ဘရာဇီးသည် ကမ္ဘာတွင် ဘောလုံးကို အရူးသွပ်ဆုံးနိုင်ငံ မဟုတ်ဟုဆို

ဇူးရစ်ခ်ျ- ကမ္ဘာတွင် ဘောလုံးအားကစားကို ခုံမင်အရူးသွပ်ဆုံး နိုင်ငံအဖြစ် ဘရာဇီး၏ ကျော်စော မှုသည် စစ်တမ်းတစ်ခုကြောင့် မှေးမှိန်ခဲ့ပြီး စစ်တမ်းကောက်သူ များက တွေ့ဆုံမေးမြန်းခဲ့သည့် ဘရာဇီးပြည်သူများအနက် ၆၀ ရာခိုင်နှုန်းကသာ ဘောလုံးအား ကစားကို ခုံမင်နှစ်သက်ကြောင်း ဖြေကြားသည်။

Nielsen အားကစား အချက် အလက်ကုမ္ပဏီက နိုင်ငံ ၃၀ တွင် ကောက်ခံခဲ့သော ယင်းစစ်တမ်း အရ ယူအေအီးက ဘောလုံးအား ကစားကို ကြိုက်နှစ်သက်သူ ၈၀ ရာခိုင်နှုန်းဖြင့် ပထမ၊ ထိုင်းက ၇၈ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ ချီလီ၊ ပေါ်တူဂီနှင့် တူရကီက ၇၅ ရာခိုင် နှုန်းစီဖြင့် တတိယနေရာတွင်ရှိနေ ပြီး ဘရာဇီးက အဆင့် (၁၃)သာ ရပ်တည်နိုင်ခဲ့သည်။

၂၀၁၃ က ဘရာဇီးတွင် ဘောလုံးကစားမှုကို ခုံမင်နှစ် သက်သူ ၇၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၆၀ ရာခိုင်နှုန်းသို့ ကျဆင်းလာခြင်း ဖြစ်သည်။

၂၀၁၃ က ဘောလုံးကို ခုံမင်နှစ်သက်သူ ၂၇ ရာခိုင်နှုန်းသာရှိ ခဲ့သော တရုတ်သည် ၂၀၁၇ တွင် ၃၂ ရာခိုင်နှုန်း၊ အိန္ဒိယက ၃၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်း၊ အမေ ရိကန်က ၂၈ ရာခိုင်နှုန်းမှ ၃၂ ရာခိုင်နှုန်းသို့ တက်လာကြောင်း ယင်းစစ်တမ်းက ဖော်ပြသည်။

အင်္ဂလန်ပရီးမီးယားလိဂ်အ ပေါ် စိတ်ဝင်စားမှု မြင့်တက်သော် လည်း ဗြိတိန်တွင် ဘောလုံးအား ကစားကို နှစ်သက်ခုံမင်သူ ၅၁ ရာခိုင်နှုန်းသာရှိပြီး အဆင့် (၁၇) သာ ချိတ်ခဲ့သည်။

ထို့အပြင် ဘောလုံးသမား များတွင် ရီးရဲလ်မက်ဒရစ်နှင့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒို သည် ဖေ့စ်ဘွတ်ခ်၊ တွစ်တာနှင့် အင်စတာဂရမ်တစ်ခွင် Follower သန်း ၅၇၀ ဖြင့် လူမှုမီဒီယာကို ကြီးစိုးထားပြီး နေမာက ၂၆၄ သန်းဖြင့် ဒုတိယ၊ မက်ဆီက ၂၀၁ သန်းဖြင့် တတိယနေရာတွင် ရှိနေကြောင်း ယင်းစစ်တမ်းက ဖော်ပြ သည်။လူမှုမီဒီယာတွင် အောင်မြင် ကျော်ကြားခြင်းက ဘောလုံးကွင်း အတွင်း အောင်မြင်မှုနှင့် အမြဲ ဆက်စပ်လေ့မရှိကြောင်း ယင်းစစ်တမ်းက ထပ်လောင်းဖော်ပြ သည်။      —Ref: Reuters

Top News