ရုပ်ရှင်အကြိုခံစားခြင်း

စိန်ယောက်မ

ဒီကနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ မောင်ကိုအရမ်းချစ်တဲ့အစ်မတွေနဲ့ ယောက်မတွေကြားမှာဖြစ်တတ်တဲ့ အကြောင်းအရာလေးတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားအကြောင်းကို ညွှန်းလိုက်ပါတယ်။

ဘုန်းတန်ခိုးမှာ ဇီဇာကြောင်တဲ့ အစ်မအပျိုကြီးနှစ်ယောက်ရှိပါတယ်။ သူ့အစ်မနှစ်ယောက်ကဘုန်းတန်ခိုးကို အရမ်းချစ်သလို သူတို့အိမ်ထောင်မပြုသလိုပဲ သူတို့မောင်ကိုလည်း အိမ်ထောင်ပြုဖို့အတွက် ခွင့်မပြုချင်ကြပါဘူး။ အဲဒါကြောင့် အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်ပေမယ့် ဘုန်းတန်ခိုးက ဂေါ်မစွံ ဖြစ်နေခဲ့ပါတယ်။

အဲဒီလိုနဲ့ ဘုန်းတန်ခိုး ချစ်သူတစ်ယောက် ရလာခဲ့ပါတယ်။ကောင်မလေးနာမည်က ခိုင်ပါ။ခိုင်နဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုတာကို ဘုန်းတန်ခိုးရဲ့ အစ်မတွေဖြစ်တဲ့ ထိပ်တင်မိုးနဲ့ ထိပ်တင်စိုးတို့ သိတဲ့အချိန်မှာတော့ အပြင်းအထန်ကန့်ကွက်ကြပါတယ်။

အဲဒါကြောင့် မောင်နှမသုံးယောက်ကြားမှာ အချေအတင်ဖြစ်ခဲ့ကြပါတယ်။ အစ်မ နှစ်ယောက်ဘက်ကလည်း လုံးဝမလျှော့သလို ဘုန်းတန်ခိုးဘက်ကလည်း လုံးဝကိုအလျှော့မပေးပါဘူး။ အဲဒီအချိန်မှာတော့ သူတို့နဲ့အတူတူနေတဲ့အဒေါ်က ဒီကိစ္စကို အကြမ်းနည်းနဲ့ ကိုင်တွယ်လို့မရဘဲ အနုနည်းနဲ့သာ ကိုင်တွယ်ရမယ်လို့ သူ့တူမတွေကို ပြောခဲ့ပါတယ်။

အဲဒါကြောင့် ထိပ်တင်မိုးနဲ့ထိပ်တင်စိုးတို့က ခိုင်နဲ့တွေ့ဖို့အတွက် စီစဉ်ခဲ့ကြပါတယ်။ သူတို့ရဲ့ စိတ်ကိုလျှော့လိုက်ပြီး ခိုင်နဲ့သဘောတူလို့ တွေ့ခဲ့တာတော့မဟုတ်ပါဘူး။ ခိုင့်ကိုခေါ်ပြီး ပညာပေးဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ ခိုင်က သူတို့ရဲ့ ပညာပေးမှုတွေကို ခံရပေမယ့် ဘုန်းတန်ခိုးကိုပဲ လက်ထပ်မယ်လို့ဆိုတာကြောင့် ညီအစ်မနှစ်ယောက် စိတ်ညစ်သွားခဲ့ရပါတယ်။

အဲဒီလိုနဲ့ ထိပ်တင်မိုးနဲ့ တင်စိုးတို့က ခိုင်ရဲ့အကြောင်းကို သိအောင်ဆိုပြီး စုံစမ်းခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သိလိုက်ရတာက ခိုင့်မှာအစ်ကိုတစ်ယောက်ရှိပြီး လူသတ်မှုနဲ့ထောင်ကျနေတယ်ဆိုတာ သိခဲ့ရပါတယ်။ အဲဒီအကြောင်းတွေက ဘုန်းတန်ခိုးကိုခိုင်နဲ့ သဘောမတူဖို့အတွက် အကြောင်းပြချက်ကောင်းတွေဖြစ်ခဲ့ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ဘုန်းတန်ခိုးက သူ့အစ်မတွေကိုပြန်မပြောတော့ဘဲ လုပ်ချင်သလိုသာ လုပ်ဖို့ပြောခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ဘုန်းတန်ခိုးက ကလပ်တွေကိုသွား မူးပြီး ညဥ့်နက်မှပြန်လာပါတယ်။တစ်ရက်မှာတော့ ဘုန်းတန်ခိုးဆီကို သူ့သူငယ်ချင်းတစ်ယောက်လိုက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သလိ ကို ရ် တာက ဘနုးတနခိုးနဲ့အဲဒီသူငယ်ချင်းက ယောက်ျားချင်းကြိုက်နေတယ်ဆိုတာကိုပါ။ထိပ်တင်မိုးနဲ့ ထိပ်တင်စိုးတို့ သူတို့မောင်အကြောင်းကို နောက်ယောင်ခံလိုက်စုံစမ်းတဲ့အချိန်မှာလည်း သူတို့မောင်က မိန်းမလျာပုံစံဖြစ်နေတယ်ဆိုတာကို သိခဲ့ရပါတယ်။

ဘုန်းတန်ခိုးက တကယ်ပဲမိန်းမစိတ်ပေါက်သွားတာလား၊ဘာကြောင့် အဲဒီလိုဖြစ်နေရတာလဲ၊ ခိုင်နဲ့ကော သူ့အစ်မတွေကဘယ်တော့ သဘောတူမှာလဲ၊ဘယ်လိုဇာတ်လမ်းတွေ ဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ဇွန်လ ၁၅ရက်ကစတင်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မယ့် စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားမှာဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ဘုန်းတန်ခိုးအဖြစ် ပြေတီဦး၊ ထိပ်တင်မိုးအဖြစ် မို့မို့မြင့်အောင်၊ ထိပ်တင်စိုးအဖြစ် စိုးမြတ်သူဇာ၊ ခိုင်အဖြစ် ခိုင်သင်းကြည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး နတ်ရဲ (ရူပဗေဒ)ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကိုဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူးပုံဖော်ထားပါတယ်။

Top News