ဂျပန်၊ တရုတ်နှင့် ကိုရီးယားနိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးရန် ကနဦးသဘောတူထား

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်ဦးတင့်သွင် (ဓာတ်ပုံ−ပိုင်စိုးသူ)

ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံသားများ အား ဗီဇာကင်းလွတ်ခွင့်ပေးရန် အစိုးရက မူအားဖြင့် ခွင့်ပြုထား ပြီး လက်တွေ့အကောင်အထည်ဖော်ရန်နှင့် စတင်ကျင့်သုံးမည့်အ ချိန်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းကာ တရားဝင်ထုတ်ပြန်မည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။

နေပြည်တော်၌ ဇွန်လ ၁၂ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကွန်ဖရင့်- ၂၀၁၈ တွင် ၎င်းက ထိုသို့ပြော ကြားခြင်းဖြစ်သည်။

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သည့် ဒုတိယသမ္မတ(၂)  ဦးဟင်နရီဗန်ထီးယူက ‘‘မြန်မာနိုင် ငံအနေနဲ့ လတ်တလောမှာ ဥရော ပနိုင်ငံသားများ ဝင်ရောက်မှုနည်း နေပေမယ့် အာဆီယံ+၃ နိုင်ငံ များဖြစ်တဲ့ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံများက ဧည့်သည်ဝင်ရောက်မှု ပိုမိုတိုး တက်စေဖို့ မျှော်မှန်းပြီး ၎င်းသုံး နိုင်ငံကို ဗီဇာစနစ်များ ဖြေလျှော့ ပေးဖို့ စီစဉ်ဆောင်ရွက်နေပြီဖြစ် ပါတယ်’’ဟု အဆိုပါအခမ်းအနား တွင် ပြောကြားခဲ့သည်။

ဗီဇာကင်းလွတ်ခွင့်အတွက် နိုင်ငံခြားရေး၊ လဝက၊ ပြည်ထဲ ရေး၊ ပို့ဆောင်ရေး၊ စီမံဘဏ္ဍာ စသည့်ဆက်စပ်ဌာနများနှင့် ပူး ပေါင်းဆောင်ရွက်နေပြီး ယင်းလုပ်ငန်းများကို ဇွန်လကုန်အပြီး ဆောင်ရွက်ရန် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း ဦးတင့်သွင်က ဇွန်လ ၁၀ ရက်တွင် ၎င်း၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထား သည်။

၂၀၁၇ အတွင်း ရခိုင်ဒေသ ၏အခြေအနေများနှင့် အနောက် နိုင်ငံ မီဒီယာအချို့၏လှုံ့ဆော်ရေး သားမှုများကြောင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ခရီးစဉ် များ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ပယ် ဖျက်ခြင်းနှင့် ဆိုင်းငံ့ခြင်းများနှင့် ကြုံတွေ့ခဲ့ရသဖြင့် အဆိုပါသုံးနိုင် ငံကို ဈေးကွက်မြှင့်တင်မှုတိုးမြှင့် ရန် ဆောင်ရွက်နေကြောင်း ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဇွန်လပထမပတ်အတွင်း ပြုလုပ်သည့် အစည်းအဝေးတစ်ခု တွင် ပြောကြားထားသည်။

ထိုသို့ဗီဇာဖြေလျှော့ပေးရန် စီစဉ်နေခြင်းနှင့်ပတ်သက်၍ မြန် မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ‘‘အရင်က နှစ်ပေါင်း ၄၀ ကျော် လောက် အနောက်နိုင်ငံဈေးကွက် ကို အဓိကထားခဲ့တယ်။ အခု ဟာကျတော့ အရှေ့မျှော်ဝါဒီကို ဝန်ကြီးဌာနက ကျင့်သုံးလာတဲ့ အခါမှာ   အဓိကက   Value တိုးရစ်တွေ    ရှိဖို့   လိုပါတယ်။ ဂျပန်ကို အခု Target ထားတယ်။ ရင်းနှီးမြှုပ်နှံဖို့ ပရိုမိုးရှင်းဘတ် ဂျက်တွေ အများကြီးသုံးပါတယ်။ ဒါပေမဲ့ Outcome ပြန်ကြည့်ရပါမယ်။ ဂျပန်ကလည်း ကျွန်တော် တို့ကို ပေးဖို့ လာတဲ့ လူတွေများ တယ်’’ ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံသို့ ၂၀၁၇ အတွင်း နိုင်ငံတကာခရီးသွားဧည့် သည် ၃ ဒသမ ၄ သန်းကျော် လာ ရောက်ပြီး ၂၀၁၆ ကထက် ၁၈ ရာခိုင်နှုန်းခန့် တိုးတက်မှုရှိခဲ့ ကြောင်း၊ ယခု ၂၀၁၈ တွင် ဧပြီ လကုန်အထိ ၁ ဒသမ ၂ သန်းအ ထိ ဝင်ရောက်ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

More in News Section

Top News