မတ္တရာမြို့နယ်အုပ်ချုပ်ရေးမှူးကို ဖြုတ်ချ ပေးရန် ဆန္ဒပြသည့်တက်ကြွလှုပ်ရှားသူသုံးဦး ထောင်ဒဏ်တစ်လစီချမှတ်ခံရ

 မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူး ကို ဖြုတ်ချပေးရန်တောင်းဆို ဆန္ဒပြခဲ့သည့် တောင်သူလယ်သ မားအရေး တက်ကြွလှုပ်ရှားသူ သုံးဦး ထောင်ဒဏ်တစ်လချမှတ်ခံ ရသည်။

မတ္တရာမြို့ နယ်အုပ်ချုပ်ရေး မှူးကို ဖြုတ်ချပေးရန် ၂၀၁၇ ဇူလိုင်က လူဦးရေတစ်ရာကျော် ဆန္ဒထုတ်ဖော်ရာတွင် ရဲတပ်ဖွဲ့ ၏ခွင့်ပြုမိန့်မရရှိဘဲ မတ္တရာမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းကို စီ တန်းလှည့်လည်၍ဆိုကာအဆိုပါဆန္ဒပြပွဲတွင်ပါဝင်သည့် တောင်သူအရေး တက်ကြွလှုပ်ရှားသူသုံးဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၂၀ ဖြင့် မြို့နယ်ရဲမှူးက တရားလိုလုပ် တရားစွဲဆိုခဲ့သည်။

မတ္တရာမြို့နယ်အုပ်ချုပ်ရေး မှူးက တောင်သူလယ်သမားအ ရေးတက်ကြွလှုပ်ရှားသူဦးရဲရင့် အောင်ကို အမှုပွဲစားဟုပြောဆို သည့်အပေါ် ကျေနပ်မှုမရှိဘဲ နုတ်ထွက်ပေးရန် ဆန္ဒပြရာမှ တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း ကာယကံရှင်ဦးရဲရင့်အောင်က ပြောသည်။

  ယင်းအမှုကို မတ္တရာမြို့ နယ်တရားရုံးတွင် တစ်နှစ်ခန့်ကြာ စစ်ဆေးပြီး ဇွန်လ ၁၃ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း ထောင်ဒဏ် ချမှတ်ခံရသူများဘက်မှ လိုက်ပါဆောင် ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးဆန်းထွန်းအောင်က ပြောသည်။

တောင်သူလယ်သမားအ ရေး တက်ကြွလှုပ်ရှားသူများဖြစ် သော မတ္တရာဒေသခံ ဦးသန်း လွင်၊ ဦးရဲရင့်အောင်နှင့် ဦးမောင် စိုးတို့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ ၏ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ သည်ဟု ၎င်းကဆက်လက်ပြော သည်။