စည်းကမ်းချိုးဖောက်သော မြန်မာလုပ်သားများကို ဇူလိုင် ၁ ရက်ကစ၍ အရေးယူမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

မဟာချိုင်မြို့ရှိ CI စခန်းအမှတ်(၁) တွင် CI လက်မှတ်များ လာရောက်ပြုလုပ်နေသည့် မြန်မာလုပ်သားများ (ဓာတ်ပုံ − စိုးလင်းဦး)

ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာလုပ်သားများကို ဇူလိုင် ၁ ရက်ကစ၍ အလုပ်ပါမစ်မရှိခြင်းနှင့် ပိတ်ပင် တားမြစ်ထားသည့် အလုပ်များ လုပ်ကိုင်နေခြင်း စစ်ဆေးတွေ့ရှိ ပါက ဒဏ်ငွေပေးဆောင်ရမည့်အပြင် နိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံအလုပ်သမား ၀န်ကြီးဌာနက သတိပေးထုတ်ပြန်သည်။

 စစ်ဆေးတွေ့ရှိပါက အ လုပ်သမားများသည် ဒဏ်ငွေဘတ် ငါးထောင်(ကျပ်နှစ်သိန်းခန့်)မှ ငါးသောင်း(ကျပ်သိန်း ၂၀ ခန့်)အထိ ပေးဆောင်ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင်ခွင့် ၂ နှစ်တိတိ ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ထိုင်း နိုင်ငံအလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ထား သည်။


‘‘အခု သူတို့ရဲ့ဥပဒေမှာ အဲ ဒီလိုပါတာပေါ့။ ဥပဒေပါအတိုင်း ဆောင်ရွက်တော့မယ်လို့ ပြော တာပေါ့။ ဇွန်လ ၁ ရက်နောက်ပိုင်း ဆိုရင် သူ့နိုင်ငံရဲ့ဥပဒေကိုပဲ အ သက်သွင်းတော့မှာ။ ဥပဒေအ တိုင်းပဲ ဆက်လုပ်တော့မှာပေါ့။ ဖြေလျှော့တဲ့ကာလတွေ အားလုံး ပြီးပြီလို့ ပြောတာပေါ့’’ဟု ထိုင်း နိုင်ငံဆိုင်ရာမြန်မာသံရုံးမှ အလုပ် သမားသံအရာရှိ ဦးစန်းမောင်ဦး က ပြောသည်။

ထို့အပြင် ထိုင်းအလုပ်ရှင် များအနေဖြင့် ခွင့်ပြုချက်မရှိဘဲ အလုပ်သမားများ ခန့်ထားခြင်း၊ တားဆီးပိတ်ပင်ထားသည့် လုပ် ငန်းအမျိုးအစားများ စေခိုင်းခြင်း စစ်ဆေးတွေ့ရှိပါက အလုပ်သ မားတစ်ဦးအတွက် ဒဏ်ငွေဘတ် တစ်သောင်းမှ တစ်သိန်းအထိပေးဆောင်ရမည်ဟု ထုတ်ပြန် ထားသည်။

 ထိုင်းအလုပ်ရှင်များအနေ ဖြင့် ထိုကဲ့သို့အမှု ထပ်မံကျူး လွန်ပါက ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ ဘတ်ငါးသောင်း (ကျပ် သိန်း ၂၀ ခန့်)မှ ဘတ်နှစ်သိန်း (ကျပ်သိန်း ၈၀ ကျော်)ပေးဆောင် ရမည်ဖြစ်သလို အလုပ်သမားငှား ရမ်းခွင့် သုံးနှစ်အထိ ပိတ်ပင်ခံရ မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အ လုပ်သမားဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

မြန်မာလုပ်သားများ ထိုင်း နိုင်ငံသို့ သွားရောက်အလုပ်လုပ် ကိုင်လိုပါက နှစ်နိုင်ငံအစိုးရလက် မှတ်ရေးထိုးထားသော နားလည် မှုစာချွန်လွှာ (MoU)စနစ်ဖြင့်သာ လာခွင့်ပြုမည်ဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ပါရှိသည်။

ထိုင်းရောက် မြန်မာလုပ် သားများကို လုပ်ကိုင်ရန် ပိတ် ပင်ထားသည့် အလုပ် ၃၉ မျိုးရှိပြီး ဖြေလျှော့ပေးရန် အလုပ်အမျိုး အစား ၁၂ မျိုး တင်ပြညှိနှိုင်းထား ကြောင်း ဦးစန်းမောင်ဦးကပြောသည်။

