ဒေါ်အောင်ဆန်းစုကြည်၏ (၇) ကြိမ်မြောက် ငြိမ်းချမ်းရေး စကားဝိုင်းကို မော်လမြိုင်တွင် ပြုလုပ်မည်

မြောင်းမြမြို့တွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ စကားဝိုင်းပြုလုပ်နေစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

 နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ (၇) ကြိမ်မြောက် ငြိမ်းချမ်းရေး စကားဝိုင်းကို မွန်ပြည်နယ် မော် လမြိုင်မြို့တွင် မကြာမီရက်ပိုင်း အတွင်း ပြုလုပ်မည်ဖြစ်သည်။

မော်လမြိုင်တွင် ပြုလုပ်မည့် ငြိမ်းချမ်းရေး စကားဝိုင်းကို ‘အမျိုး သမီးများနှင့် ငြိမ်းချမ်းရေး’ ခေါင်း စဉ်ဖြင့် စီစဉ်ထားပြီး ဇွန်လ ၁၄ ရက်တွင် ကျင်းပရန် စီစဉ်နေသည် ဟု မွန်ပြည်နယ် အရပ်ဘက်အဖွဲ့ အစည်းများကွန်ရက် ညှိနှိုင်းရေး မှူး မင်းအောင်ထူးက ဆိုသည်။

‘‘အမျိုးသမီးတွေပဲ ဒီပွဲမှာ ဆွေးနွေးဖို့ ဖြစ်မယ်ထင်တယ်။ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာတော့ လူရွေးတာ၊ စိစစ်တာ အဲဒီအစီအ စဉ်တော့ လုပ်နေတယ်’’ ဟု မွန် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲ ကျင်းပရေးကော်မတီ အ တွင်းရေးမှူးလည်းဖြစ်သူ မင်း အောင်ထူးက  ဇွန်လ ၁၂ ရက်တွင်ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ‘‘ကျွန်တော် တို့ ပြင်ထားရုံပဲ ရှိပါသေးတယ်။ ကျန်တာတော့ ဘာမှပြောလို့မရ သေးပါဘူး။ ကျွန်တော်တို့နေရာ အများကြီး ပြင်ထားပါတယ်’’ ဟု ပြောသည်။

မွန်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုး ဝင်းကလည်း နေပြည်တော်သို့ ရောက်ရှိနေသည့် လွှတ်တော် ကိုယ်စားလှယ်အချို့ ဒေါ်အောင် ဆန်းစုကြည်၏ ငြိမ်းချမ်းရေး စကားဝိုင်းသို့  သွားရောက်မည်ဟု ပြောကြားသည်။

‘‘၁၄ ရက်နေ့ဖြစ်မယ်။ ဒီက တချို့လူငယ်တွေက မနက်ဖြန် (ဇွန်လ ၁၃ ရက်) သွားကြမယ်’’ ဟု ၎င်းက ဇွန်လ ၁၂ ရက်တွင် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် မော်လမြိုင်တွင် ငြိမ်းချမ်း ရေး စကားဝိုင်း ပြုလုပ်ရန် ပြီးခဲ့ သည့် ဖေဖော်ဝါရီကတည်းက စီစဉ်ခဲ့သည်။ ထိုစဉ်ကမော်လမြိုင် တက္ကသိုလ်တွင် ငြိမ်းချမ်းရေး စကားဝိုင်း ပြုလုပ်ရန် စီစဉ်ထား ပြီး ထိုမှတစ်ဆင့် ချောင်းဆုံမြို့ နယ် ရွာလွတ်ကျေးရွာရှိ လက်မှု လုပ်ငန်းများသို့ သွားရောက်လေ့ လာရန် စီစဉ်သော်လည်း ခရီး စဉ်ကို ရွှေ့ဆိုင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၇ ဇန်နဝါရီ ၁ ရက်တွင် နေပြည်တော်၌ လူငယ်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးစကား ဝိုင်း စတင်ပြုလုပ်ခဲ့သည်။

ထို့နောက် ၂၀၁၇ အတွင်း ဖေဖော်ဝါရီတွင် ရှမ်းပြည်နယ် ပင်လုံ၊ ဧပြီတွင် နေပြည်တော်၊ သြဂုတ်တွင် မန္တလေးတိုင်း ဝမ်း တွင်းမြို့နယ် မြေတိုင်ကန်ရွာနှင့် ဒီဇင်ဘာတွင် လွိုင်ကော်မြို့တို့၌ ပြုလုပ်ခဲ့သည်။ ၂၀၁၈ ဖေဖော်ဝါ ရီတွင် မော်လမြိုင်၌ ငြိမ်းချမ်းရေး စကားဝိုင်း ပြုလုပ်ရန် ပြင်ဆင်ခဲ့ သော်လည်း မဖြစ်ခဲ့ဘဲ ဧပြီတွင် ဧရာဝတီတိုင်း မြောင်းမြ၌ ပြုလုပ် ခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေး စကားဝိုင်းများတွင် လူငယ်များ၊ တိုင်းရင်းသားများ၊ ကျေးလက် ပြည်သူများနှင့်ဒေသခံများ ပါဝင် ဆွေးနွေးခဲ့သည်။

More in News Section

Top News