ကမ္ဘာပတ်ပြီး မင်္ဂလာဆောင်ဓာတ်ပုံရိုက်တဲ့ ဇနီးမောင်နှံ

ဘရာဇီးနိုင်ငံ၏ စီးပွားရေးအချက်အချာမြို့ ဆော် ပေါ်လို၏ အထင်ကရ ပေါ်လီ စတာလမ်းပေါ်တွင် မင်္ဂလာ ဆောင်ဝတ်စုံများဖြင့် စုံတွဲတစ်တွဲက ဓာတ်ပုံရိုက်နေစဉ် အနီးအနားမှ ဖြတ်သွားသူများက ကားဟွန်းများတီး၍ ဩဘာပေးခဲ့ သည်။

အဒီမာအဗီလီနို(၅၂)နှစ်နှင့် ဂလော်စီယာဆူဒန် (၄၅)နှစ်တို့ ဇနီးမောင်နှံက ယင်းကဲ့သို့ လူအ များအာရုံစိုက်မှုကို ရယ်မော၍လက်ဝှေ့ယမ်းပြကာ ခံယူခဲ့သည်။


 ဘရာဇီးနိုင်ငံမှ ယင်းဇနီး မောင်နှံသည် မကြာသေးမီက ထပ်ပြီးမင်္ဂလာဆောင်ခဲ့သလို ဟန်ဆောင်ကာ ကမ္ဘာပတ်၍ ခရီးသွား ရသော ဝါသနာတစ်ခုရှိသည်။

ဥရောပမှနေ၍ အရှေ့အ လယ်ပိုင်းမှ ဩစတြေးလျအထိ မင်္ဂလာဆောင် ဝတ်စုံပြည့်ဖြင့် ဓာတ်ပုံများရိုက်ပြီးနောက် ၎င်းတို့ သည် မွေးရပ်သို့ ပြန်လာကာ ဇွန်လ ၁၂ ရက်တွင် ကျရောက်သော ဘရာဇီး ချစ်သူများနေ့မတိုင်မီ မွေးရပ်မြို့၌ ဓာတ်ပုံရိုက်ခဲ့ပြန် သည်။

၎င်းတို့သည် ၂၀၁၄ က ဆော်ပေါ်လိုမြို့တွင် အမှန်တကယ် မင်္ဂလာဆောင်ချိန်၌ ဓာတ်ပုံတစ် ပုံမျှ မရိုက်ခဲ့ရသဖြင့် ယခုကဲ့သို့ ကမ္ဘာပတ်ပြီး ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်ကာ ၎င်းတို့ ဓာတ်ပုံမရိုက်ရ သော အချိန်များအတွက် ယခု အတိုးချ ရိုက်ကူးနေခြင်းဖြစ် သည်။

‘‘အခုတော့ ဝါသနာတစ်ခု ဖြစ်လာပြီး ကျွန်မတို့ ဘယ်သွား သွား ဓာတ်ပုံရိုက်ဖို့ တစ်ရက်ချန် ထားတယ်’’ဟု ဆူဒန်က ပြော သည်။               

—Ref: AFP

More in World News Section