မန္တလေးတိုင်းအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၇၅ ဦးရှိပြီး မန္တလေးခရိုင်တွင် အများဆုံးဖြစ်

 မန္တလေးတိုင်းဒေသကြီး တွင် ယခုနှစ်အတွင်း သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၇၅ ဦးရှိပြီး မန္တလေးခရိုင်တွင် အများ ဆုံးဖြစ်ပွားနေကြောင်း တိုင်းဒေသ ကြီးရောဂါပိုးမျိုးသယ်ဆောင်ကာ ပိုးမွှားကောင်များမှတစ်ဆင့် ကူး စက်တတ်သော ရောဂါများကာ ကွယ်နှိမ်နင်းရေးအဖွဲ့ (ငှက်ဖျား) မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

၂၀၁၈ ဇန်နဝါရီမှ ဇွန်လ ၃ ရက်အထိ မန္တလေးတိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား ၍ သက်ဆိုင်ရာဆေးရုံများသို့ ရောက်ရှိလာသူ ၁၇၅ ဦးရှိပြီး မန္တလေးခရိုင်မှာ တိုင်းအတွင်း အများဆုံးအဖြစ် သွေးလွန်တုပ် ကွေးဖြစ်ပွားသူ ၉၀ ဦးရှိသည်ဟု ဆိုသည်။ ထို့အပြင် မြင်းခြံခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တို့တွင်လည်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ များ ပြားသည်ဟု ၎င်းက ဆိုသည်။

သို့သော် လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူမရှိကြောင်း တိုင်းဒေသကြီး ရောဂါပိုးမျိုး သယ်ဆောင်ကာ ပိုးမွှားကောင်များမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ငှက်ဖျား)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘မနှစ်က စာရင်းနဲ့ယှဉ်လိုက် ရင်တော့ ဖြစ်ပွားမှုနည်းပါတယ်။ သက်ဆိုင်ရာမြို့နယ်အလိုက် လို အပ်တဲ့ ကာကွယ်နှိမ်နင်းရေးတွေ လည်း လုပ်နေပါတယ်။ အပတ် စဉ်လုပ်တာလည်းရှိသလို ကျန်း မာရေးနဲ့ စည်ပင်နဲ့ပူးပေါင်းပြီး လုပ်ဆောင်နေတာတွေလည်း ရှိ ပါတယ်’’ဟု ၎င်းက ပြောသည်။

 ဧရာဝတီတိုင်း ဒေသကြီး တွင် ယခုနှစ် ဇန်နဝါရီမှ ဇွန်လ ၉ ရက်အထိ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၃၇၃ ဦးရှိပြီး သုံးဦးသေဆုံးကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။