ပြည်တွင်းလေကြောင်းလိုင်းများတွင် ရိုးရာ အစားအသောက်များ ကျွေးမွေးရန်အကြံပြု

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကွန်ဖရင့်အခမ်းအနား ကျင်းပနေစဉ် (ဓာတ်ပုံ − ပိုင်စိုးသူ)

 မြန်မာ့ရိုးရာ အစားအစာများကို နိုင်ငံခြားသား ခရီးသွားများ ပိုမိုစိတ်ဝင်စားစေ ရန် ပြည်တွင်းလေကြောင်းလိုင်း များတွင် ရိုးရာအစားအသောက် များ ကျွေးမွေးသင့်ကြောင်း ခရီး သွားလုပ်ငန်းရှင်များ  အသင်း ဒုဥက္ကဋ္ဌ ဦးလှအေးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကွန်ဖရင့် 2018 ၌ ပြောကြားသည်။

‘‘ခရီးသွားတွေ စိတ်ဝင်စားမှု မြင့်တက်လာစေဖို့အတွက် မြန်မာ့ရိုးရာ အစားအစာတွေကို ကမ္ဘာကျော်အောင် လုပ်နိုင်ဖို့ လည်း အရေးကြီးပါတယ်။ ပြည် တွင်းမှာ ပြေးဆွဲနေတဲ့ လေ ကြောင်းလိုင်းတွေအနေနဲ့ ရိုးရာ အစားအသောက်လေးတွေ ကျွေး မွေးပြီးတော့ ဈေးကွက်မြှင့်တင် ပေးတာမျိုး ပြုလုပ်သင့်ပါတယ်’’ ဟု ဦးလှအေးက အကြံပြုပြော ကြားသည်။

လက်ရှိတွင် လေကြောင်း လိုင်းများ၌ မြန်မာ့ရိုးရာ အစား အစာများ ကျွေးမည်ဆိုပါက ခရီး သည်များ ဘေးဥပဒ်မဖြစ်စေရန် နှင့် သန့်ရှင်းလတ်ဆတ်မှုရှိရန် လိုအပ်ပြီး ကျန်းမာရေးအတွက် အာမခံချက်ရှိသည့် မုန့်အမျိုး အစားလည်း ဖြစ်ရန်လိုအပ် ကြောင်း၊ ထို့ကြောင့် လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် စနစ်တကျ ဆောင်ရွက်မှသာ ရနိုင်မည်ဖြစ် ကြောင်း မြန်မာအမျိုးသား လေ ကြောင်းလိုင်း (MNA)မှ အမှု ဆောင်အရာရှိချုပ် ကပ္ပတိန် သန်းထွန်းက ပြောသည်။

‘‘ဗမာမုန့်တွေကျွေးတော့ မယ်ဆိုရင် လုပ်ရမယ့်အလုပ်တွေ က အများကြီးလေ။ ကျန်းမာရေး အတွက် အာမခံချက်ရှိဖို့တော့ လိုတာပေါ့။ ဗိုက်နာတာပြုတာ ဖြစ်လို့ တရားစွဲရင်လည်း လေ ကြောင်းလိုင်းက ခံရဦးမယ်လေ။ တစ်ခုခုဆို အလျော်ပေးရတယ်။ ဆံပင်ခြည်ပါတာတို့ မဖြစ်အောင် လည်း လုပ်ရတယ်။ ခွက်တွေဆို လည်း ပိုးသတ်ရတယ်။ သင်တန်း တွေလည်းပေးရဦးမယ်။ ဒီအတိုင်း လုပ်လို့မရဘူး။ အများကြီးကျယ် ပြန့်ပါတယ်’’ဟု ကပ္ပတိန်သန်း ထွန်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအဝင် ပြည်တွင်းလေဆိပ် ၃၁ ခုရှိပြီး နိုင်ငံတကာလေ ကြောင်းလိုင်း ၂၈ ခုနှင့် ပြည်တွင်း လေကြောင်းလိုင်း ၁၂ ခု ပြေးဆွဲ နေသဖြင့် ရိုးရာအစားအစာများ ကို လေကြောင်းလိုင်းများတွင် စနစ်တကျ ကျွေးမွေးနိုင်မည်ဆို ပါက  မြန်မာ့အစားအသောက် များကို  ဈေးကွက်မြှင့်တင်နိုင်မည် ဖြစ်ကြောင်း  ခရီးသွားလုပ်ငန်း ရှင်များက  ဆွေးနွေးခဲ့သည်။

လက်ရှိတွင် ပြည်တွင်းလေ ကြောင်းလိုင်းများ၌ အလွယ်တကူ စားသောက်နိုင်သည့် ကိတ်မုန့်နှင့် အအေးစသည့် အစားအစာမျိုးကို သာ ကျွေးမွေးလေ့ရှိပြီး လက်ဖက် နှင့် ဆနွင်းမကင်းကဲ့သို့ မုန့်မျိုးကို ရံဖန်ရံခါ ကျွေးလေ့ရှိသော်လည်း လုပ်ငန်းဆောင်ရွက်မှု ပိုများသည့် အတွက် ပုံမှန်ကျွေးမွေးနိုင်ခြင်း မရှိသေးကြောင်း ကပ္ပတိန်သန်းထွန်းက ပြောသည်။

More in News Section

Top News