ကလေးကင်ဆာဖြစ်ပွားသူ သုံးပုံတစ်ပုံသာ ဆေးကုသမှုခံယူ

ကလေးကင်ဆာလူနာသစ်များ ရန်ကုန်ကလေးဆေးရုံကြီးသို့ လာရောက်ပြသသူ ယခင်နှစ်ထက် ပိုမိုများပြားလာသည်။ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ))

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကလေးကင်ဆာလူနာသစ်များအနက် သုံးပုံတစ်ပုံသာ ဆေးကုသမှုခံယူသည်ကို တွေ့ရကြောင်း ရန်ကုန်ကလေးဆေးရုံကြီး ကလေးကင်ဆာဌာနမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာအေးအေးခိုင်က ပြောသည်။

ကလေးကင်ဆာလူနာ အသစ်ဦးရေသည် တစ်နှစ်လျှင် ပျမ်းမျှ၁,၅၀၀ ဦးခန့်ဖြစ်ပွားနေ သော်လည်း ရန်ကုန်နှင့် မန္တလေး ကလေးဆေးရုံများတွင် ငါးရာခန့် (သုံးပုံတစ်ပုံ)သာ ဆေးကုသခံယူ နေကြောင်း ဆေးရုံမှတ်တမ်းများ ၌ ဖော်ပြထားသည်။

‘‘ကလေးကင်ဆာဆိုတာရှိပါ တယ်။ စောစောစီးစီး လက္ခဏာ သိရင် သက်ဆိုင်ရာမှာ လာစစ် ဆေးကုသဖို့လိုတယ်။ ရက်ချိန်း မပျက်ဖို့လည်းလိုပါတယ်။ အကြမ်းဖျင်းအားဖြင့် ၁၀ ယောက် မှာ ခြောက်ယောက်က ပျောက် ကင်းနိုင်တဲ့ အနေအထားဖြစ်ပါ တယ်။ အစိုးရကလည်း အများ ကြီး ထောက်ပံ့ပေးထားတော့ ဆေးရုံလာရင် ကင်ဆာဆေးမရှိ လို့ မကုလိုက်ရတဲ့ လူနာတစ် ယောက်မှမရှိပါဘူး’’ဟု အထူးကု ဆရာဝန်ကြီး (သွေးရောဂါ) ဒေါက်တာအေးအေးခိုင်က ပြော သည်။

ရန်ကုန်ကလေးဆေးရုံကြီး (ဟယ်လ်ပင်)တွင် ကင်ဆာဌာန ကို ၂၀၀၃ ကတည်းက စတင်ဖွင့် လှစ်ခဲ့ပြီး ၂၀၁၇ က ကလေး ကင်ဆာ လူနာသစ် ၃၅၀ ဦးရှိခဲ့ပြီး လက်ရှိ၌ ကင်ဆာလူနာဟောင်း နှင့် အသစ် စုစုပေါင်း ၁,၀၀၀ ကျော် ဆေးကုသမှုခံယူနေသည်။

ထို့အပြင် ကင်ဆာလူနာ သစ် နှစ်စဉ်များပြားနေပြီး ယခုနှစ် ငါးလအတွင်း ရန်ကုန်ကလေး ဆေးရုံကြီးသို့ ကလေးကင်ဆာ လူနာသစ်ဖြစ်ပွား​၍ လာရောက် ပြသသူ ယခင်နှစ်ထက် ပိုမိုများ ပြားကြောင်း ဒေါက်တာအေးအေး ခိုင်က ပြောသည်။

‘‘ပိုပြီးသိရှိလာလို့ များလာ တာလို့ထင်ပါတယ်။ ဒီနှစ်မှာ ပြီးခဲ့ တဲ့နှစ်ထက် ပိုများနေမယ်လို့ ယူဆရပါတယ်။ ငါးလပတ်ချုပ် လိုက်တဲ့အခါမှာ ပြီးခဲ့တဲ့နှစ်ရဲ့ တစ်ဝက်ကျော်ထက်တောင်များ နေတယ်’’ဟု ၎င်းကပြောသည်။

လက်ရှိတွင် ကလေးကင်ဆာ ရောဂါ အမျိုးအစား ၁၅ မျိုးခန့်ရှိပြီး အဖြစ်အများဆုံးသည်သွေးနှင့် ဆိုင်သော ကင်ဆာရောဂါများ၊ မျက်လုံးကင်ဆာကဲ့သို့ အလုံး အကျိတ်၊ အဖုကင်ဆာရောဂါများ ကျောက်ကပ်ကင်ဆာ၊ အသည်း ကင်ဆာ၊ အခြားအရိုး၊ ကြွက်သား အရွတ်များမှ ဖြစ်ပွားသော ကင် ဆာများဖြစ်သည်။ ၎င်းတို့ကို ကင်ဆာကုသဆေးသွင်းပြီး အချိန်မီခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင် ခြည်ပေးခြင်း စသည့်နည်းလမ်း များဖြင့် ကုသနေသည်။

Top News