မြောက်ကိုရီးယား သဘောတူညီချက်ကို မဲခွဲရန် ကန်အထက်လွှတ်တော်အမတ်များ တောင်းဆို

လက်မှတ်ရေးထိုးနေသည့် အမေရိကန်သမ္မတ ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် (Jonathan Ernst / REUTERS)

အမေရိကန်နှင့် မြောက်ကိုရီးယားအကြား ချုပ်ဆိုမည့် မည်သည့်နောက်ဆုံး သဘောတူညီချက်ကိုမဆို မဲခွဲဆုံးဖြတ်ရန် အထက်လွှတ်တော် သို့ တင်သွင်းရေး အထက်လွှတ်တော် ရီပက်ဘလေကန်အမတ် များက တောင်းဆိုသည်။

အများအားဖြင့် နျူကလီး ယား ဖျက်သိမ်းရေးကို အဓိက ထားပြီး ယခုနှစ်စောစောပိုင်းတွင် ဒေါ်နယ်ထရန့် အလေးအနက် ထား ပြောကြားခဲ့သော လူ့အခွင့် အရေးကိစ္စ မပါဝင်ခဲ့သော သ ဘောတူညီချက်တစ်ရပ်ကို ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ လက်မှတ်ရေးထိုးပြီးနောက် အထက်လွှတ်တော်အမတ်များ၏ တောင်းဆိုချက် ထွက်ပေါ်လာခြင်းဖြစ် သည်။


‘‘အကယ်၍များ သမ္မတက မြောက်ကိုရီးယားနဲ့ အထင်ကရ သဘောတူညီချက်တစ်ရပ် ရရှိခဲ့ မယ်ဆိုရင် စာချုပ်ပုံစံဖြစ်လိမ့် မယ်လို့ မျှော်လင့်ပါတယ်။ အစိုးရက ဘယ်လမ်းကြောင်းကို လိုက် မယ်ဆိုတာကတော့ သူတို့အပေါ် ပဲ မူတည်ပါတယ်။ ဒါပေမဲ့ ဒါဟာ ပုံစံတစ်မျိုးမျိုးနဲ့ အထက်လွှတ် တော်ကို ရောက်ရှိလာမယ်လို့ ကျွန်တော် အလေးအနက် ယုံကြည်ပါတယ်’’ဟု အထက်လွှတ်တော် ရီပက်ဘလေကန်ခေါင်း ဆောင် မစ်ခ်ျမက်ကော်နယ်က ပြောကြားသည်။

သဘောတူညီချက်ကို စာ ချုပ်တစ်ရပ်ဖြစ်စေရေး အထက် လွှတ်တော်မှ ပါတီနှစ်ရပ်စလုံး၏ ထောက်ခံမှုလိုအပ်ကာ အမတ် သုံးပုံနှစ်ပုံက ထောက်ခံရမည်ဖြစ် သည်။

အထက်လွှတ်တော် နိုင်ငံ ခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ လွှတ်တော်အမတ် ဘော့ကော့ ကာကလည်း မြောက်ကိုရီးယား နှင့် နောက်ဆုံးသဘောတူညီမှု တစ်ရပ်ကို စာချုပ်ပုံစံဖြင့် အထက် လွှတ်တော်သို့ တင်ပြမည်ဟု ဒေါ်နယ်ထရန့် အစိုးရက အရိပ် အမြွက် ပြောကြားထားသည်ဟု ဆိုသည်။

—Ref: UPI

Top News