ပုသိမ်-မုံရွာလမ်းတွင် ကတ္တရာလမ်းကျွံကျ

ပုသိမ် - မုံရွာ လမ်းပိုင်းတွင် ကတ္တရာလမ်း ကျွံကျနေစဉ်

မကွေးတိုင်းစလင်းမြို့ နယ်ရှိ တောင်စင်ရွာနှင့် ကံပြားရွာကြားရှိ ပုသိမ်-မုံရွာလမ်းတွင် ဇွန်လ ၁၂ ရက်က ကတ္တရာလမ်းကျွံ ကျသဖြင့် လမ်းပန်းဆက်သွယ် ရေး အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

ကံပြားကန် ရေကျော်ကာ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် (၃၁၁)ပျက်စီး၍ လက်ရှိအထိ သွားလာမှုများ ရပ်ဆိုင်းထား ကြောင်း၊ ယင်းလမ်းပိုင်းသည် ရေစိမ့်ပေါက်များရှိရာ မကြာခဏ လမ်းပျက်ခြင်းများရှိကြောင်း ဒေ သခံများက ဆိုသည်။

‘‘လမ်းက ပေ ၈၀ လောက် ပျက်သွားတာ။ လမ်းလွှဲလုပ်ဖို့က လည်း ဘေးမှာက ရေပြင်တွေပဲ ဖြစ်နေတယ်။ လက်ရှိတော့ ဘေလီတံတားထိုးဖို့ လုပ်နေတယ်’’ ဟု စလင်းမြို့မှ အငယ်တန်း အင်ဂျင်နီယာ ဦးအောင်ကျော်ဦးက ပြောသည်။

အဆိုပါလမ်းတွင် ယခင်နှစ် ရေကြီးမှုဖြစ်စဉ် လမ်းပျက်ခြင်း မရှိသော်လည်း ယခုနှစ်တွင် မိုး များခြင်းကြောင့် လမ်းပျက်ခြင်း ဖြစ်ကြောင်း၊ ယခုနှစ်မိုးရွာသွန်းမှု ကြောင့် မကွေးတိုင်းရှိ လမ်း၊ တံတား၊ ရထားလမ်းအချို့ ပျက်စီးခြင်း၊ ကျိုးကျခြင်းများ ဖြစ်ပေါ်ကြောင်း စလင်းဒေသခံများကဆိုသည်။‘‘ဒီတစ်မိုးက မကွေးတိုင်းကို အတော်ဒုက္ခပေးတယ်။ လမ်းက ရေစိမ့်ပေါက်တွေရှိတော့ လမ်း ကျွံတာတွေရှိတယ်’’ဟု စလင်းမြို့ နယ်မဲဆန္ဒနယ်အမှတ်(၂)တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးသက်ခိုင်က ပြောသည်။

Top News