ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ဒေသခံရှစ်ဦးတို့၏ စကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်မည်

ဓာတ်ပုံ − Myanmar State Counsellor Office

နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မွန်ပြည်နယ် ဒေသခံရှစ်ဦး ပါဝင်သည့် ငြိမ်းချမ်းရေးစကားဝိုင်းကို ဇွန်လ ၁၄ ရက် နံနက် ၁၀နာရီမှ ၁၅ မိနစ်က စတင်၍ တိုက်ရိုက်ထုတ်လွှင့်မည်ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်း ထုတ်ပြန်သည်။ 


မော်လမြိုင်မြို့၌ ပြုလုပ်မည့် အဆိုပါငြိမ်းချမ်းရေးစကားဝိုင်း တွင် ကျောင်းသား၊ ကျောင်းသူ၊ ကျောင်းဆရာ၊ သူနာပြု၊ NGO၊  စားသောက်ဆိုင်လုပ်ငန်းနှင့် အ ထည်ဆိုင်လုပ်ငန်း လုပ်ကိုင်သူ ဒေသခံအမျိုးသားလေးဦး၊ အမျိုး သမီးလေးဦး၊ စုစုပေါင်းရှစ်ဦး ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။ 

‘‘မွန်ပြည်နယ်မှာ နေတဲ့လူ တွေပေါ့။ မွန်ပြည်နယ်ထဲမှာ မွန် လည်းနေတယ်၊ ပအိုဝ်းလည်း နေ တယ်၊ ကရင်လည်း နေတယ်၊ ဗမာလည်း နေတယ်’’ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့်ဒေသခံများကို ရွေးချယ်ထားမှုနှင့် ပတ်သက်၍ ပြောသည်။ 

ငြိမ်းချမ်းရေးစကားဝိုင်းကို မူလစီစဉ်ထားသည့်အတိုင်း မော် လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ ဆောင်တွင် ပြုလုပ်မည်ဖြစ်ပြီး မော်လမြိုင်တက္ကသိုလ်၌ ပြင်ဆင်နေသည်ကို ဒေသခံအချို့က ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဓာတ်ပုံများဖြင့် ဖော်ပြခဲ့သည်။ 

ထို့ပြင် မော်လမြိုင်လေဆိပ် နှင့် မော်လမြိုင်တက္ကသိုလ်တွင် ဒေါ်အောင်ဆန်းစုကြည်အား လှိုက်လှဲစွာကြိုဆိုကြောင်း ရေးသားထားသည့် ဆိုင်းဘုတ်များ ချိတ်ဆွဲထားသည်။ 

အဆိုပါငြိမ်းချမ်းရေးစကား ဝိုင်းကို Myanmar President Office, Myanmar State Coun-sellor Office နှင့် InformationCommittee Facebook Page များ၊ မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ မြန်မာ့အသံရေဒီယို အစီအစဉ်နှင့် ပြည်တွင်းရုပ်သံ လိုင်းအချို့တွင် တိုက်ရိုက်ထုတ် လွှင့်မည်ဖြစ်သည်။ 

ယခုကျင်းပမည့် ငြိမ်းချမ်း ရေးစကားဝိုင်းသည် ခုနစ်ကြိမ် မြောက်ဖြစ်ပြီး ယခင်က နေပြည် တော်တွင် နှစ်ကြိမ်၊ ပင်လုံ၊ မြေ တိုင်ကန်(ဝမ်းတွင်းမြို့နယ်)၊ လွိုင် ကော်၊ မြောင်းမြတို့၌ ပြုလုပ်ခဲ့ သည်။ 

More in Politics Section

Top News