပါဘဲ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားက ကမ္ဘာ့ ဖလားအုပ်စု (F) အဖွင့်ပွဲစဉ်အ ဖြစ် ဇွန်လ ၁၈ ရက်တွင် ဆွီဒင် နှင့် ကစားမည်ဖြစ်ပြီး ဆီနီဂေါက ကမ္ဘာ့ဖလားအုပ်စု (H) အဖွင့်ပွဲ စဉ်အဖြစ် ဇွန်လ ၁၉ ရက်တွင် ပိုလန်နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

—Ref: Reuters/bbc

Top News