ကော့ကရိတ်တွင် ရွှေဆိုင်အနုကြမ်းစီးသူကို လက်နက်အချို့နှင့်အတူ ဖမ်းမိ

 ကော့ကရိတ်မြို့လယ် ကောင်ရှိ ရွှေဆိုင်တစ်ဆိုင်ကို အ နုကြမ်းစီးခဲ့ပြီး ဆိုင်ရှင်အား သေ နတ်ဖြင့် ပစ်ခတ်ထွက်ပြေးသူကို ဇွန်လ ၁၂ ရက်တွင် လက်နက်ခဲ ယမ်းအချို့နှင့်အတူ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်။

ကော့ကရိတ်မြို့ရှိ ဖြူစင် သန့်ရွှေဆိုင်ကို ဇွန်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင် အမျိုးသား တစ်ဦးက သေနတ်ဖြင့် အနုကြမ်း စီးပြီး  ရွှေများကို ယူမသွားနိုင်ဘဲ ဆိုင်ရှင်အမျိုးသမီးကို  သေနတ် ဖြင့် ပစ်ခတ်ခဲ့သည်။  ရဲတပ်ဖွဲ့က နှစ်ရက်ကြာ စုံစမ်းပြီးနောက် ကျူး လွန်သူကို ကော့ကရိတ်မြို့နယ် ကော့ကမာကျေးရွာတွင် ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

‘‘စီစီတီဗီမှတ်တမ်းကို အ ခြေခံပြီး မြို့က ဘိလိယက်ခုံတွေ မှာ လိုက်စုံစမ်းတော့ သူနဲ့တူတယ် ဆိုပြီး သတင်းရတာ။ သူနေနေတဲ့ နေရာက လက်နက်ကိုင်အဖွဲ့တွေ ရဲ့ နယ်မြေဆိုတော့ နည်းနည်း စောင့်ဖမ်းရတာပေါ့။ သေချာစိ စစ်ပြီး တပ်မတော်ကို ခေါ်သွား ရတာ။ ဒီနေ့ (ဇွန်လ ၁၂ ရက်) မနက် ၅ နာရီမှာ မိတာပါ’’ ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကြီး ကြည်လင်းက ပြောသည်။

အနုကြမ်းစီးသူသည် အ သက် (၃၁) နှစ်အရွယ်ရှိပြီး ဘိလိ ယက်ထိုးရာမှ အကြွေးတင်နေသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။၎င်း၏အမျိုးသမီးသည် ဖြူစင်သန့် ရွှေဆိုင်တွင် ရွှေထည်တစ်ခု ပေါင်ထားဖူးပြီး နောက်ဆက်တွဲ အသေးစိတ်အခြေအနေကို  ရဲတပ်ဖွဲ့ကစစ်ဆေးနေဆဲဖြစ်သည်။

အခင်းဖြစ်သည့်နေ့ကဆိုင် ရှင်ကို ပစ်ခတ်သွားသောသေနတ် သည် သေနတ်အတုဟု ပြောဆိုခဲ့ သော်လည်း ဖမ်းမိသည့်အခါတွင် ပွိုင့် 22 သေနတ်တစ်လက်နှင့် ကျည် ၈၅ တောင့်ကိုပါ   သိမ်း ဆည်းနိုင်ခဲ့သည်။

‘‘ပထမတုန်းက ဘေးအိမ် တွေ အသံမကြားလို့ Gas သေ နတ်လို့ ထင်တာပေါ့။ အခုတော့ မဟုတ်တော့ဘူး။ ပွိုင့် 22 နဲ့မိ တာ။ လုယက်မှုအပြင် လက်နက် မှုနဲ့ပါ ပါသွားမှာပါ’’ ဟု ရဲမှူးကြီး ကြည်လင်းက ပြောသည်။

သေနတ်ဒဏ်ရာရသည့် ရွှေဆိုင်ပိုင်ရှင်  အမျိုးသမီးသည် ကျည်ဒဏ်ရာပြင်းထန်၍  ဆေး ကုသနေဆဲဖြစ်ကြောင်း ဒေသ တွင်း လူမှုရေးအဖွဲ့များက ပြော သည်။

Top News