‘‘အတတ်ပညာနဲ့ လုပ်ရမယ့် အလုပ်ဆို ထိုင်းအစိုးရက ဘာမှ ခွင့်ပြုမပေးထားဘူး။ ကိုယ်ပိုင် ဈေးမရောင်းရဘူး။ ဒါပေမဲ့ ဈေး ဆိုင်မှာ အလုပ်သမားအနေနဲ့ လုပ်လို့ရတယ်။ အတတ်ပညာနဲ့ လုပ်ရမယ့်အလုပ်တွေဆို ပိတ်ပင် ထားတာပေါ့’’ဟု ဦးစန်းမောင်ဦး က ပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပန်းရန်၊ ဈေးသည်နှင့် အလှပြင် ဆိုင်စသည့် အလုပ်လုပ်ကိုင်မှု များကို ထိုင်းအစိုးရက ပိတ်ပင် ထားကြောင်း ၎င်းကဆက်လက် ပြောသည်။

‘‘အခုက အလုပ်သမားတွေ ရော၊ အလုပ်ရှင်တွေရော ထိခိုက် မယ့်ပုံစံ ဖြစ်မှာပေါ့’’ဟု ထိုင်း ရောက် မြန်မာလုပ်သားများအ ရေး ကူညီပေးနေသူ ကိုစိုးလင်း အောင်က ပြောသည်။

ထို့အပြင် တရားမ၀င်အလုပ် လုပ်ကိုင်နေသော မြန်မာလုပ် သားများ အပါအ၀င် နိုင်ငံခြား သားလုပ်သားများကို လာမည့် ဇူ လိုင် ၁ ရက်ကစ၍ ရှာဖွေဖမ်းဆီး မည်ဟု ထိုင်းနိုင်ငံ အလုပ်သမား ၀န်ကြီးက ကြေညာထားသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက် ၍ ဥပဒေသစ်ပြဋ္ဌာန်းပြီးနောက် အထောက်အထားမရှိသော မြန် မာလုပ်သားများ အပါအ၀င် နိုင်ငံ ခြားသားလုပ်သားများကို နိုင်ငံ သားဖြစ်ကြောင်း သက်သေခံ လက်မှတ် CI များ ပြုလုပ်ပေးနေ ရာ ဇွန်လ ၃၀ ရက် နောက်ဆုံးပြု လုပ်ရန် ထိုင်းအစိုးရက သတိပေး ထားသည်။

ထို့အပြင် ထိုင်းရောက် မြန် မာလုပ်သားများအား CI၊ ဗီဇာနှင့် အလုပ်ပါမစ်များကို ဇွန်လ ၃၀ ရက် အပြီးဆောင်ရွက်ရန် ထိုင်း အစိုးရက နောက်ဆုံးအကြိမ်အ ဖြစ် ဖြေလျှော့ပေးထားသဖြင့် သတ်မှတ်ရက်အတွင်း အပြီး ဆောင်ရွက်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇွန်လ ၉ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။

အကြောင်းအမျိုးမျိုးကြောင့် အထောက်အထား လက်ဝယ်မရှိ သူများ၊ အထောက်အထားပြုလုပ်ထားသော်လည်း သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရ Semi Process ဖြင့် ရပ်တန့်နေရသူများ၊ အထောက်အထားမရှိဘဲ နယ်စပ် ကို ဖြတ်ကျော်ဝင်ရောက်လာသူ အားလုံးသည် လက်ရှိအခြေအနေ တွင် မိမိတို့နိုင်ငံသို့ အေးချမ်းစွာ ပြန်၍ နှစ်နိုင်ငံသဘောတူစာချုပ် (MoU)ဖြင့်သာ ပြန်လည်ဝင် ရောက်လုပ်ကိုင်ရန် မြန်မာသံရုံး က သတိပေးထားသည်။

ထိုင်းရောက် မြန်မာလုပ် သားများကို ၂၀၁၇ မတ်လကစ တင်၍ CI စာအုပ်များ ပြုလုပ်ပေး နေရာ လက်ရှိအထိ လုပ်သား ၁ ဒသမ ၁ သန်းကို CI စာအုပ်များ ထုတ်ပေးထားသည်။

Top News