နှမ်းစိုက်ခင်းများ ပျက်စီး၍ မန္တလေးဈေးကွက်တွင် နှမ်းဈေးမြင့်တက်

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေမြုပ်နေသော နှမ်းစိုက်ခင်းများ (ဓာတ်ပုံ − ဇော်ဇော်)

 မိုးသည်းထန်စွာ ရွာ သွန်းပြီးနှမ်းစိုက်ခင်းများ ရေမြုပ် ပျက်စီးကာ ဈေးကွက်အတွင်းနှမ်း ဈေးနှုန်း မြင့်တက်လာကြောင်း မန္တလေးမြို့ ပွဲစား၊ ကုန်သည်စက် ပိုင်များ မဟာကထိန်တော်အ သင်း (မန္တလေးကုန်စည်ဒိုင်) အ တွင်းရေးမှူး ဦးကျော်သွင်ကပြော သည်။

ဇွန်လ ၉ ရက်ကစတင်ကာ နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာ သွန်းပြီး မကွေး၊ စစ်ကိုင်း၊မန္တလေး  နှင့် ပဲခူးတိုင်းဒေသကြီးရှိ နှမ်းစိုက် ခင်းအများအပြား ရေမြုပ်ပျက်စီး ခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။ ထို သို့နှမ်းစိုက်ခင်းများ ရေမြုပ်ပျက် စီးသောကြောင့် ဈေးကွက်အ တွင်း နှမ်း (သုံးတင်းဝင်တစ်အိတ် လျှင်) ကျပ်ငါးထောင်ခန့် ဈေးမြင့် တက်လာကြောင်း ၎င်းကပြော သည်။‘‘ရိတ်သိမ်းခါနီး အခြေအနေတွေမှာ နှမ်းတွေက ပျက်စီးကုန် တော့ ဈေးကွက်ကို တော်တော် ရိုက်ခတ်သွားတာ။ ကောက်ပဲသီး နှံထဲမှာ နှမ်းက ကိုင်တွယ်ရအရမ်း နုတာ။ အခုဆို ဈေးကွက်ထဲမှာ ပစ္စည်း (နှမ်း)က ပျောက်နေတာ။ လိုချင်တဲ့သူပဲ ရှိတယ်။ ပစ္စည်းက မရှိတော့ အတက်ဘက်ကိုပဲ မြင် နေတယ်။ ဒါပေမဲ့လည်း နိုင်ငံခြား ဈေးကွက်နဲ့ ကိုက်ညီမှပဲ ဝယ်ကြ လိမ့်မယ်’’ ဟု ဦးကျော်သွင်က ဆက်လက်ပြောသည်။

မန္တလေး ကုန်စည်ဒိုင် ထုတ် ပြန်မှုအရ ဇွန်လ ၁၃ ရက်တွင် နှမ်းဖြူ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၃၅,၀၀၀ မှ ကျပ် ၁၄၀,၀၀၀၊ နှမ်းညို တစ်အိတ် လျှင် ကျပ် ၁၁၃,၀၀၀ မှ ကျပ် ၁၁၅,၀၀၀၊ နှမ်းနက် (စမုန်) တစ် အိတ်လျှင် ကျပ် ၁၃၀,၀၀၀ မှ ကျပ် ၁၃၈,၀၀၀ ဈေးမြင့်တက် လာကြောင်း ဆိုသည်။

ပြည်တွင်းထွက် နှမ်းများကို တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံ သို့ အဓိကတင်ပို့ရောင်းချပြီး လက်ရှိတွင် ဈေးကွက်အတွင်း နှမ်းရောင်းချလိုသူ နည်းပါးနေ ကြောင်း ကုန်သည်များက ပြော သည်။

Top News