သွေးလွန်တုပ်ကွေးကြောင့် လူကြီးပိုင်းအရွယ်များပါ သေဆုံးမှုရှိလာ

လူကြီးပိုင်းအရွယ်များတွင်  သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုရှိလာသဖြင့် သတိပြုရန်  လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆင်ခြေ ထောက်နှင့် သွေးလွန်တုပ်ကွေးစီမံချက်မန်နေဂျာ  ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းက ပြောသည်။

ယခင်က အသက် (၁၅)နှစ် အောက်ကလေးများတွင်သာသွေး လွန်တုပ်ကွေးရောဂါဖြစ်ပွားသေ ဆုံးသည်ကို တွေ့ရှိရသော်လည်း ၂၀၁၇ က သွေးလွန်တုပ်ကွေး ကြောင့် သေဆုံးသူ  ၁၉၂ ဦး အနက် ၂၇ ဦးသည် (၁၅) နှစ်နှင့် အထက်အရွယ်များဖြစ်နေသည်။

‘‘အခုက ဖျားပြီဆိုရင်လူကြီး ဖျားဖျား၊ လူငယ်ဖျားဖျား၊ ကလေး ဖျားဖျားသွေးလွန်တုပ်ကွေးလို့ယူ ဆသင့်တယ်။ ဘာကြောင့်လဲ ဆိုတော့ သွေးလွန်တုပ်ကွေးမှာက သူ့ရဲ့ရောဂါလက္ခဏာတွေက လူ ကြီးကျတော့ ကလေးနဲ့သိပ်မတူ တာတွေရှိတယ်။ လူကြီးတွေမှာ တခြားရောဂါအခံရှိရင်သွေးလွန် တုပ်ကွေးဖြစ်လို့ရှိရင်ပိုပြီးတော့မှ  ပြင်းထန်ပြီးတော့ အသက်ဆုံးရှုံး တဲ့အခြေအနေအထိ ဖြစ်နိုင်ပါ တယ်။ ဒါကြောင့် ဘာကြောင့် ဖျားဖျားသွေးလွန်တုပ်ကွေးကြောင့်ဖျားနိုင်ခြေရှိတယ်လို့ လူကြီး၊ လူငယ်၊ ကလေးအားလုံးက အဲဒီလိုယူဆဖို့လိုပါတယ်’’ ဟု ဒေါက်တာဇော်လင်းက ပြောသည်။

သေဆုံးမှုကိုကြည့်လျှင် အ သက် ၂၀၊ ၃၀၊ ၄၀၊ ၅၀ အရွယ် များပါဝင်နေပြီး အမျိုးသားများ ထက် အမျိုးသမီးများက နှစ်ဆပို မိုသေဆုံးနေသည်။

ထိုကဲ့သို့လူကြီးများတွင်ပါ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သေဆုံးမှုရှိလာရခြင်းသည် ရာသီအားဖြင့်တစ်နှစ်ပတ်လုံးကူးစက်မှုရှိလာခြင်း၊ ရောဂါပိုမိုပြင်းထန်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း ဆရာဝန်ကြီများက သုံးသပ်ထားသည်။

‘‘ဒါကြောင့် ကလေးငယ်တွေ ရဲ့ အန္တရာယ်တင်သာမကဘဲ  ကိုယ်တိုင်လည်း အန္တရာယ်ဖြစ် လာတာဖြစ်တဲ့အတွက် မိမိတို့ရဲ့ ကျန်းမာရေး၊ ရင်သွေးတွေရဲ့ ကျန်းမာရေးကို တညီတညွတ် တည်း ဆောင်ရွက်ကြရမယ့် အနေအထားဖြစ်ပါတယ်။ ဒါဟာ အထူးတလည်ဂရုစိုက်သင့်တဲ့အ ချက်ပါ’’ ဟု ဒေါက်တာဇော်လင်း ကတိုက်တွန်းသည်။

သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်ပွားစေရန် အိမ်တိုင်းတွင် ခြင်ကျား၊ လောက်လမ်းမရှိစေ ရေး ‘ဖုံး၊ သွန်၊ လဲ၊ စစ်’ ဆောင် ရွက်ရန်လိုအပ်သည်။ ယင်းရော ဂါကြောင့် သေဆုံးမှုမရှိစေရန် ဖျားရာမှရုတ်တရက်အဖျားကျ ကာခြေ ဖျား၊လက်ဖျားအေးစက် ခြင်း၊ မှိန်းခြင်း (သို့မဟုတ်) ဂနာမ ငြိမ်ဖြစ်ခြင်း၊ အစာမစား၊ ရေမ သောက်ခြင်းနှင့် နှာခေါင်းသွေး ယိုခြင်း၊ ၀မ်းမည်းသွားခြင်း၊ ဗိုက် နာခြင်း (အသည်းကြီးခြင်း)၊ မ ကြာခဏအန်ခြင်း၊ ဆက်တိုက် အန်ခြင်း၊ အန်ရာတွင် ကော်ဖီစေ့ ရောင်အညိုအမည်း အဖတ်များ ပါခြင်းစသော သွေးလန့်လက္ခဏာ တစ်ခုခုဖြစ်ပေါ်ပါက ဆေးရုံသို့ အမြန်ဆုံးတင်ပို့ရမည်ဖြစ်ကြောင်း ၀န်ကြီးဌာနက နှိုးဆော်သည်။

မြန်မာနိုင်ငံတွင် သွေးလွန် တုပ်ကွေးရောဂါသည် ၁၉၆၄ က စတင်ဝင်ရောက်လာပြီး ၁၉၇၀  တွင် ရန်ကုန်တိုင်း၌ ကပ်အသွင် ဖြစ်ပွားခဲ့သည်။ ၂၀၁၅ တွင် ယင်း ရောဂါကြောင့် ဆေးရုံတက် ရသူ လေးသောင်းကျော်ရှိပြီး ၂၀၁၇ တွင် သုံးသောင်းကျော်ဆေးရုံတက်ခဲ့ရကာ ၁၉၂ ဦးသေဆုံးခဲ့သည်။

Top News