မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေး ငါးလကျော်အတွင်း ဖြစ်ပွားသူ ၂၀၀ ကျော်ရှိပြီး တစ်ဦးသေဆုံး

 မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား မှု တဖြည်းဖြည်းများပြားလာပြီး ငါးလကျော်အတွင်း ၂၆၇ ဦးရှိကာ တစ်ဦးသေဆုံးကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန  သ တင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အဆိုပါစာရင်းသည် ၂၀၁၈ ဇန်န၀ါရီမှ ဇွန်လ ၂ ရက်အထိ ဖြစ်ကြောင်း နေပြည်တော်ဗဟိုငှက် ဖျားတိုက်ဖျက်ရေးဌာန၊ သွေးလွန် တုပ်ကွေးနှင့် ဆင်ခြေထောက် ဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်လင်းက ဆိုသည်။

‘‘ဒီလိုအခြေအနေဟာ သွေး လွန်တုပ်ကွေးရောဂါနှိမ်နင်းရေး အတွက် အားသွန်ခွန်စိုက်လုပ်ရ မယ့်အချိန်ဖြစ်နေပြီပေါ့နော်။ ဒီ အတွက် တာဝန်အရှိဆုံးက မွန် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ အသီးသီး၊ လူမှုရေးအဖွဲ့အစည်း အသီးသီး၊ ကျန်းမာရေးဌာနပါ အကုန်လုံး တညီတညွတ်တည်း ဆောင်ရွက်ကြဖို့၊ တိုက်တွန်းဖို့ အချိန်ပေါ့’’ဟု ဒေါက်တာ ဇော် လင်းက ပြောသည်။

ယခုနှစ်တွင် မော်လမြိုင်မြို့ နယ်သည် ရောဂါအများဆုံးဖြစ်ပွားပြီး ဒုတိယသည် ရေးမြို့နယ်ဖြစ်ကာ မော်လမြိုင်ခရိုင်ဖြစ်သော မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များ၏ ရောဂါဖြစ်ပွားမှုသည် အထူးဂရုစိုက်ရမည့်အနေအထားရှိကြောင်း ဒေါက်တာ ဇော်လင်းက ဆိုသည်။

အဆိုပါရောဂါသည် ယခင် က ကလေးများတွင်သာ ဖြစ်ပွား တတ်သော်လည်း ယခုနောက်ပိုင်းလူကြီးများပါဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။

မိုးတွင်းကာလ ဖြစ်ပွားတတ်သည့် ယင်းရောဂါကို ကာကွယ်တားဆီးရန် ပြည်နယ်ကျန်းမာရေးဌာနသည် ကျန်းမာရေးပညာပေးလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဌာနနှင့် ပူးပေါင်းပြီး အပတ်စဉ်ခြင်နှိမ်နင်းရေးလုပ်ငန်းနှင့် ပိုးလောက်လမ်းသတ်ဆေးခတ်လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ဆိုသည်။

‘‘ဒီနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုက မော်လမြိုင်မြို့နယ် က အများဆုံးဖြစ်ပြီး သံဖြူဇရပ် မြို့နယ်မှာ တစ်ဦးသေဆုံးခဲ့ တယ်။ ဒါကြောင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များက သက်ဆိုင်ရာအုပ် ချုပ်ရေးအဖွဲ့အစည်းများရဲ့ လမ်း ညွှန်မှုကို ခံယူပြီး သွေးလွန်တုပ် ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်’’ဟု မွန်ပြည် နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ သည် ၂ နှစ်တစ်ကြိမ်၊ သုံးနှစ်တစ် ကြိမ် အဖြစ်များတတ်ပြီး မွန်ပြည် နယ်တွင် ၂၀၁၁၊ ၂၀၁၃ နှင့် ၂၀၁၅ တွင် ဖြစ်ပွားနှုန်း မြင့်တက်ခဲ့ပြီး သေဆုံးမှုများရှိခဲ့သည်။